ထိန်ပင်ရွာသူကြီး ဦးအောင်ထက် တစ်ယောက်
အိမ်ရှေခန်းမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်မှာအတော်ကြာနေပေပြီ။
မကြာခဏ ရပ်ပြီး သက်ပြင်းလည်းချနေတတ်သည်။လက်ထဲက ဆေးတံကိုမီးညှိပြီး
ပက်လက်ကုလားထိုင်မှာထိုင်ချလိုက်သည်။ အိမ်အတွင်း ကိုလှမ်းပြီး
`` သမီးလေး....မိရှင်း ရေ.....´´
``လာပပီ ဖေဖေ ´´
အငယ်ဆုံးသမီးလေးက ၀တ်မှုန်ရွှေရည်အသံလေးနှင့် လာပါပြီ ကို လာပပီလို့
ချွဲနွဲ့ နွဲ့ လေးပြောပြီးပြေးဝင်လာသည်။
``နင့်အမတွေ ဆီ ကဘာတွေထူးသေးတုန်းဟ ´´
``ထူးတယ်...အဘ ရဲ့ မမကြီး ရာရာ က ပြီးခဲ့တဲ့ လဆန်း သားလေးမွေးတယ်တဲ့
ထန်းတစ်ပင်ကလူတွေ လာတုန်းကပြောသွားတယ် အဘရဲ့ ´´
``ဟေ.....ဟုတ်လား ..ဒါဆို...ငါ မြေးရပြီပေါ့ ´´
``ဟုတ်ပ အဘ ရယ် ရသမှ မြေးသုံးယောက်တောင်တော့ ´´
`` ဟင်...ဘယ်လိုတုန်း လုံမ ရဲ့ ´´
`` သရက်ညီနောင်က အမလတ် မနံ့သာလေ ...မနေ့ကအမွှာပူးးမွေးတယ်တဲ့
ညနေကသရက်ညီနောင်က ကိုကျော်သူရယ် ဖဲရှုံးလို့မိန်းမအိမ်ပေါ်ကမောင်းချလိုက်လို့
ရွာပြန်လာတာ...ထရေဘိုးဝင်တောင်းရင်း ပြောသွားလေရဲ့ ´´
`` ဘာလေးတွေလည်းဟ......သမီးရဲ့ ´´
``ယောက်ကျားလေးတွေတဲ့တော့ သူ့အမေလိုဖြူဖြူတုတ်တုတ် လေးတွေ ´´
သူကြီး ဦးအောင်ထက်တစ်ယောက်တိတ်တစ်ဆိပ် တွေးနေမိသည်။ မြေးတွေရ လာ
တာကိုသွားလေသူ မယ်ပွင့် တစ်ယောက်သိရင် ဘယ်လိုများနေပါလိမ့်လို့ တွေးနေမိသည်။
`` သမီးရှင်းသန့် ရေ အဖေ့အိပ်ခန်းထဲက ...အုန်းထန်းညက်ဘူး ယူပေးစမ်း ပါ..ဒီမှာအကြမ်း
နွေးနွေးလေးနဲ့သောက်ရအောင်....´´
`` ဟတ်ကပ်...အပ ´´
သမီးငယ်ရှင်းသန့်က..ကိုယ်လုံးနဲ့လုံးဝမလိုက်သော ၀တ်မှုံရွှေရည် နှာစေးနေသောအသံ နှင့်
ဟုတ်ကဲ့အဘ...ကို နှာသံလေးနှင့် ဟတ်ကပ့်အပ ...လို့ပြောပြီးထသွားသည်။
`` ဟေ့...ဒကာ အောင်ထက်ရှိတယ် ဟုတ်လား ´´
အိမ်အောက်ကခေါ်သံကြားလို့ထကြည့်လိုက်တော့ ရွာဦးကျောင်းက..ဦးဇင်း
နောက်မှာလည်းခပ်ပိန်ပိန် လူုရွယ်တစ်ယောက်နှင့်။
`` ရှိပါတယ် ဘုရား...အိမ်ပေါ်ကြွခဲ့ပါ ဦးဇင်း ဘုရာ့ ´´
ပြောပြောဆိုဆို ဘူရားစင်အောက်တွင်သင်ဖြူးဖျာတစ်ချပ်ကိုခင်းလိုက်သည်။
တဆက်တည်း အလှူခံတတ်သော ဦးဇင်းမျက်စိကျမည့် အရာများရှိမရှိ လိုက်ကြည့်
လိုက်သည်။ခုံပေါ်က အိပ်ဆောင် ရေဒီယိုလေးကိုလည်းလှမ်းသိမ်းလိုက်သည်။
`` ဒကာကြီးလည်း ကျန်းမာတယ်နော်... ´´
`` တင်ပ..မာပါတယ် ဘုရား ဆရာတော်ဘုရားကြီးလည်း မျှတပါရဲ့လား ´´
`` မျှတပါ တယ်ဒကာ.... ခဏနော် ´´
ဦးဇင်းကပြော..ပြောဆိုဆို ဘုရားကိုဝတ်ပြုနေ၍သူကြီးနှင်ုလူရွယ်လည်း
အနောက်ကလိုက်ပြီးဦးချရလေတော့သည်။နောက်ဦးဇင်းကသ်င်္ကန်းကို ပြင်ပြီး
တင်ပလင်ခွေထိုင်လိုက်မှ ရေနွေးကြမ်းဘမ်းကိုရိုရိုသေသေကပ်လိုက်သည်။
ထိုအခိုက် အိမ်ခန်းအတွင်းမှ မရှင်းသန့်တစ်ယောက် အုန်းထန်းညက်ဘူးကြီးကို
ကိုင်ပြီးထွက်လာရာ သူကြီးဦးအောင်ထက်လည်း အလိုက်မသိသောသမီးအား
မျက်စိမှတ်ပြလျှက် မေးကိုအိမ်ခန်းတွင်းသို့ အကြိမ်ကြမိ်ဆတ် ပြီးညွှန်ပြနေမိသည်။
`` ဟယ်တော့...အဘ...အဘ..မျက်ကြောတွေလိုက်ပြီးလည်လိမ် နေပြီ......
