ဟဲ့ မိဇွန် နင်ဘယ်သွားမလို့လဲ
သြော် ထုံစံအတိုင်း အင်တာနက်ဆိုင်လေ မြတ်နိုးရဲ့ နင်အားရင်လိုက်ခဲ့ပါလာဟာ ငါတစ်ယောက်ထဲဖြစ်နေလို့ပါဟ
တော်ပါဟာ အဲ့အွန်လိုင်းဆိုတာကြီးကို စိတ်မ၀င်စားပါဘူးဟာ ငါစာကျက်ရအုံးမယ်ဟ
လိုက်ခဲ့ပါ မြတ်နိုးရယ် စာမေးပွဲက အောင်မှာပါဟ ငါ့မှာ အကောင့်အပိုတစ်ခုရှိတယ် နင်သုံးလေနော် လိုက်ခဲ့ပါဟယ် ပြီးတော့ နင်သိချင်တဲ့ ဗဟုသုတတွေ အင်တာနက်ကနေလဲ ရှာလို့ရတယ်လေ နင်မသုံးတတ်ရင် ငါ့ကိုမေးပေါ့ဟာ နင်လဲ ပညာရတယ်လေနော်
ဟင်းးးးးးးးးးးးးးးး အေးပါ အေးပါ
*********************************************************************************************************************
ဟိုင်း ဆိုပြီး စနှုတ်ဆက်တဲ့ စကားတွေကို မြတ်နိုး ကြားဖူးနေကြပါ ဒီလိုပဲ အွန်လိုင်းလေးပေါ်မှာ စပြီးကျူကျူဝင်တဲ့လူတွေလဲ ဒုနဲ့ဒေးလေ ဒါပေမယ့် သူကတော့ မှတ်မှတ်ရရပါပဲ
ဟိုင်း ကောင်းမလေး
ဟုတ်ကဲ့
ကောင်မလေးက ဘယ်ကလဲ
ကျွန်မကိုကောင်မလေးလို့မခေါ်ပါနဲ့ ကျွန်မနာမည် မြတ်နိုးပါ
သြော် ဆေားရီးဗျာ မြတ်နိုးကဘယ်ကလဲ
မြတ်နိုးက နယ်စပ်ကပါ
သြော် စီးပွားရေးအခြေအနေရောကောင်းလာဗျ
ကောင်းပါတယ်ရှင့်
အဟား မင်းကစီးပွားရေးအကြောင်းတွေဘာတွေပြောလို့ ဘာအလုပ်လုပ်တာလဲ
မြတ်နိုးက နယ်စပ်ကဆိုတော့ လူကုန်ကူးတာပေါ့ရှင့်
ဟားဟာားဟားးးးးးးးးးးးးးးးးးးး ဟုတ်ပါပြီ
ဒီလိုနဲ့ပဲ သူနဲ့ မြတ်နိုး အွန်လိုင်းလေးပေါ်မှာ စရင်းနောက်ရင်းနဲ့ ခင်မင်ခဲ့တာပေါ့ သူက မြတ်နိုးထက် အသက်၅နှစ်လောက်ကြီးတယ်လေ ဒါပေမယ့် မြတ်နိုးကို သူက နင်တွေငါတွေနဲ့ပဲ စကားပြောပါတယ်
သူကပြောတယ်လေ နာမည်တွေခေါ် အစ်မတွေညီမတွေခေါ်ရင် ရင်းနှီးမှု့သိပ်မရှိသလိုပဲတဲ့ နင်တွေငါတွေနဲ့ပြောတော့ သူများအမြင်မှာ ရိုင်းချင်ရိုင်းနေပေမယ့် တကယ်တမ်းက အရမ်းခင်တဲ့သူတွေမှ အဲ့လိုခေါ်တာတဲ့လေ ငါက နင့်ကို အရမ်းခင်လွန်းလို့ အဲ့လိုပြောတာပါတဲ့ ဒီလိုစကားလုံးမျိုးတွေနဲ့ သူ့ကို မြတ်နိုး တကယ်ခင်မင်မိပါတယ်
သူကလေ ဘုရားတရားသမားပေါ့ တစ်ခါတစ်လေ စကားပြောတာကလဲ ဂွကျသေးတယ် ပျော်ပျော်လဲနေတတ်တယ်လေ မြန်နိုးနဲ့ သူ ခင်တာကြာလာလေလေ သူ့အကြောင်းတွေပိုသိရလေလေပေါ့ သူနဲ့အရမ်းခင်မိတဲ့အချက်ကတော့ သူက မြန်နိုးနဲ့ အကြိုက်ချင်းလဲတူတယ်လေ စာဖတ်ဝါသနာပါတာချင်းလဲ တူကြတယ်
