Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တပို့ တွဲလ ထမင်းနဲ ပွဲ...

$
0
0

                    ကျွန်မ တို့ မြန်မာ နိုင်ငံတွင် သူတပါးနိုင်ငံများထက် ထူးခြားလှတာကတော့ မြန်မာ လများပင်ဖြစ်သည်။ မြန်မာ လပေါင်း တစ်ဆယ့် နှစ်လ ရှိသည့် ထဲမှ လစဉ်လတိုင်း သူ့ လနှင့်သူ ပွဲတော်များပါ ပါဝင်ခဲ့သည်။
                တပို့ တွဲလ သည်မြန်မာလများတွင်ဆယ့်တစ်ကြိမ်မြောက် လဖြစ်သည်။ ဆောင်းရာသီ ကုန်ဆုံး ချိန်ဖြစ်သည်။
         တပို့ တွဲလဟုခေါ်ဝေါ်ခြင်းမှာ ထန်းဖူးထန်းခိုင်တို့ တွဲညွှတ်သော ရာသီဖြစ်၍ခေါ် တွင်ခြင်းဖြစ်သည် ဟုကြားဖူးပါသည်။  ကျောက်စာအရေးအသား၌တပို့ တွဲ ကိုတပိုင်ထွဲ၊ တပိုင် ထွယ်၊ တပိုင်တွဲ၊ တပိုင်တွယ် ဟု ရေးသားလေ့ရှိသည်။
           ဗေဒင်အခေါ်အားဖြင့် ကုံရာသီ ဟုခေါ်သည်။ ထိုရာသီတွင်မာဃနက္ခစန်းနှင့် ယှဉ်၍ မွန်းတည့်သည်။ ရာသီရုပ်မှာရေထမ်းသမားဆင်း ရဲသားပုံဖြစ်၍ရာသီပန်းမှာ ပေါက်ပွင့်၊ လဲပွင့်၊ လက်ပံ့ပွင့် တို့ ဖြစ်သည်။

                 ကျွန်မ တို့  ထို အချိန်   တပို့ တွဲလတွင်ထမနဲပွဲကျင်းပကြသည်။                               ကောက်ညှင်းစပါးသစ်ပေါ်ချိန်တွင် အရပ်ရပ်၌ထမင်း နဲထိုး၍ ကျွေးမွေးလှူဒါန်းလေ့ရှိကြသည်။               
                   ထိုလ နံနက်၆.၂၀နာရီတွင်နေထွက်လေ့ရှိ၍၊ ညနေ ၅.၄၀အချိန်တွင် နေ၀င်လေ့ရှိသဖြင့် ညတာမှာနေ့ တညထက် ပို၍ရှည်သည်။ ထိုလသည်ရက် မစုံလကွယ်သောကြောင့် ၂၉ရက်သာရှိသည်။
                                       တပို့ တွဲ ကျွဲချိုဖျားဆတ်ဆတ်ခါသည် ဟူ၍၄င်း၊ ‘နှာရည်စိုရွှဲတပို့ တွဲ’ ဟူ၍၄င်း၊ တပို့ တွဲလတွင်အလွန်ချမ်းအေးလှကြောင်း ဆိုရိုးပြုလေ့ရှိကြ သည်။

                ထမင်းနဲသည်ကောက်ညှင်းနှင့်                                    စီမံပြုလုပ်ထားသောမြန်မာတို့ ၏ချိုစိမ့်မွှေးစားစရာတစ်မျိုး ဖြစ်သည်။                                 
ကောက်ညှင်းထမင်းများကို ထပ်ပြန်တလဲလဲကော်များပတ်စာများ နှဲဘိအလား နှဲရသောကြောင့် ထမင်းနှဲဟုခေါ်သည်။                                                                                           ထမင်းနှဲကို အရပ်ဒေသအလိုက်ယာဂုဟုလည်းခေါ်သည်။
          ယာဂုမှာ ပါဠိစကားဖြစ်၍ မြန်မာလို ဆန်ပြုတ်ဟုအဓိပ္ပါယ်ရသည်။ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ဂျင်း နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသောကြောင့် နှမ်းမနှဲဟုလည်းခေါ်ကြသည်။

                     ကျွန်မ တို့ နိုင်ငံ  ၏ ချစ်စရာနှင့် ပျော်ရွှင်စရာ ဓလေ့လေးပါ ။ ။               ကောက်ဦးပေါ်ချိန်တွင် မြန်မာနိုင်ငံအနှံအပြား၊ ကျေးလက်တောရွာများအထိ ထမင်းနဲထိုးပွဲ များဆင်ယင်ကျင်းပကြသည်။

              ဘုန်းတော်ကြီးကျောင်းများတွင် ထမနှဲများ ထိုးပြီး အလှုလုပ်ခဲ့ကြသည်။ ကျွန်မတို့ ဆို ထိုအချိန် ဘုန်းကြီးကျောင်းသွားရသည် ကို ပိုမိုပျော်ရွှင်မိသည်။

                         ဆယ့်နှစ်ရာသီပွဲတော်များအနက် တစ်ပွဲအပါအ၀င်ဖြစ်သော တပို့ တွဲလ ပွဲတော် ကို တပို့ တွဲလဆန်းမှစ၍လပြည့်နေ့ အထိသောကာလအတွင်း၌ ရှေးမင်းအဆက်
ဆက်မှဆင်းသက်၍ အမြို့ မြို့ အရွာရွာတွင်ချိမ့်ချိမ့်သဲမျှကျင်းပကြသည်။

            ယခုလို ရာသီချိန်တွင် မြို့ နယ် ရပ်ကွက် အသီးသီ မှာလည်း ရပ်ကွက်လိုက် ထမနှဲထိုးပြိုင်ပွဲများ ကျင်းပကြသည်။ အားကောင်းမောင်းသန်သော ယောက်ကျားကြီးများက ယောင်းမ ကြီးများနှင့် သူ့ ထက် ငါ အပြိုင် ပြိုင်ပွဲဝင်နေပုံမှာ မောပန်းမှန်းတောင် မသိပါ။

                  ထို့ ကြောင်’့တပို့ တွဲ့  လ၊ ကုံသို့ ကျ၊ မာဃထွန်းစမြဲ၊ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ’ ဟုစပ်ဆိုကြသည်။


               ထမင်းနဲတွင်အပူစာချည်းပါ၍ ဆီနိုင်သောအစာဖြစ်သဖြင့် အလွန်ချမ်းသည့် တပို့ တွဲလမျိုးတွင် ကျင်းပ၍စားကြသည်ဟုဆိုကြသည်။ အလွန်အေး၍ ဆီခြောက်ခန်းချိန်ဖြစ်သဖြင့်ဆီနိုင်သော
ဤထမင်းနဲကိုစားသုံးလျှင်စိုပြေလာ၍၊ အပူဓါတ်ရသည်ဟု အယူရှိကြသည်။ မဟာနရီကွန်ချာ ဆေးကျမ်း၌မူ ပထ၀ီပျက်သူများထမင်းနဲစားသင့်သည်ဟု ဆိုသည်။

                         ထို့ ကြောင့် မြန်မာပြည် ရဲ့  တပို့ တွဲလ တွင် သူငယ်ချင်းများအားမလုံး ကျန်းမာရေး နှင့်ညီညွတ် စေသာ စာကောင်းသည့် ထမနှဲ ကို စားသောက်စွာ ပျော်ရွှင်ကြပါစေလို့  ....

                                                                                         ခရေ

                                                                             (ကြိုးစားပါအုံးမည်)

http://khayae.blogspot.com/


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>