Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အချစ်သဘောထား (၂)

$
0
0

က ။ ။ ယောက်ျားတွေ ဘယ်လိုချစ်သူလိုချင်လဲသိလား

ခ ။ ။ အတွေ့အကြုံရှိတဲ့ အပျိုစစ်စစ်

က ။ ။ ယောက်ျားနဲ့ မိန်းမကွာခြားချက်ကဘာလဲ

ခ ။ ။ မိန်းမကယောက်ျားတွေလုပ်တဲ့အလုပ် အားလုံးလုပ်နိုင်တဲ့အပြင် ကလေးပါမွေးပေးနိုင်တယ်

က ။ ။ ယောက်ျားတွေက မိန်းမလူစွမ်းကောင်းတွေကို လေးစားတယ်

ခ ။ ။ ဒါပေမယ့် ကြိုက်တော့မကြိုက်ဘူး

က ။ ။ အချစ်မှာ မျက်စေ့မရှိဘူး

ခ ။ ။ ဒါတင်ဘယ်ကမလဲ စိတ်ရောဂါတောင်ပါသေးတယ်

က ။ ။ ဘယ်လောက်ဝမ်းနည်းစရာကောင်းတဲ့လောကကြီးလဲ

ခ ။ ။ အချစ်မရှိတော့လည်း စိတ်ညစ်ရ အချစ်ရှိတော့လည်း စိတ်ညစ်ရ...

က ။ ။ အချစ်ဆိုးနဲ့ တစ်ခါ နှစ်ခါကြုံဖူးမှ

ခ ။ ။ အချစ်ကောင်းကို ကျေးဇူးတင်ကြတယ်

က ။ ။ လိင်ကိစ္စဟာ သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ

ခ ။ ။ မိန်းခလေးတွေက သဘာဝအတိုင်း မျှောလိုက်ကြတယ် ယောက်ျားလေးတွေကတော့ သဘာဝကိုလိုက်စားကြတယ်

က ။ ။ ယောက်ျားတွေက မိန်းမတွေထက် ပိုချစ်တတ်တယ်ဆိုတာ ဘာနဲ့ သက်သေပြမလဲ

ခ ။ ။ ယောက်ျားတွေက အချစ်မရှိတဲ့အခါ ငွေနဲ့ဝယ်ယူတယ်

က ။ ။ ခုမြင်ခုကြိုက် အခုချစ် အခုအိမ်ထောင်ပြုသူတွေဟာ....

ခ ။ ။  ပျားရည်တစ်လ စမ်းပြီး အချဉ်ရေ တစ်သက်စမ်း ရမှာမသိကြဘူး

က ။ ။ စိတ်ညစ်နေတဲ့ ချစ်သူတွေ အိမ်ထောင်ရှင်တွေ ဘာလုပ်သင့်လဲ

ခ ။ ။ စကားချိုချိုပြော တရားချိုချိုဟော

က ။ ။ ကိုယ့်ကိုယ်ကို တန်ကြေးသတ်မှတ်ထားတဲ့ မိန်းမတွေ သူ့တန်ဖိုးအမှန်ကို ဘယ်အချိန်မှာ သိကြလဲ

ခ ။ ။ ယောက်ျားတွေ သူ့ကို စိတ်မ၀င်စားတော့တဲ့အချိန်

က ။ ။  ချစ်သူဘ၀မှာ ချစ်သူရဲ့ စကားတစ်ခွန်းကို တစ်ညလုံး အိပ်ပျက်ခံစဉ်းစားတယ်

ခ ။ ။ အိမ်ထောင်သည်ဘ၀မှာ မစဉ်းစားခင် အိပ်ပျော်သွားတယ်

အဓိကပြောချင်တာရှိပါတယ် .....