မြတ်နိုးလေ သူ့ကို အရမ်းခင်တာပဲ ခင်တာထက် သူ့လေးစားအထင်ကြီးတဲ့အချက်ကပိုများတယ်လေ သူကအေးဆေးတည်ငြိမ်တဲ့လူတစ်ယောက် ဘာသာတရားကိုင်းရှိုင်းပြီး တဖက်သားကိုအကောင်းမြင်ပေးတတ်တဲ့သူစိတ်လေးတွေကို မြတ်နိုးလေးစားမိပါတယ်
တစ်ခါတစ်လေ မြတ်နိုးစဉ်းစားမိတယ် မြတ်နိုးသူ့ကိုချစ်နေမိပြီလားလို့ ဟင့်အင်း မြတ်နိုးမသိဘူး သေချာတာတော့ မြတ်နိုးသူ့အပေါ်မှာ သံယောဇဉ်ရှိတယ် ဖျောက်မရနိုင်လောက်အောင်ကို တွယ်တာမိနေပြီ
အခုဆို ဘာလိုလိုနဲ့ သူနဲ့ခင်တာ ၃နှစ်တောင်ရှိပေါ့ သူနဲ့စကားပြောခဲ့ရတယ် အချိန်တွေကို မြတ်နိုးတန်ဖိုးထားတတ်နေတယ် တစ်ခါတစ်လေ gtalkလေးဖွင့်လိုက်လို့ သူမရှိရင် ရင်ထဲမှာ ဟာတာတာဖြစ်နေတတ်ပြီလေ သူနဲ့ဆုံဆည်းခွင့် ခင်မင်ခွင့်ရခဲ့တာကိုတောင် ပြန်စဉ်းစားမိတိုင်း ဇွန့်ကို့ ကျေးဇူးတင်နေမိတယ် အွန်လိုင်းဆိုတဲ့ နေရာလေးကို သူခေါ်လို့ သိရှိခဲ့ရတာမဟုတ်လာ
တိုင်းတစ်ပါးကို ရောက်နေတဲ့မြတ်နိုးအတွက်တော့ အွန်းလိုင်းလေးပေါ်က သူဟာ မြတ်နိုးအတွက် တကယ့်ကို အားထားစရာလေးပါ စိတ်ညစ်တဲ့အခါတိုင်းလဲ တိုင်ပင်ဖြစ်သလို အားငယ်တဲ့အခါတိုင်းလဲ သူ့ရဲ့ အားပေးစကားတွေက မြတ်နိုးအတွက် တကယ့်ခွန်အားတွေပဲလေ
*******************************************************************************************************************
ဇွန့်ကိုတောင် မတွေ့ရတာ ကြာပြီ အခုဆို ဘွဲရပြီးကတည်းက မြတ်နိုး မြန်မာပြည်က ထွက်လာတာ ဇွန်နဲ့မတွေ့ဖြစ်တော့တာ နှစ်နှစ်တောင်ရှိတော့မယ်
ဟယ် မြတ်နိုး မတွေ့တာတောင်ကြာပြီနော်
ဟုတ်တယ်ဇွန်ရယ် နင်ရော ဒီကို အလုပ်နဲ့လာတာလား
အေးဟယ် အလုပ်ပဲဆိုပါတော့
ငါလေ မြန်မာပြည်ကို လွမ်းလိုက်တာဟာ အိမ်ကိုရောပဲ ဒီမှာက နင်သိတဲ့အတိုင်ပဲ နွေးထွေးတဲ့ ဆက်ဆံရေးတွေ မရှိဘူးဟ အရာရာဟာ တစ်စိမ်းဆန်လွန်းတယ် တစ်ခါတစ်လေလေ အရမ်းအထီးကျန်တာပဲ အခုတော့ နင်ရောက်လာမှ ငါ့အတွက် ပျော်စရာလေးတွေဖြစ်တော့မယ်
အမယ် ဒေါ်မေမြတ်နိုး ဒီစကားတွေပြောနေပုံထောက်ရင် ရှင်ဒီရောက်တာ နှစ်နှစ်တောင်ကျော်ပြီ ရည်းစားတွေဘာတွေမရသေးဘူးနဲ့တူတယ် ဟားဟားဟား
မိဇွန်နော် ငါက တိုင်းတစ်ပါးသားကို ကြိုက်ဘူးအေ့ သိလာ
အမေးလေးလေး ဟုတ်ပါပြီ ကြည့်ကြသေးတာပေါ့ ဒေါ်မေမြတ်နိုးရယ်
တစ်ခုတော့ရှိတယ်ဟ
အမယ် ဆိုစမ်းပါအုံး
ငါလေ အွန်လိုင်းမှာ လူတစ်ယောက်နဲ့အရမ်းခင်နေမိတယ်ဟာ ငါသူ့ကိုချစ်နေမိပြီလားမသိဘူး
အဟား နင့်ဟာကလဲ အလာကြီးပါလား အစကတော့ အွန်လိုင်းဆိုတာကြီးကို စိတ်မ၀င်စားပါဘူးဆို