လုပ်ကြပါဦး ....အဘ..အဘ ´´
`` ဟုတ်ပါဘူး..သမီးရာ အဘ ဇက်ညောင်းလို့ချိုးတာပါ ...ဟ ´´
`` အာ...ဒကာကြီးကတော့လုပ်ပြီ...အုန်းထညက်တွေ နဲ့ အင်းကောင်းတယ်ကောင်းတယ်´´
`` ဟဲ့သမီး နင်ကလည်း.....ပုလင်းကြီးနဲ့..ပုဂံလေးဘာလေ.ထည့်လာလေဟယ်...´´
သူကြီးလည်း..အရှက်ပြေ...အလိုက်မသိသောသမီးအားဆူငေါက်လေးငေါက်လိုက်သည်။
ရပါတယ်ဒကာကြီးရယ်...ပုလင်းလိုက်သာကပ်လိုက်...ကျောင်းရောက်မှဆရာတော်ကို
လည်းကပ်ရင်း...ဘုန်းရတာပ...သာဓု...သာ...ဓု သာ.....ဓု ´´
ဦးအောင်ထက်လည်း မထူးးတော့ပြီမို့..ထန်ညက်ပုလင်းအား
ဦးဇင်းအားလက်နှစ်ဘက်နှင့်ကပ်လိုက်လေသည်။
``ပြောရရင်တော့မင်္ဂလာသတင်းဘဲ....ဒကာအောင်ထက်ရေ...
ဦးဇင်းမနေ့က လေးအိမ်စု ကိုရောက်ခဲ့တယ် ဆရာတော်ခိုင်းတဲ့ အလုပ်ပေါ့
အဲဒီမှာ ထူးခြားတဲ့သတင်းကြားတာပ....´´
`` ဘာသတင်းများတုန်းဘုရာ့ ´´
`` ဘာရမတုန်း ဒကာကြီးသမီးငယ် မိဇင်..ရယ်ပေါ့ ´´
`` ဟင်...မိသဇင် ဘာများ ဖြစ်လို့တုန်းဦးဇင်း ....´´
``ဘာဖြစ်ရမလည်း...ဒကာကြီးသမီး မိဇင်ရယ် ..မြို့တက်ကလေးမွေးတာ
တခါတည်းမွေးတာ...လေးယောက်တောင်တဲ့ ယောက်ကျားလေးတွေချည်း
ဒကာကြီးတော့တကြိမ်တည်း သာသနအာဇာနည် လေးပါးရပြီပေါ့ ´´
`` ဟိုက်......ဟုတ်ရဲ့လားဦးဇင်း ´´
ဦးအောင်ထက်တစ်ယောက်ကြားလိုက် ရတဲ့သတင်းကြောင့်ဒူးတွေတုန်လာသည်။
`` ဟုတ်ပါသကော...ဒကာကြီးရယ်..သူ့ယောက်ကျား မောင်ဗေလုဝ က ပျော်လို့
ဆိုပြီးကလိုက်တာ ကွေးနေတာ.ဆိုဘဲ မင်္ဂလာသတင်းက အဲဒီမှာတင်မရပ်သေးဘူး´´
``အန်... ဘယ်သူထပ်မွေးပြန်တာလည်းဦးဇင်း..´´
``ဟုတ်ပါဘူး..တမြန်နှစ်က ကျောင်းကထန်းပင်တွေလာလာတက်တဲ့
မောင်အောင် ကိုမှတ်မိလား ...ဟိုလေ..သူ့ကိုယ်သူတုတ်ပြီးဒါးပြီး
တုတ်ကြီး ဆိုပြီးသိုင်းကွက်တွေ ပြပြနေတဲ့ မုတ်ဆိပ် နဲ့ဒကာလေ ´´
``မှတ်မိပါပြီဘုရာ့ ကျောင်းသားလေးတွေမျက်စိနောက်လို့ ၀ါးကိုင်း
နဲ့ ရိုက်လိုက် တာခေါင်းပေါက်သွားတဲ့ လူဟုတ်လား ´´
ဦးဇင်းကရေနွေး..တစ်ခွက်ကိုမော့ သောက်ပြီးခေါင်းတစ်ငြိမ့်ငြိမ့်နှင့်
``ဟုတ်ပါပေကော..ဒကာကြီး.. ဦးဇင်းရဲ့ ဒကာရင်းတွေလေ သူကအခု အဲ....
