မူကြိုကျောင်းလေး တစ်ကျောင်းမှာပေါ့ဗျာ၊ ဆရာမက သူ့အတန်းထဲက ကလေးတွေနဲ့ ဂိမ်းတစ်ခုကစားဖို့ စီစဉ်တယ် ဂိမ်းကတော့ အတန်းထဲမှာ၇ှိတြ့ ကလေးတိုင်းဟာ ကျောင်းကိုလာရင် အာလူးထည့်တဲ့ အိတ်တစ်လုံးစီ ယူလာရမယ်၊ အိတ်ထဲမှာ ကိုယ်သိပ်မုန်းနေတဲ့လူတွေ၇ဲ့ နာမည်ကို အားလူးသီးပေါ်မှာ ရေးထည့်ပြီး ယူလာရမယ်၊ အာလူးတစ်လုံးကို အမည်တစ်ခုရေးရမယ် တဲ့ နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အာလူးတွေအိတ်ထဲမှာ ထည့်ပြီး ကိုယ်စီသယ်လာတယ်၊ တချို့ကလေးရဲ့ အိတ်ထဲမှာ နှစ်လုံး၊ တချို့ကလေးကျ သုံးလု့း၊ တချို့ဆိုရင် ငါးလုံးထိတောင် ယူလာတာရှိတယ် ဆရာမက ကိုယ်သိပ်မုန်းတဲ့လူရဲ နာမည်ရေးထားတဲ့ အာလူးသီးပါတဲ့ အိတ်ကို ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူဆောင်သွားရမယ်လိုမှာတယ်၊ အိမ်သာတက်ရင်တောင်မှ မချန်ရဘူး ၊ ယူသွားရမယ်၊ တပတ်တိတိ အဲလိုလုပ်ကြရမယ်တဲ့ ရက်နည်းနည်းကြာတော့ ကလေးတချို့က စောဒက စတက်တယ် နာမည်ရေးထားတဲ့ အာလူးတခို့က စပုပ်နေပြီ၊ အနံ့တွေ ထွက်လာပြီ၊ အာလူးများများသယ်ရတဲ့ ကလေးတိုရင် လေးလံနေတာပေါ့၊ တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးသွားပြီ၊ ကလေးတွေလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အာလူးအိတ်တွေသယ်ပြီ လျှောက်သွားနေရတာ ဘယ်လိုခံစားရသလဲလို့ ဆရာမကမေးတော့ ကလေးတွေက စိတ်ပျက်စရာကောင်းလှတဲ့ သူတို့ရဲ အတေါ့အကြုံတွေ ပြန်ပြောပြကြတာပေါ့၊ လေးလည်းလေး၊ နံလည်းနံတဲ့ အာလူးအိတ်ကြီးကို သွားလေရာရာ ဘယ်သူက သယ်သွားချင်မှာလဲ ဆရာမက ဒီဂိမ်းကစားရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်၊ "အခု မင်းတို့ခံစားခဲ့ရတဲ့ အခြေအနေက ဘာနဲ့တူလဲသလဲဆိုတော့ လူတစ်ယောက်အပေါ်ထားတဲ့ အာဃာတတွေ အမုန်းတွေကို ကိုယ့်နှစ်လုံးသားထဲထည့်ပြီ လျှောက်သွားနေတာနဲတူတယ်၊ တကယ်လို့  အာလူးပုပ်ရဲ့ အနံ့အသက်ကို တစ်ပတ်လေးတောင်မှ မခံနိုင်ဘူးဆိုရင် စဉ်းစားကြည့်စမ်းပါ၊ ကိုယ့်နှစ်လုံးသားထဲမှာ အာဃာတအမုန်းတွေ ဘ၀တစ်လျှောက်လုံး သယ်သွားမယ်ဆိုရင် ဘယ်လိုနေမလဲ" ဆရာမကမေးတယ် ဆရာမဆက်ပြောတာက "လူတွေအပေါ်မှာထားတဲ့ အမုန်းတွေ၊ အာဃာတတွေကို လွှင့်ပစ်လိုက်ပါ၊ ဘ၀တစ်လျှောက်လုံး အဲဒီဒုက္ခတွေကို သယ်မသွားနဲ့၊ ခွင့်လွှတ်ခြင်းဆိုတာအမြင့်မြတ်ဆုံးစိတ်ဓာတ်ပဲ၊ ကိုယ်သဘောမကျနိုင်တဲ့လူကို တောင်မှ မေတ္တာထားပါ။ မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲလူကို ချစ်ခင်တာမျိုး မဟုတ်ဘူး၊ မပြည့်စုံတဲ့သူကို ကိုယ်က ပြည်ပြည်၀၀ မေတ္တာစေတနာထားပြီ ချစ်တာပါလို" ဆရာမက ရှင်းပြသတဲ့ ပုံပြင်လေးကတော့ဒါပါပဲဗျာ
သူငယ်ချင်းတို့ရဲရင်ထဲမှာ သိုလှောင်ထားတဲ့ အမုန်းတွေ၊အာဃာတတွေကို တစ်နှစ်ပြီတစ်နှစ် သယ်ဆောင် မသွားစေချင့်တာ အမှန်ပါဗျာ...