အင်းလေ ဟုတ်တယ် ငါ အစကတော့ သိပ်သတိမထားမိဘူးဟ မြန်မာနိုင်ငံကနေထွက်လာပြီးနောက်ပိုင်းမှ သူ့နဲ့ စကားတော်တော်များများပြောမိရင်း သံယောဇဉ်ဖြစ်သွားတာဟ
ဒါဆို ရှင်က သူ့ကိုချစ်နေတယ်ပေါ့လေ အဲ့လိုလား
ဟင်းးးးးးးးးးးးးးးးးး ဒါတော့မသိဘူးဟာ ငါ့ကိုယ်တိုင်းလဲမသိဘူး အချစ်ဆိုတာ ငါတကယ်ကိုမသိတာပါ
သူ့ဘက်ကရော
ဒါလဲငါမသိဘူးဟာ
နင့်ဟာကလဲ ဘာမှလဲရေရေရာရာမရှိဘူး ထားပါ ငါ့ကို သူ့အကောင့်ပေးလေ ငါတတ်နိုင်သလောက်လေ့လာကြည့်တာပေါ့ နောက်တစ်လလောက်နေရင် ငါမြန်မာပြည်ပြန်မှာလေ ငါသေချာအောင် လေ့လာခဲ့ပါမယ့်ဟာ
ဟယ် ……….. နင်ပြန်ရင် ငါလည်း ခနတော့လိုက်ခဲ့ပါရစေဟာ ဒီမှာရှိတဲ့ အလုပ်တွေကို ခဏထားခဲ့မယ်လေ တစ်လလောက်တော့ နင်နဲ့ လိုက်ခဲ့ချင်တယ်ဟာ
အင်း ကောင်းသား
********************************************************************************************************************
အမိမြန်မာပြည်ရောက်ပြီဆိုတဲ့ အသိစိတ်က ကျွန်မရင်ထဲကို တိုးဝင်လာကတည်းက နှစ်ရှည်လများ ပျောက်ကွယ်နေတဲ့ နွေးထွေးမှုတွေကို ပြန်ရလိုက်သလို ကြည်နူးရလွန်းလို့ မျက်ရည်တောင်လည်မိပါတယ်
မြန်မာပြည်က ဘုရားတွေကို လိုက်ဖူးရတာလဲ အရမ်းကို ပျော်ရွှင်ရတာပါပဲ
ဇွန်ရေ ငါလေ သူရှိတဲ့မြို့ကို အလည်သွားချင်တယ်ဟာ ငါ မြန်မာပြည်ရောက်နေတာ သူမသိဘူးဟ သူက ဘယ်လိုလူမျိုးလဲ ဘယ်လိုပုံစံလဲ ငါအရမ်းသိချင်တာပဲဟာ နောက်ပြီး သူ့ကို အံ့သြသွားအောင်လဲ လုပ်ချင်တယ် ကူညီပါဟာ ငါတို့နောက်နေ့ သူ့ဆီသွားကြမယ်လေ နော်
အင်းပါ မြတ်နိုးရယ် နင့်ရောဂါကလဲ မသေးဘူးပဲ ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ မိန်းမကြိုက်တော့ မျှော်လိုက်တာဆိုတဲ့ စကာပုံပဲ ကြားဖူးပါတယ်ဟာ နင့်ကျမှ ပြောင်းပြန်တွေဖြစ်ကုန်ပြီး ဟားဟား
ဒီလိုနဲ့ ကျွန်မ သူရှိတဲ့ မြို့လေးဆီ မီးရထားနဲ့ အလည်သွား.ခဲ့တာပေါ့ အဲ့နေ့က ကျွန်မ ဘ၀အတွက် ရင်အခုန်ရဆုံးနေ့ပေါ့လေ နှစ်ရှည်လများ စွဲလမ်းလာရတဲ့ လူတစ်ယောက်ရဲ့ မျက်နှာကို ကျွန်မ မြတ်နိုးတန်ဖိုးထားရတဲ့ လူတစ်ယောက်နဲ့ ပထမဆုံး ဆုံရတော့မယ့်အသိက ကျွန်မနှလုံးသားကို ရင်ခုန်နှုန်းမြန်စေခဲ့တာပေါ့
သူတို့မြို့ကိုရောက်တော့မှ သူရဲ့ အင်တာနက်ဆိုင်လေးကို ဟိုလူကိုမေး ဒီလူကိုမေးနဲ့ ကျွန်မနဲ့ဇွန် ရောက်သွားခဲ့ပါတယ်
*****************************************************************************
ဟင်!