ယောက်ကျား ရောဂါပေါ့ ဟိုဒင်း ဟိုဟာ ကြီးနေလို့ လမ်းမလျှောက်နိုင်လို့
ဦးဇင်းကို သူ့သားအရေး အကူအညီတောင်းလို့ သံဃာအလုပ်မဟုတ် ပေမဲ့
ကြွလာရတာပ...ဒါကသူ့သား မောင်ကင်းကောင်တဲ့ ..´´
ဦးအောင်ထက်ကလူရွယ်ကိုအကဲခပ်ပြီးကြည့်လိုက်သည်။လူရွယ်က သူ့ကို
မကြည့်ဘဲ...သမီးရှင်းသန့်ကိုကြည့်ပြီးပြုံးပြခါ ခေါင်းငြိမ့်ပြနေသည်။
`` ဟေ့ကောင်...မင်းဘာလို့ ငါ့သမီးကို ခေါင်းငြှိမ့်ပြရတာလည်းကွ...ဟေ´´
လူရွယ်က..ပြာပြာသလဲပင်.....
``ကျ...ကျ....ကျနော်....မ...မ...မမ.ပြရပါ...ဘူး´´
``အောင်မာ...ငါပြောနေတာတောင်..မင်းက ငါ့သမီးကိုကြည့်ပြီး ပြောနေသေးတယ်
ငါ့ကိုများ...ပမာမခန့်..တယ်...´´
အခြေအနေတော်တော် တင်းလာလို့ ဦးဇင်းက ၀င်ပြီး
`` ဒီလိုပါ ..တကာအောင်ထက်ရယ်..သူကမွေးကတည်းက မျက်စိလေး နဲနဲလေး
စွေနေလို့ပါ .. မဆိုစလောက်လေးပါ´´
`` ဘယ်..မဆိုစလောက်ရမှာလည်း...အဖေကြည့်မှန်းသမီးကြည့်မှန်း မသိတဲ့
ကောင်..စကားပြောတာလည်းအထစ်ထစ်အငေါ့ ငေါ့ ´´
`` ဒါက....ဒ..ဒ.......ဒ..ဒ......ဒ.ဒယ်...ဒီလိုပါ...အဘဘ.....ဘ....ဘ..ဘရယ်´´
ဦးဇင်းကမန်း ကတန်းဝင်ပြီး.....
`` ဟေ့ကောင်....မင်း တ...တ...တ..တ...တိတ်တိတ်နေစမ်း...တယ်.ငါပါလိုက်
ပြီးထစ်နေပြီ...ဒီလိုတကာကြီး...သူကစကာလည်း..နဲနဲ...ထထ...ထစ်..ထစ်တယ်´´
`` ဦးဇင်း....အဲဒါက..ကျုပ်နဲ့ ...ဘ..ဘ..ဘဘဘာ....ပါတ်သက်လည်း ´´
ဦးဇင်း...လည်း ဆက်ပြောနေလျှင်ဆက်ထစ်နေမှာစိုးလို့ ရေနွေးကြမ်းတစ်ခွက် ကို
မော့သောက်လိုက်သည်။ပြီးမှ မထစ်အောင်ထိန်းပြီး.........
``ပါတ်သက်ပါသော်ကော...ဒကာကြီးသမီး...မိရှင်းက သူနဲ့လူငယ်သဘာဝ...
