Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သဘောထား အမေးအဖြေ (၁)

$
0
0

မေး။ ။ စကားတစ်ခွန်းပြောပြီးတာနဲ့မင်းသေမယ်ဆိုရင် ဘာပြောမလဲ

ဖြေ။ ။ ငါ့စာအုပ်ထဲမှာအားလုံးရေးထားခဲ့ပြီးပြီ

မေး။ ။ ဘာဖြစ်လို့စာအုပ်ထဲမှာရေးထားတာလဲ

ဖြေ။ ။ ကျန်တဲ့လူတွေဖတ်စေချင်လို့ပေါ့

မေး။ ။ ဘာလို့ဖတ်စေချင်တာလဲ

ဖြေ။ ။ သူတို့ကိုစေတနာရှိလို့ပေါ့

မေး။ ။ စာအုပ်ထဲမှာဘာတွေပါလဲ

ဖြေ။ ။ ငါ့ရဲ့ သဘောထားတွေပါမယ်

မေး။ ။ ဘာဖြစ်လို့ သဘောထားတွေကို ရေးထားတာလဲ

ဖြေ။ ။ သဘောထားဆိုတာ လူတွေအတွက် အရေးအကြီးဆုံးပဲ

မေး။ ။ သဘောထားကိုဘာလို့ အရေးအကြီးဆုံးလို့ပြောတာလဲ

ဖြေ။ ။ အရာတိုင်းဟာသဘောထားဖြစ်လို့ပဲ

မေး။ ။ ဥပမာလေးပြောပေးပါလား

ဖြေ။ ။ မင်းအခု ဘယ်ဘာသာကို ကိုးကွယ်လဲ။ ဘာဖြစ်လို့တခြားဘာသာမကိုးကွယ်တာလဲ။

မေး။ ။ သဘောထားနဲ့ အမြင် ဘာကွာလဲ

ဖြေ။ ။ သဘောထားက ခံစားချက်ပါပြီး နက်ရှိုင်းတယ်။အမြင်ကတော့ ခံစားချက်မပါဘူး အပေါ်ယံအပြုသဘောပဲ။

မေး။ ။ ဘာသာရေးရှုထောင့်ကနေ လူတွေအတွက် တစ်ခုခုပြောပေးပါဆိုရင်ဘာပြောမလဲ

ဖြေ။ ။ ခင်ဗျားတို့တစ်ခုခုမှားနေပြီ။

မေး။ ။ သိပ်မရှင်းလို့…

ဖြေ။ ။ သဘောက အမှားရှိမယ်လို့ဆိုတာထက် စီစစ်ဖို့လိုတာကိုပြောချင်တာပါ။

မေး။ ။ လက်ရှိဘာသာတရားတွေအပေါ်ဘယ်လိုမြင်သလဲ ဖြေ။ ။ အားလုံးဟာ ဝေးစွာသော အတိတ်အကြောင်းအရာတွေဖြစ်တယ် တနည်းအားဖြင့် သမိုင်းတွေဖြစ်တယ်။ သမိုင်းတွေဖြစ်တဲ့အတွက် မတိကျမှုတွေ၊ လိုအပ်မှုတွေ၊ ကျန်ခဲ့တာတွေ၊ ချန်ခဲ့တာတွေ၊ ဖန်တီးမှုတွေ၊ ဖျက်ဆီးမှုတွေ၊ ဖြည့်စွက်မှုတွေ၊ ဘက်လိုက်မှုတွေ၊ မမျှတမှုတွေပါမယ်။ တဖက်မှာ တော့အထက်ပါအချက်တွေနဲ့ ဆန်ကျင်ဘက်ဖြစ်တဲ့ တိကျမှန်ကန်မှု၊ ပြည့်စုံမှု စတဲ့အရာတွေလည်း ပါနေမှာပါ။

မေး။ ။ စကားမစပ် လူတွေဘယ်ကစဖြစ်တာလဲဆိုတာသိလား

ဖြေ။ ။ မသိဘူး

မေး။ ။ ဖန်ဆင်းရှင်တစ်ယောက်ယောက်က ဖန်ဆင်းထားတာလို့မထင်ဘူးလား

ဖြေ။ ။ မသိဘူးလို့ပြောပြီးပါပြီ တကယ်လို့ဖန်ဆင်းရှင်ကဖန်ဆင်းတာဆိုရင် သူဟာငါတို့ရဲ့ကိုးကွယ်ရာမဖြစ်သင့်ဘူး။

မေး။ ။ တကယ်လို့ ခင်ဗျားအယူအဆမှားတယ်လို့ တစ်ယောက်ယောက်က ပြောလာရင် ဘယ်လုပ်မလဲ

ဖြေ။ ။ ငါကမှားတယ်ဆိုရင် သူကမှန်သူဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူနဲ့ဆွေးနွေးပြီး မှားနေရင် ပြင်ရမှာပေါ့။

မေး။ ။ ကိုယ့်အယူအဆကိုမှားတယ်လို့ပြောရင် လူတော်တော်များများလက်မခံတဲ့အပေါ်ဘယ်လိုမြင်လဲ

ဖြေ။ ။ သဘာဝပဲလို့မြင်တယ်။ မှန်ချင်တဲ့သူသာ အမှားကိုလက်ခံတာပါ။

မေး။ ။ အမှန်အမှားကိုဘယ်လိုတိုင်းတာမလဲ ဖြေ။ ။ လူသားနဲ့ပတ်ဝန်းကျင် အကျိုးဖြစ်မဖြစ်နဲ့ပဲတိုင်းရမယ်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...