ငယ်ရွယ်တဲ့ အချိန်မှာ ပညာကို ရအောင်ရှာကြပါ ပညာ ဆိုတာ ကောင်းတဲ့ အကြောင်းအရာတွေကို
ရှာဖွေပေးနိုင် လက်နက် ဖြစ်တယ်လေ ပညာ မတတ်တဲ့ နိုင်ငံ တွေ ဟာ မတိုးတတ်ပါ ပညာ မတတ်ရင်
အသက်ကြီး လာတဲ့ အခါ နောင်တတွေ နဲ့ ရှင်သန်ရတတ်တယ် ကမ္ဘာမှာ လေ့လာ ကြည့်ပါ ပညာတတ်တဲ့ နိုင်ငံတွေ တိုးတတ်နေလိုက်ကြတာလေ ပညာမတတ်တဲ့ နိုင်ငံတွေ ကြတော့ ဘာဖြစ်နေကြသလဲ ဘာမှ ကို ဖြစ်မလာဘူး ဖြစ်လာပါတယ် ဒုစရိုက်တွေလေ လူကြီး ကအစ ခလေး အဆုံးထိ လေ့လာကြည့်ပါ
လောက မှာ ပညာ နဲ့ တူတဲ့ အလင်းရောင် မရှိပါဘူး တဲ့
ဒါဆို ပညာ ဟာ ကောင်း တဲ့ အရာဆိုတာတော့ သေချာတယ်ဆိုတာ သံသယ ဖြစ်စရာ မလိုတော့ပါ
ပညာ ဆိုတာ အမျိုးမျိုးရှိပါတယ် စာပေမှာ သာဓက လေး တစ်ခု ၇ှိပါတယ်
အဲ ဇာက်ကောင် ကိုတော့ မေ့နေလို့ နာမည် မရေးလိုက်တော့ပါဘူး ကြားလဲ ကြားဘူးကြမှာပဲ
လူတစ်ယောက်လို့ ပဲ ရေးလိုက်မယ်နော်
ဇာက်ကြောင်းမှာ ပါတဲ့ လူတစ်ယောက်ဟာ အတန်းစာလဲ မတတ်ဘူး ဘွဲ့ လည်း ရမထားဘူး
ဒါပေမယ့်  သူ တစ်ခုကို တော့ ကျွမ်းကျင်စွာတတ်ထားတယ် အဲဒါ ဘာလဲ ဆိုတော့ ကျောက်စရစ်ခဲ ပစ်တဲ့ အတတ်ပါ အတတ်ပညာပေါ့
လက်နဲ့ ပစ်ရတာ ဆိုတာတော့ လက်မူ့ ပညာပေါ့ အဲ ပညာ ကို သူ တတ်တယ် တတ်တာ မှ သာမင်ညောင်ည တတ်ထားတာ မဟုက်ဘူးနော် ဘယ်လောက်ထိအောင် ကျွမ်းကျင်စွာ တတ်ထားသလဲ ဆိုရင် ကျောက်စရစ်ခဲလေးတွေ ကောက် ပီး သစ်ပင်အောင်နေ ထိုင်ရင်း သစ်ရွက်တွေ ပေါ် မှာ အရုပ်ထင်အောင် ပစ်ပေါ်နိုင်တယ် မြင်ချင်တဲ့ အရုပ်ကို ပြောလိုက် သူ ပစ်ပေးတယ် ဆင်ရုပ်လား နွားရုပ်လား အကုန် ကျောက်စရစ် နဲ့ ပစ်ပေါက်ပီး ဆွဲပေးနိုင်တယ် အဲလို သူက တ်တော့ တော့ သူနေထိုင်တဲ့ ရွာက ခလေး တွေက သူ့ ကို မုန့် ကျွေး ပီး သူတို့ လိုချင်တဲ့ အရုပ်ကို ပစ်ပေါက်ခိုင်းကြတယ် ခလေး တွေ ခိုင်းတာ အကုန် လုံး သူ က အရုပ်ပေါ်အောင်ပစ်ပေးတယ် အဲလို နဲ့ သူ က အသက်မွေးရတယ် ဟုက်တယ် သူက မချမ်းသာ ဘူးလေ အဲလို နဲ့ နေထိုင်ရင်း တစ်နေ့ မှာ သူဟာ ခလေးတွေ တောင်းဆိုတဲ့ အရုပ်တွေ ကို ပစ်ပေါက်နေတယ် အဲဒီအချိန်မှာပဲ ဘုရင် က တိုင်းခန်း လှည့် လည် တဲ့ အချိန်နဲ့တိုက်ဆိုင်နေတယ် တိုင်းခန်း လှည့် လည်ရင်း မြို့ အပြင်ဘက် သူ နဲ့ ခလေး တွေ နေတဲ့ သစ်ပင်အောက်ရောက်လာတယ် အဲ ခလေး တွေ က ဘုရင် လာတာ မြင်တော့ ပြေးကြတယ် သစ်မြစ်တွေ ကို ကွယ်ပီး ပုန်းနေကြတယ် အဲ ခုမှ သတိရလာတယ် ကျောက်စရစ်ပစ်တတ်တဲ့ သူ က ခြေ မတန်ဘူး လူတွေ က သူ့ ကို ငဆွံ့  လိုခေါ်ကြတယ် နမည်က ငဆွံ့  ပေါ့ ဘု၇င် လာပေမယ့် ငဆွံ့  ကတော့ မပြေးနိုင်ဘူး အဝေး ကြီးကို လေ
