*...အားလုံးဘဲမင်္ဂလာပါဗျာ.....
*ကျွန်တော်အခုတင်ပြခြင်တာက.တွေ့ရမြင်ရကြားနေရတာတွေကိုခံစားတင်ပြပေးမှာပါ..
အခုဆိုရင်မြန်မာနိုင်ငံဟာအရင်နဲ့မတူတော့ပါဘူး ပြုပြင်ပြောင်းလွဲမှု့တွေတော်တော်ကိုလုပ်လာပါပြီ အရမ်းကိုဝမ်းသာစရာကောင်းပါတယ်
နိုင်ငံတစ်ခုလုံးမတိုးတက်သေးပင်မဲ့.အချို့အချို့သောအရာတွေကတော့ ပြောင်းလွဲတိုးတက်လာတာကိုတော့ အားလုံးမြင်ရမှာပါ..
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေလွှတ်ပေးပြီး တွေ့ဆုံးဆွေးနွေးနေတာတို့ နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေး
တာတို့ စာပေနဲ့ပက်သက်လို့ထိုက်သင့်သည့်အားလျှော်စွာ လွပ်လပ်ခွင့်ပေးတာတို့ ပြည်သူတို့အတွက်လဲပြောဆိုခွင့်ပေးတာတို့ဟာ .
တိုးတက်လာတဲ့လက်ခဏာလို့ပြောလို့ရပါတယ်...
*အထက်ကလူကြီးတွေက အတိုင်အခံတွေရော ကျောင်းသားခေါင်ဆောင်တွေရော ပြည်သူနဲ့ပါအားလုံးပူးပေါင်းပြီးတိုင်းပြည်အတွက်
အရာရာပြည့်စုံဘို့ကျိုးစားနေချိန်ဆိုရင်လဲမမှားပါဘူး ကျိုးလဲကျိုးစားနေတယ်ကျွန်တော်ယုံကြည်မိပါတယ်.ဒါပင်မဲ့ကျွန်တော်ပြောခြင်
တာက.အထက်ကလူကြီးတွေကပြုပြင်ပြောင်းလွဲဘို့ကျိုးစားနေချိန်မှာ အောက်လက်ငယ်သားတွေကတော့ အရင်လက်ကျန်အကျင့်
တွေမပြောက်သေးတာကိုပါ..
*အရင်ကဖိနှိပ်ချုပ်ချယ်ခြင်းတွေကို အထက်လူကြီးတွေကပြုပြင်နေချိန်မှာ အောက်လက်ငယ်သားတွေက အဲဒိဖိနှိပ်ချုပ်ချယ်မှု့ကို..
ကိုင်စွဲထားနေကြတုံးပါ ပြည်သူကျွေးတာကိုစားပြီးပြည်သူကိုခြိန်းခြောက်နှိပ်စက်ဘို့လုပ်နေကျတုံးပါ ပြည်သူဘာလုပ်လုပ် အာဏာ
နဲ့ခြိန်းခြောက်နေကြတုန်းပါ တကယ်တော့ဗျာဥပဒေတို့ အာဏာတို့ဆိုတာပြည်သူကိုနှိပ်ဆက်ဘို့မှမဟုတ်တာ ပြည်သူကိုစောင့်ရှောက်
ဘို့ပါ ဒါကိုသူတို့နားမလည်ကျတာလား ဒါမှမဟုတ်မသိခြင်ယောင်ဆောင်နေတာလား ဆိုတာစဉ်းစားလို့ကိုမရပါဘူး..