ယောက်ျားယူတယ် ယောက်ျားရတယ်

မိန်းမယူတယ် မိန်းမရတယ် ဆိုတဲ့ အသုံးအနှုန်းတွေဟာ

စိတ်ရဲ့နားလည်မှုကိုပါပြောင်းလဲစေပါတယ်... မမျှတတဲ့သဘောတရားတွေလည်းနေပါတယ်

ဥပမာ -  ယောက်ျားယူတယ် ဆိုပါတော့

ယူတယ်ဆိုရင် ယူတဲ့သူရှိရမယ် အယူခံရတဲ့အရာရှိရမယ်ပေါ့။

ယူလိုက်ပြီဆိုတော့ ရတာပေါ့။ ကိုယ်ရတာက ကိုယ်ပိုင်တာပဲ။ မိန်းမဆိုလည်း ဒီတိုင်ပါပဲ။

ယောက်ျားရတယ် ဆိုတာကိုလည်းကြည့်ပါ။ ရတယ်ဆိုတာ ပိုင်တာပေါ့။ ပိုင်တဲ့သူကပိုင်ရှင်ပေါ့။

ပိုင်ရှင်ဆိုရင် သူပိုင်တဲ့အရာကို လုပ်ချင်သလိုလုပ်ခွင့်ရှိတဲ့သဘော သက်ရောက်သွားတယ်။

ယောက်ျား မိန်းမ နှစ်ယောက်ရှိတဲ့ထဲမှာ

တစ်ယောက်က ယူတဲ့သူဖြစ်ရင် တစ်ယောက်က အယူခံဖြစ်မယ်

တစ်ယောက် ရတဲ့သူဖြစ်ရင် တစ်ယောက် အရခံဖြစ်မယ်

တစ်ယောက်က ပိုင်ရှင်ဖြစ်ရင် တစ်ယောက်က အပိုင်ခံဖြစ်မယ် ဒီလိုဆိုရင် မျှတမှုမရှိဘူးလို့ဆိုရမယ်

နှစ်ယောက်စလုံးက ယူသူဖြစ်လို့မရသလို နှစ်ယောက်စလုံး အယူခံဖြစ်လို့လည်းမရဘူး

ယူတယ် ရတယ် ပိုင်တယ်လို့ မမှတ်ကြပါနဲ့လို့ပြောချင်တယ်

လူလူချင်းဟာအခွင့်အရေးတူပါတယ်

အိမ်ထောင်ပြုလိုက်မှ ကျွန်ဘ၀ရောက်သွားတဲ့ မိန်းမတွေ အများကြီးတွေ့နေရသလို

အိမ်ထောင်ပြုလိုက်မှ နွားဘ၀ရောက်သွားတဲ့ ယောက်ျားတွေကလည်း ဒုနဲ့ဒေးပါပဲ

သားသမီးယူတယ် သားသမီးရတယ်ဆိုတဲ့နေရာမှာလည်း ဒီသဘောပဲ

သားသမီးကို ကိုယ်ပိုင်တယ်အမှတ်နဲ့ အချစ်ရေး အိမ်ထောင်အထိပါ လွတ်လပ်ခွင့်မပေးတဲ့ မိဘတွေလည်းအများကြီးပါပဲ

မိဘတွေကြောင့် ချစ်တဲ့သူနဲ့ကွေကွင်းရသူ မနှစ်သက်သူနဲ့ပေါင်းဖက်ရသူတွေကို ကြည့်ရင်သိနိုင်ပါတယ်

( မိဘနဲ့သားသမီး သဘောထားတွေလည်း ထပ်ပြောစရာတွေရှိနေပါသေးတယ်)

ကျနော့်ရဲ့သဘောထားတွေကို အဆက်မပြတ်ဖတ်ရှုအားပေးကြတဲ့

စာဖတ်သူ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။

(အကြောင်းကတော့ ကြားနေကျ အရာတွေနဲ့မတူတတ်တဲ့ ကျနော့သဘောထားတွေက

စာဖတ်သူကို စိတ်အနှောက်ပေးသလိုဖြစ်စေနိုင်လို့ပါပဲ)

စာဖတ်သူသဘောထားအမှန်ရပြီး ပျော်ရွှင်နိုင်ပါစေ ...


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>