Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

Gmail Address ကို မသိစေချင်ရင်....

$
0
0

Gmail Address ကို မသိစေချင်ရင်....
ကျွန်တော်တို့
နိုင်ငံမှာ ကျွန်တော် အပါအဝင် Internet သုံးသူ အများစုဟာ Cyber Cafe
တွေမှာ သုံးတာများပါတယ်။ မိတ်ဆွေတို့အနေနဲ့ Gtalk (သို့) Gmail တစ်ခုခုမှာ
Sign In ဝင်ဖို့ လုပ်တဲ့အခါ ကိုယ့်ရှေ့ကလူသုံးသွားတဲ့ Gmail Address တွေ
ပေါ်နေတာမျိုးတွေ တွေ့ဖူးကြမှာပါ။ တစ်ချို့ User တွေက သုံးပြီးရင် Sign Out
ကို သေသေချာချာလုပ်ပြီး User Name နေရာမှာ a,b,c,d..... စသဖြင့်
ရိုက်ထည့်ပြီး ထွက်တတ်ကြပါတယ်။ ဒါပေမယ့် ဒီနည်းကလည်း လုံခြုံမှုမရှိပါဘူး။
ကိုယ့်နောက်ကလူက ပြန်ရှာရင် ကိုယ့်ရဲ့ Gmail Address ကို ပြန်တွေ့ရပါတယ်။
အဲဒီလို ကိုယ့်ရဲ့ Gtalk (သို့) Gmail Address တွေကို တစ်ခြားလူတွေမသိအောင်၊ စက်ထဲမှာလည်း မကျန်ခဲ့အောင် ဖျက်ပစ်နိုင်တဲ့ နည်းလမ်းကလေးကို
ကျွန်တော်တင်ပြပေးလိုက်ရပါတယ်။ အဲဒီလို ဖျက်ပစ်နိုင်ဖို့အတွက် Registry
Editor ဆိုတဲ့ Utility ကို အသုံးပြုရပါမယ်။ အဲဒါကြောင့် ကိုယ်ဟာ Admin
account နဲ့ သုံးနေတဲ့ User တစ်ယောက် ဖြစ်နေဖို့တော့ လိုပါတယ်။
ဘယ်လိုသုံးရမယ် ဆိုတာကိုတော့ အောက်မှာ Step by Step ဖော်ပြပေးထားပါတယ်။
Step - 1 Start Menu ထဲက Run Command ကို Click လုပ်လိုက်ပါ။ ဒါမှမဟုတ် Windows Key + R ကို နှိပ်ပါ။

Step - 2 ပေါ်လာတဲ့ Run Box ထဲမှာ regedit ကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။

Step - 3 အဲဒီမှာပါတဲ့ Folder ၅ ခုထဲက ဒုတိယမြောက် Folder ဖြစ်တဲ့ HKEY_CURRENT_USER ဆိုတဲ့ Folder ဘေးနားက (+) Plus Sign လေးကို Click လုပ်လိုက်ပါ။ List ကျလာပါလိမ့်မယ်။

Setp - 4 အဲဒီ List ထဲမှာ Software ကို တွေ့အောင်ရှာပြီး သူ့ဘေးနားက (+) Plus Sign လေးကို Click လုပ်လိုက်ပါ။ သူ့အောက်မှာ List တစ်ခု ထပ်ကျလာပါလိမ့်မယ်။

Step - 5 အဲဒီ List ထဲမှာ Google ဆိုတာကို ရှာပါ။ ပြီးရင် သူ့ဘေးက (+) Plus Sign လေးကို Click လုပ်ပြီး သူ့အောက်က List ကို ဆက်ဖွင့်ပါ။

Step - 6 အဲဒီ List ထဲမှာ Google Talk ကိုရှာပြီး သူ့ဘေးနားက (+) Plus Sign လေးကို Click ထပ်လုပ်ပေးပါ။

Step - 7 ကျလာတဲ့ List ထဲက Account ဆိုတာကို Click လုပ်လိုက်တဲ့အခါမှာ Gmail Address တွေကို တွေ့ရပါလိမ့်မယ်။ မိတ်ဆွေတို့အနေနဲ့ Gtalk (သို့) Gmail ဝင်ခဲ့မယ်ဆိုရင် အဲဒီနေရာမှာ

မိတ်ဆွေတို့ရဲ့ Gmail Address တွေ ပေါ်နေပါလိမ့်မယ်။

Step - 8 မိမိဖျက်လိုတဲ့ Address ပေါ်မှာ Right Click နှိပ်ပြီး delete ကို Click လုပ်လိုက်ရုံပါပဲ။ အကယ်၍ Name/ Type/ Date တို့ အောက်မှာ ကျန်ခဲ့မယ်ဆိုရင်လည်း Name အောက်မှာရှိတဲ့ abRight Click ပေါ်မှာ နှိပ်ပြီး delete လုပ်ပေးလိုက်ရုံပါပဲ။

ဒါဆိုရင် ကိုယ့်ရဲ့ Gmail Address ဟာ စက်ထဲမှာ ဘယ်လိုနည်းနဲ့မှ ကျန်ခဲ့စရာ အကြောင်းမရှိတော့တဲ့အတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ကိုယ့်ရဲ့ Account

ထဲမှာလည်း မလိုအပ်ပဲ လူများလာတာမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>