တစ်ခနတော့ မှင်သက်သွားမိတယ် ကျွန်မ လူများမှားသွားသလား အချစ်ကပဲ ပြုစားခဲ့တာလား ကျွန်မ ဝေခဲ့မရတော့အောင်ကို တစ်ခနတော့ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသလို မေ့နေမိတယ်
သူပေါ့ တည်ငြိမ်ရင့်ကျက်တဲ့ မျက်ဝုံးတစ်စုံနဲ့ ကျွန်မကို စူးစိုက်ကြည့်နေတယ် ပြီးတော့မှ
ညီမ အင်တာနက်ထိုင်ဖို့လာ စက်ဘယ်နှစ်လုံးယူမလဲတဲ့
အယောင်ယောင်အမှားမှားနဲ့ စကားပြောဖို့မေ့နေတဲ့ကျွန်မအဖြစ်ကို ကိုယ်တိုင်နားမလည်နိုင်လောက်အောင်ပါပဲ တည်ကြည်ခံငြားတဲ့ သူ့ရဲ့ဟန်ပန် ရင့်ကျက်တည်ငြိမ်တဲ့ သူ့မျက်ဝန်း လေးနက်တဲ့ သူ့စကားသံတွေကို ကျွန်မနှလုံးသားကို တစ်ခနအတွင်းမှာပဲ သိမ်းပိုက်သွားခဲ့ပေါ့
ညီမ စက်နှစ်စက်ယူမှာလားဟင်
ရှင်…….အဲ့ ………. ဟုတ်…….ဟုတ်ကဲ့………. အဲ့လေ …ဟုတ်ဘူး စက်မသုံးဘူးရှင့် အင်တာနက်လာထိုင်တာဟုတ်ဘူးလေ
ဗျာ
ဟုတ်ကဲ့ ကျွန်မနာမည် မြတ်နိုးပါ အစ်ကို ကျွန်မအကောင့်က (…………..@gmail.com) လေ အစ်ကို သိလား
ဟော်ဗျာ မြတ်နိုး မြတ်နိုး အားးးးးးးးးးးးး သိတာပေါ့ မြတ်နိုးရဲ့ ဘယ်တုန်းက မြန်မာပြည်ကို ပြန်လာတာလဲ လာမယ်ဆိုလဲ ကြိုပြောပေါ့ဗျာ ကျွန်တော်လာကြိုမှာပေါ့ အဲ့ ခနစောင့်နော် ပြီးရင် ကျွန်တော် မြတ်နိုးတို့ကို တစ်ခုခုလိုက်ကျွေးပါရစေ
သူ့အနားမှာ နေခွင့်ရတဲ့ အဲ့ဒီခနလေးမှာပဲ မြတ်နိုးဆိုတဲ့ ကျွန်မကိုယ်ကျွန်မတောင် မေ့လျှော့သွားခဲ့ပါတယ် တစ်ခနလေးတွေ့ရတယ်တယ်ဆိုပေမယ့် သူ့ရဲ့ စကားတွေ အလိုက်သိပုံတွေက ကျွန်မနှလုံးသားကို တစ်စထက်တစ်စ ချည်ငင်နေပေါ့ သူနဲ့ အာပူလျှာပူသွားသောက်တော့ စပ်သွားတဲ့ကျွန်မကိုကြည့်ပြီး ရေအမြန်ပြေးခပ်ပေးတဲ့ပုံတွေ နောက်သူ့ရဲ့ ဂရုစိုက်မှု့တွေက ကျွန်မအတွက်တော့ အမှတ်တရလေးတွေပေါ့
နောက်ပြန်ခါနီး တော့ သူကိုတိုင်ကားဂိတ်အထိလိုက်ပို့ပေးခဲ့ပါတယ် ကားပေါ်ရောက်တော့ စိတ်မချမှု့များစွာနဲ့ တတွက်တွက်မှာနေတဲ့ သူ့စကားတွေက ကြည်နူးမိပေမယ့် သူ့ရဲ့ရင်ထဲက ခံစားချက်ကို ကျွန်မနားလည်ရခက်ခဲ့ပါတယ်