အဲချိန်မှာ နေက လဲ ပူတယ်ဆိုတော့ ဘုရင် က သစ်ပင်အောက်မှာ စခန်းချတာပေါ့ အဲ အချိန် မှာ သစ်ပင်အောက်မှာ ထိုင်နေတဲ့ ဘုရင် က သတိ ထားမိလိုက်တယ် ဘာကို လဲဆိုတော့ သစ်ရွက်အရိပ်တွေ က နေပြောက်ထိုးသလို အပေါကိပေါက်လေး တွေ နေ ဖြစ်နေလို့ လေ ဒါကို မူးကြီး မက်ရာတွေ ကို မေးတော့ ငဆွံ့  လုပ်ထားတာပါ လို့ အကြောင်းစုံ တင်လိုက်ကြတယ် ဘုရင် က သူ့ ကို ခေါ်စေပီး မေးတော့ ကျောက်စရစ်ပစ်တဲ့ အတတ်ပညာနဲ့ လုပ်ထားကြောင်း ရှောက်တင်တယ် ဘုရင် က မြင်တော် မူ ချင်လို့ ပစ်ခိုင်းတယ် ငဆွံ့  က လဲ သူတတ်ထား တာ လက်စွမ်း ကုန် ထုက်ပြတော့တာပဲ ဘုရင် သဘော ကျ ပီး အကြံ တစ်ခု ဖြစ်လာတယ် ဘာအကြံလဲ ဆိုတော့ သူ့ ရဲ့ နန်းတော် တွင်းမှာ စကား အရမ်း ပြောလွန်းတဲ့ တိုင်ပင်ခံ ပညာ ၇ှိ အမက်ကြီး တစ်ယောက်၇ှိတယ် သူက စကား ကို ပမာ ဏ မသိဘူး အရမ်းပြောတာ ပြောသင့်မှန်း မသိ မပြောသင့် မှန်း မသိ ပြောတာ ကြာတော့ ဘု ရင် က နားညည်းတော်မူလာတယ် ဘုရင် က မပြော နဲံ ဆို လဲ မရဘူး ပြောတာ ပဲ ဘု ရင် ပြောတာ တားမြစ်တာ ကို သူ နားမထောင်ဘူး ဘုရင် က အငယ် ဆိုတော့ ကြီး သူ ကို ကို အပြ စ်ပေး ရအောင်လဲ ဘုရင့်  ခမည်းတော်လက်ထက် ထဲက သူက ပညာ၇ှိ အမ တ် လုပ်လာတာဆိုတော့ အပြစ်မပေးချင်ဘူး အခွင့် ကောင်းကိုစောင့်နေတယ်ပေါ့ အဲ ဒီနေ့ ငဆွ့ံ့ နဲ့ တွေ တော့ သူ အကြံ ရလာပီ အခွင့် ရလာပီ ဘုရင်က ငဆွံ့ ကို အဲ အကြောင်း ပြောပြပီး မင်း သူ့  ပါးစပ်ထဲကို ဆိတ်ချေးတုန်း တပြည် ၀င်အောင် ပစ်နိုင်မလား မေးတယ် ငဆွ့ံ က မှန်ပါ ၀င်အောင်ပစ်ပေါက်နိုင်ကြောင်းပါ လို့ ပြန်ရှောက်တင်တယ် အဲ ဘုရင်နဲ့ ငဆွ့ံ အလုပ်သဘော ပြေလည် သွားကြပီ ဆိုပါတော့ ဒါနဲ့ ငဆွံ့ ကို နန်းတော် ကို ခေါ်သွားတယ်
