ယောက်င်္ကျားလေးတစ်ယောက်ကကိုယ့်ကိ
ုချစ်တယ်လို့ 
ပြောလာတိုင်း လွယ်လွယ်နဲ့ အဖြေမပေးမိလိုက်ပါစေနဲ့ ..
ကိုယ်သူ့ ကိုတကယ်ချစ်နိုင်ရဲ့ လား??????
ကိုယ့်ရဲ့ ဘ၀တစ်ခုလုံးအတွက်သူ့ ကိုလက်တွဲနိုင်လို့ လား????
ဆိုတာကိုသေချာစဉ်းစားပြီးမှ အဖြေကိုပြန်ပေးသင့်ပါတယ်...
ဒီလိုပဲယောက်င်္ကျားလေးတစ်ယောက်ကလဲမိန်းကလေး
တစ်ယောက်ကို အပျော်သဘောမျိုးနဲ့ ချစ်တယ်ဆိုတာကို
လွယ်လွယ်မပြောမိပါစေနဲ့  ကိုယ်သူ့ ကိုဘ၀တစ်ခုလုံး
တာဝန်ယူပြီးလက်တွဲသွားနိုင်မှသာ ဆုံးဖြတ်ပြီး ပြောသင့်ပါတယ်
ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းရဲ့ နောက်မှာ တာဝန်ဆိုတာတွေ
အများကြီးရှိပါတယ်..တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန်
ယုံကြည်မှုပေးနိုင်ဖို့ လိုအပ်သလို သူ့ ရဲ့ သေးငယ်တဲ့ အမှားတွေကိုလဲ
ခွင့်လွှတ်ပေးနိုင်ဖို့ လိုအပ်ပါတယ်..သူမှားနေတယ်ဆိုလဲ ကိုယ်က ပြုပြင်
ပေးသင့်သလို ကိုယ်မှားနေရင်လဲ သူပြောတာကို လက်ခံပြီး ပြင်ပေးနိုင်ရမယ်လေ...ကိုယ်ရွေးချယ်လိုက်တဲ့သူကဘာပဲ ဖြစ်နေပါစေ ကိုယ်ရွေးချယ်ပြီးပြီပဲ နားလည်ပေးနိုင်ဖို့ လိုအပ်ပါတယ်
သူကကိုယ့်အနားမှာ ရှိသည်ဖြစ်စေ ...မရှိနိင်သေးဘူးဖြစ်စေ သူ့ ရဲ့ 
နောက်ကွယ်မှာလဲကိုယ်ကသစ္စာရှိနေပေးနိုင်ဖို့ လဲလိုအပ်တယ်
တစ်ယောက်ရဲ့ လိုအပ်ချက်ကိုလဲတစ်ယောက်က ဖြည့်ဆည်းပေးသင့်
တယ်လေ.....တစ်ယောက်က ဒေါသထွက်နေတယ်ဆို တစ်ယောက်က
လျှော့ပေးလိုက်ပါ ဒါမှလဲအချိန်ကြာကြာလက်တွဲသွားနိုင်မှာ
မဟုတ်လား..........
အချစ်ဆိုတဲ့အရာကို ပျော်စရာတစ်ခုလို လွယ်လွယ်နဲ့ သဘောမထား
မိလိုက်ပါစေနဲ့ နော် ....ကိုယ့်ရဲ့ ခဏတာ စိတ်ကစားလိုက်တဲ့
ပျော်စရာတစ်ခုက လူတစ်ယောက်ရဲ့ ဘ၀ကိုလွယ်လွယ်နဲ့ 
ပျက်ဆီးသွားစေနိုင်တတ်လို့ ပါ...ကိုယ်ရွေးချယ်မိလိုက်တဲ့ ချစ်သူဟာ
ဆိုးတိုင်ပင် ကောင်းတိုင်ပင် အတူတူဖြတ်ကျော်သွားနိုင်မဲ့
ကိုယ့်ရဲ့ ဘ၀တစ်ခုလုံးလက်တွဲဖော် ချစ်သူတစ်ယောက်ဖြစ်နိုင်မဖြစ်နိုင်
ဆိုတာ သေချာစဉ်းစားပြီးမှသာ...ချစ်တယ်ဆိုတဲ့စကားကို
ပြောဖို့ ဆုံးဖြတ်လိုက်ကျပါနော်.......................