ရည်ငံ နေကြတာလေ..တစ်ကယ်ကြိုက်တယ်ဆိုရင်..တောင်းရမ်းပါဆိုလို့
သူ့အဖေ ကိုအောင်...အဲငတုတ်ကြီး..ကနားလာဖေါက်ခိုင်းတာပ...´´
`` ဟဲ့ .....မိရှင်း..ဦးဇင်းပြောတာ...ဟုတ်လား..´´
``ဟုတ်ကဲ......အဘ ´´
``ဒီလို...တောင်တစ်လုံး...မြောက်တစ်လုံးနဲ့ ထစ်နေတဲ့ ငစွေ ကို
နင်ကဘာကိုကြည့်ြ့ပီးကြိုက်တာလည်း.....´´
`` အယ်...အဘကလည်း အဲလိုမပြောပါနဲ့.....ကိုကိုကင်းကလေ...သမီးကို
ချစ်တယ်ပြောတိုင်း အထပ်ထပ် အခါခါပြောတတ်တာ..ပြီးတော့ကိုကိုကင်း
အကြည့်လေးကလည်...တအားပုစ္ဆာဆန်တာအဖေ.....´´
ကင်းကောင်ကလည်း အားကျမခံ ၀င်ပြောပြန်သည်။
``ဟ...ဟ...ဟုတ်ပါတယ်အဘ..အဘ...ဘ.....ဘသမီး..မီးကို....သ..သ..သားမှတ်မှတ်
မ...မ..မယ်...မယားမှတ်မှတ်..ပေါင်းပြီး...တသက်လုံး.....ချ...ချ...ချ..ချ...´´
``ဟေ့ကောင်...အဲ...ဒီနေ...နေ....နေရာမှာ...မယ်....မယ်...မထစ်နဲ့ ´´
``ကျ...ကျ....နော်နော်....နော်က...ချ..ချ..ချစ်မယ်ပြောတာ...´´
ကင်းကောင်ခမြာ တစ်ကိုယ်လုံး ကြွကြွ ပြီးပြောပြရှာပါသည်။
`` ဟုတ်သားဘဲ အဘ...ဘ..ရယ်...သူက...ထစ်ထစ်....ထစ်နေတာလေ´´
`` တော်လိုက်...မိရှင်း..ငါလေ...´´
``ဒကာကြီးကလည်း...သူ့အဖေကလယ် ဆယ်ဧက နဲ့ထန်းဖိုတစ်ခုလက်ဖွဲ့
ပေးမှာတဲ့.ပြီးတော...သူ့ရွာက.......´´
သူကြီးဦးအောင်ထက်ဦးဇင်းစကားများကိုနားမ၀င် တော့ အချိန်ပိုင်းလေးအတွင်း
အမျိုးမျိုးပြောင်းလည်းသွားသောမိမိဘ၀ကြောင့် အာခါင်တွေခြောက်လာသလို
အသားတွေလည်းတဆတ်ဆတ်တုန်လာသည်.စိတ်ထဲကလည်းတွက်နေမိသည်။
`` အင်း..ထန်းတပင်ရွာသား ငဒိန်းဒေါင်နဲ့ ယူတဲ့ မိရာရာက ကလေးတစ်ယောက်
သရက်ညီနောင် ရွာသား.ငမဲကောင် ကျင်ဝှက် နဲ့ယူတဲ့ မိနံသာမှာ ကလေးနှစ်ယောက်
လေးအိမ်စု က ဗေလုဝနဲ့ယူတဲ့ မိသဇင် မှာက ကလေး လေးယောက် ငါ့မှာတပြိုင်နက်
မြေး ခုနစ်ယောက်တောင်...အောင်မာ နေပါဦး....
ထန်းတစ်ပင်သား....က တစ်ဆိုတော့ သားတစ်ယောက်
သရက်ညီနောင် ဆိုတော့...နှစ်...အမွှာလေးမွေးတယ်..သားနှစ်ယောက်
လေးအိမ်စုရွာသား..ကိုယူတော. လေးမွှာပူး သားလေးယောက်....ဟင်
ဟေ့ကောင် ငကင်း မင်းနေတာ ကဘယ်ဇာတိ...လည်း.....´´
ဦးအောင်ထက်အမေးကို....ပျာပျာသလဲပင် ငကင်းပြန်ဖြေသည်က...
`` ကျ...ကျ...ကျနော်နေတာက...သုံး...သုံး သ သုံးဆယ်မှာပါ..´´
``လာ...စမ်း မိရှင်း...လာ...နင်တော့အကျိုးနည်းတော့မှာလာခဲ့...´´
ပြောပြောဆိုဆို ဦးအောင်ထက် သည် သမီးရှင်းသန့်လက်ကိုဆွဲပြီး အိမ်ပေါ်
ကနေဆင်းပြေးလေတော့သည်။အိမ်အောက်ရောက်မှ ပြန်အော်ပြောသည်က...
`` မပေးစားဘူး..လုံးဝမပေးစားဘူး.......
.ဦးဇင်းရေ့..ကျုပ်သမီးနိုင်မယ်မထင်ဘူး....ဗျ ´´...တဲ့။
ဘ၀အမောတွေပြေပါစေနော်........
တတိုင်းမွှေး။ ။21-2-2013
ကိုယ်တိုင်တွေးပါသည်။