ဒီလိုနဲ့ပဲ နှလုံးသားတစ်ခုလုံးကို ကျွန်မသိပ်ချစ်တဲ့ မြန်မာနိုင်ငံမှာ ထားရင်း ကျွန်မ သိပ်ချစ်တဲ့ မြန်မာနိုင်ငံကြီးကို နောက်တစ်ခါ ထပ်ခွဲခွာခဲ့ပါတယ်
********************************************************************************************************************
မမျှော်လင့်တဲ့ နေ့လေးတစ်နေ့ပေါ့ သူနဲ့ အွန်လိုင်းမှာ ပြန်ဆုံတဲ့အချိန်လေးလေ ထူးထူးခြားခြား သူ့ဘက်က စကားစလာပါတော့တယ်
မြတ်နိုး အစ်ကို မင်းကို အရမ်းအရေးကြီးတဲ့ စကားပြောစရာရှိတယ်
ဟုတ် ပြောလေ အစ်ကို (ကျွန်မစိတ်ထဲမှာတော့ နှစ်ရှည်လများ ကျွန်မသူ့ဆီက စောင့်ဆိုင်းခဲ့တဲ့စကားများလားဆိုပြီး အသက်ရှူဖို့တောင် မေ့လျှော့အောင် သူ့ဆီက စကားကို စောင့်ဆိုင်းနေမိပါတယ်)
အစ်ကိုလေ လက်ထက်တော့မယ် မြတ်နိုး
ဟင်!
ဟုတ်တယ် အစ်ကိုမိဘတွေက နောက်လထဲမှာ စေ့စပ်ကြောင်းလမ်းဖို့လုပ်ကြတော့မှာလေ အဲ့ဒါမြတ်နိုးကိုပြောပြတာ မြတ်နိုးက အစ်ကိုတန်ဖိုးထားရတဲ့ သူငယ်ချင်းဆိုတော့ မြတ်နိုးကိုအရင်ဆုံးအသိပေးတာ မြတ်နိုးရဲ့ အစ်ကို လက်ထက်တဲ့နေ့ကြရင် မြတ်နိုးလာရမယ်နော် သိလာ မြတ်နိုး
အရာအားလုံး မှောင်မိုက်သွားသလိုပါပဲ ရုတ်တရက်ဘာပြန်ပြောလိုက်ရမှန်းမသိပဲ ကွန်ပျူတာကို မြတ်နိုး ပိတ်ပစ်မိပါတယ် ရက်စက်တယ် အစ်ကိုရယ် တကယ်ကိုရက်စက်တယ် အစ်ကို့အပေါ်မှာ မြတ်နိုးထားခဲ့ သံယောဇဉ်တွေကို အစ်ကိုမမြင်နိုင်ခဲ့လို့လား ဒါမှမဟုတ် မြင်နိုင်အောင်ပဲ မကြည့်ခဲ့လို့လား အစ်ကိုရယ်
မယုံနိုင်လောက်အောင်ကို နှလုံးသားက နာကြဉ်းနေမိတယ် မြတ်နိုးလေ သူ့ကို သိပ်ချစ်တယ် ချစ်တယ်ဆိုတာထက် ပြောပြစရာစကားလုံးရှိရင် မြတ်နိုးပြောပါချင်ပါတယ်
မြတ်နိုးကိုယ်တိုင်ကပဲ အ လွန်းခဲ့တာလားအစ်ကိုရယ် လူကိုယ်တိုင်လာတွေ့တာတောင် အစ်ကို့က အစ်ကို့မှာ ရှည်းစားရှိကြောင်းအရိပ်အမွတ်လေးတောင်မပြောတဲ့ အစ်ကို့ကိုပဲ အပြစ်ပြောရမှာလား