*တကယ်တော့သူတို့လဲ ပြည်သူထဲကပြည်သူတွေပါ ပြည်သူတွေရဲခံစားချက်ကိုနားလည်သင့်ပါတယ် တိုင်းပြည်တိုးတက်ဘို့ဆိုတာတိုင်း
ပြည်ရဲ့ခေါင်ဆောင်တွေမှာအရေးပါသလို ပြည်သူရဲ့စိတ်ချမ်းသာမှု့ကလဲအရေးကြီးတယ်ဆိုတာသိသင့်ပါတယ် ကိုယ့်တစ်ရောက်တော့
စိတ်ချမ်းသာစေ သူများတော့စိတ်ဆင်းရဲစေဆိုရင်တော့ဘယ်ကောင်းပါမလဲ အခုတော့ဗျာပြည်သူတစ်ခုခုလုပ်တော့မယ်ဆိုရင်အထက်
ကဘာမှမပြောသေးဘူး သူတို့တားဆီးဘို့ပိတ်ပင်ဘို့လုပ်နေကြပြီလေ တကယ်ဆိုရင်ဖြစ်လာသမျှတွေကိုသေချာစဉ်းစား အောက်မှာ
တင်ပြီးသင့်တာကိုအောက်မှာတင်ပြီးအောင်လုပ် မဖြစ်သင့်တာဆိုမိသားစုအသွင်ခေါ်ယူဆွေးနွေး ဒါဆိုရင်ပြည်သူကလဲလူသားတွေ
ဘဲ စဉ်းစားတက်ပါတယ် မှားတယ်ဆိုရင်ဘယ်သူလုပ်မှာလဲလေ ....
*အခုတော့ဗျာတစ်ခုခု လုပ်မယ်မှမကြံသေးဘူးဖမ်းမယ်ဆီးမယ် တားမယ်ပိတ်ပင်မယ် အမှန်လားအမှားလားဘာမှကိုမစဉ်းစား
တော့ဘူး သူတို့ရထားတဲ့အာဏာနဲ့ပြည်သူကိုဘယ်လို့နှိပ်ဆက်ရမလဲခြည်းဘဲစဉ်းစားနေကျတယ်လေ ကောင်းကြသေးရဲ့လား
ဗျာ အထက်ကလူကြီးတွေကပြုပြင်ပြောင်းလွဲနေချိန်မှာ အောက်လက်ငယ်သားတွေကတော့သူတို့ရဲ့ရထားတဲ့အာဏာလေးကို
ပြည့်သူ့အပေါ်ရသလောက်ပြနေကြတုန်း သူတို့ရဲအာဏာလေးနဲ့ပြည်သူကိုနှိပ်စက်နေတုန်း ပြည်သူလုပ်သမျှကိုအထက်လူကြီး
မျက်နှာရဘို့ရသမျှပိတ်ပင်တားဆီးနေတုန်းရှိသေးတယ်ခင်ဗျ..
*ကျွန်တော်ပြောခြင်တာက အထက်ကလူကြီးတွေရော အောက်လက်ငယ်သားတွေပါ အားလုံးပြုပြင်ပြောင်းလွဲမှနိုင်ငံဆိုတာတိုးတယ်
မယ်လေဗျာ အဲနောက်ပြီးပြည်သူကောပေါ့ အားလုံးပြောင်လွဲရမယ် တိုင်းပြည်အုပ်ချုပ်တဲ့သူတွေက ပြည်သူအတွက်ကြည့်ရမယ်
ပြည်သူကလဲ အရာရာတိုးတက်အောင်ကျိုးစားပြီးစည်းကမ်းရှိရမယ် တိုင်းပြည်အတွက်ပြန်ကြည့်ပေးရမယ် ဒါဆိုရင်ကျွန်တော်တို့
မြန်မာနိုင်ငံဟာ မကြာခင်တိုးတက်ပြီးချမ်းသာလာမှာသေချာပါတယ်.
*ဒါကြောင့်အထက်အထက်ကပြောင်းလွဲဘို့အောက်အောက်ငယ်သားတွေနဲ့ ပြည်သူတွေကလဲပြောင်းလွဲဘို့လိုပါတယ် .
မကောင်းတာတွေကို ကောင်းတာတွေနဲ့အစားထိုးပြီး မဖြစ်သေးတာတွေကိုဖြစ်အောင်လုပ်ပြရင်း ကျွန်တော်တို့မြန်မာနိုင်ငံတော်
ကြီးကိုဝိုင်းဝန်းတည်ဆောက်ကျမယ်ဆိုရင်မကြာခင်မှာအရာရာတိုးတက်လဲတဲ့နိုင်ငံတနိုင်ငံဖြစ်လာမယ်ဆိုတာယုံကြည်ရင်း..
အထက်ကပြောင်းသလို အောက်ကလဲပြောင်းနိုင်အောင်ကျိုးစားကျပါလို့တိုက်တွန်းရင်းနိဂုံးချုပ်အပ်ပါတယ်
********************************************************************************
.....အားလုံးကိုလေးစားလျှက်..............ဇွဲကိုကို..................