နန်းတော်ေ၇ာက်တော့ ဘုရင် က မင်း ကန့်လန့်ကာ ရြ့ နောက် က နေ ငါ က အမတ်ကြီး နဲ့ စကားပြောနေမယ် အမတ်ကြီး ပါးစပ်ထဲ ကို ဆိတ်ချေးတုံးတွေ ပစ် ပါ လို့ ပြောထားတယ် ငဆွံ့  က လည်း ဘု၇င် မှာတော်မူတဲ့ အတိုင်း လုပ်တယ် အဲ ဆိတ်ချေးတုံး တပြည် သာ ကုန်သွားတယ် အမ တ် ကြီး စကား ပြောမရပ်သေးဘူး ဘုရင်က ငဆွံ့  ကို လှမ်းကြည့်လိုက်တယ် ငဆွ့ံ က လဲ ပြည်တောင်း မျောက်ပြလိုက်တယ် ကုန်ပီ ဆိုတဲ့ အထာပေါ့ ဒီအချိန်မှာပဲ
ဘုရင် က ပြောတော့တာပဲ
အမောင် အမတ် ကြီး သင်ဟာ စကား အရမ်း ပေါလွန်းတယ် နင့်ပါးစပ်ထဲ ဆိတ်ခေးတုန်းတပြည်ဝင်သွားတာတောင် သင်ဟာ စကားပြောလို့ မကုန်နိုင်သေးဘူး လို့ ပြောလိုက်တော့
အဲကြမှ အမတ် ကြီး သတိရလာတယ် သူ့စကားပြောနေတုန်းက ၀င်လာကို သိတယ် ဒါပေမယ့်  ဆိတ်ချေးတုန်း လို့ သူ့ သတိမထားဘူး စကားပြောပြတ်မှာစိုးလို့လေ
အဲဒီ အခါ ကြမှ အမ တ် ကြီး ဟာ စကားကို မပြောတော့ တာ
ဘုရင် က လဲ ငဆွ့ံ ကို ကျေးဇူးတင် ပိး ဆုတော်လာဘ်တော်တွေ ချိါ်မြှင့်တော်မူတယ် အိမ်တစ်လုံးကို ပေးသနားတော်မူလိုက်လေတယ်
ဆိုလိုချင်တာကတော့
အတတ်ပညာဆိုတာ ဘာပညာပဲ ဖြစ်ဖြစ် တတ်ထားတာ အကောင်းဆုံးပါ
ပညာဟာ တတ်ထားရင် အကျိုး မယုက်ပါဘူး ဟာကွာ ဒီပညာလောက်လေး ဘာလုပ်စားလို့ ရမှာလဲ လို့ တွေး ပီး မသင်ထားရင် နောင်တ ရတတ်ပါတယ် လူဘ၀ ဆိုတာ တရက်ထဲ မဟုက်ပါဘူး တစ်နှစ်ထဲ လဲ မဟုက်ပါဘူး မသေမချင်းနေထိုင်သွားရမှာပါ အဲဒီမသေခင် အတွင်း မှာ ငါ့တို့ ရှေိ မှာ ဘယ် ဒုက္ခတွေ အခက်ခဲတွေ တွေ့ ရအုံး မလဲဆိုတာ မသိနိုင်ကြဘူးလေ တတ်ထားတဲ့ ပညာတွေက အလုပ်မဖြစ်တာလဲ ၇ှိပါတယ် အလုပ်ဖြစ်တာ လဲ ၇ှိပါတယ် အဲမတတ်ထားတဲ့ ပညာတွေ နဲ့ တွေ့ တဲ့ အခါကြတော့ တတ်ထားတဲ့ ပညာဟာ အလုပ်မဖြစ်ပြန်ဘူး ဒါကြောင့် ဘယ်ပညာရပ်မဆို အခွင့် ၇လောက် သင်ထားကြရင် မကောင်းဘူးလား ကောင်းတယ် လို့ မင်းမင်း ပြောချင်ပါတယ်
ဟုက်ဟုက်ညားညား ဘာပညာ ပဲ ဖြစ်ဖြစ် သင် ကြဖို့ လဲ ဒီ ဘလော့  လေး ထဲ ကနေ အားလုံးကို တိုက်တွန်းလိုက်ပါရစေ
ခုကြည့်လေ
မင်းမင်း ရေးလိုက်တဲ့ ဇာကိကြောင့် ထဲ ငဆွံ့  သူ ဒီ လို ကြုံရမယ်ဆို တာ မသိဘူး ဒါပေမယ့် သူ အခွင့် ရတဲ့ အခိုက်မှာ ပညာကို လက်စွမ်း ကုန် ပြလိုက်တော့ ဘုရင် ရဲ မြှောက်စားမူ့ ကို ခံရတာပေါ့
ဒါဟာ
မပြောပလောက်တဲ့ ထင်မှ တ်မထား တဲ့
ပညာရဲ့ အကျိုးပါ
ပညာရဲ့ စွမ်းအားတွေ ပါ
အားလုံးပညာတတ်တွေ ဖြစ်စေလိုသောရည်ရွယ်စေတနာဖြင့်
ကြိုးစားလျှက်................