အဲ့ဒီနေ့က မြတ်နိုးနှလုံးသားနဲ့ မြတ်နိုးဘ၀ကို မြတ်နိုးရေစုံမျေားလိုက်တယ် အစ်ကိုရယ် ပျော်ရွှင်ပါစေ ချစ်တဲ့သူရဲ့ မင်္ဂလာပွဲကို မြတ်နိုး စိတ်ကူးနဲ့ ပုံဖော်ကြည့်လိုက်တော့ နာကျင်နေတဲ့ နှလုံးသားကိုယ်တောင်အားနာမိတယ် အစ်ကို့ရဲ့ မင်္ဂလာပွဲကို နောက်ဆုံးအနေနဲ့ မြတ်နိုးတွေ့ချင်ပါသေးတယ် သိပ်ချစ်ခဲ့ရတဲ့ ချစ်သူရဲ့ မျက်နှာကို နောက်ဆုံးတစ်ခေါက်အနေနဲ့ မြတ်နိုး မော်ဖူးပါရစေ အစ်ကိုရယ်
ဒါပေမယ့် ဆုတောင်းတာတွေမပြည့်ခဲ့ပါဘူး အဲ့နေ့က
*******************************************************************************************************************
မြတ်နိုး…………… မြတ်နိုးရယ် ငါဇွန်လေ ထကြည့်ပါအုံးဟာ
ကုတင်ပေါ်မှာ ဖြူဖတ်ဖြူရော်နဲ့ ငြိမ်သက်နေတဲ့ ကျွန်မကိုကြည့်ပြီး ယူးကျုံးမရဖြစ်နေတဲ့ မိသားစုနဲ့ ချစ်လှစွာသော သူငယ်ချင်းဇွန် သိပ်မကြာခင်မှာ အသက်ဝိညဉ်ကင်းတော့မယ် ကျွန်မကို ကြည့်ပြီးငိုကျွေးနေပေါ့
ဇွန်
ပြော သူငယ်ချင်းရယ် ဘယ်လိုဖြစ်ရတာလဲဟယ်
ငါလေ သူ့ကို သိပ်ချစ်တယ်ဟာ
ဟင်! မြတ်နိုးရယ်
ငါ မခံစားနိုင်တော့ဘူးဟာ စိတ်ကူးနဲ့တောင် ငါ့မှာ ရင်ဆိုင်ဖို့အင်းအားလုံးဝမရှိခဲ့ပါဘူး ငါသူနဲ့အဝေးဆုံးနေရာကို ထွက်သွားတော့မယ် ဇွန်ရယ်
မြတ်နိုးရယ် နင် သူ့ကိုအဲ့လောက်တောင်ချစ်ရတာလားဟာ
ဟင့်အင်း မဟုတ်ဘူး ငါချစ်တာ အဲ့လောက်တောင်ဆိုတဲ့ စကားထက် အများကြီးပိုပါတယ် သူ့မင်္ဂလာပွဲအတွက် ငါ့ရဲ့နောက်ဆုံးလက်ဆောင်အနေနဲ့ လက်ဖွဲ့လေးတစ်ခုငါပေးခဲ့ပါရစေနော်
အင်းပါ ပြေားလေ နင်ဘာပေးချင်လို့လဲ
ငါ့နှလုံးကိုလေ ဆရာဝန်ကြီးတွေနဲ့ လှူဖို့ပြေားခဲ့ပြီးပြီ အဲ့ဒါ လှူပြီးသွားရင် ရမယ့် ဂုဏ်ပြုလွှာလေးကို သူ့ဆီအရောက်ပို့ပေးပါနော် နော်ဇွန်...........နော်
ဟင်! ဟာ!..................................
ရုတ်တရက် အားလုံးကို စွန်ခွာခဲ့ပါပြီ အခိုးအငွေ့တို့နဲ့အတူ ကျွန်မရဲ့ ရုပ်အလောင်းကို ထားခဲ့ရင်း သူရှိနေတဲ့နေရာလေးကို ကျွန်မရဲ့ စိတ်ဝိညဉ်လေး လွင့်လို့သွားပေါ့ .
နှောင်ဘ၀ဆိုတာများရှိခဲ့ရင် ကျွန်မ သူနဲ့ ဆုံတွေ့ချင်ပါသေးတယ်
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
ဆူးနှင်းဆီ