တစ်ခါတုန်းကပေါ့ဗျာ၊ နတ်ပြည်မှာ နတ်သားတစ်ယောက်စုတေပြီး လူ့ပြည်မှာ လူကလေးအဖြစ် မွေးဖွားရတော့မယ့် အချိန်ရောက်လာသတဲ့။ နတ်သက်ကြွေတော့မယ့် နတ်သားက နတ်မင်းကြီးကိုမေးမြန်းတယ်တဲ့။
'အကူအညီမဲ့တဲ့ ကလေးပေါက်စလေး ဘ၀နဲ့ လူပြည်မှာဘယ်လို နေရမှာလဲ' လို့မေးတာပေါ့
နတ်မင်းကြီးက
'နတ်မိမယ်တွေ အများကြီးရှိတဲ့အနက်က မင်းအတွက် နတ်မိမယ်တစ်ပါး ငါ ရွေးချယ်ပေးပေါ့မယ်၊ သူက မင်းကို စောင့်ရှောက်ပေးလိမ့်မယ်' လို ဖြေတာသတဲ့
နတ်သားက
'ဒါပေမဲ့ နတ်ပြည်မှာ ကျနော်က ပျော်ရွှင် ရယ်မောတာနဲ့ တေးသီချင်း ဆိုတာပဲလုပ်ပြီ ကျေနပ်ပျော်ရွှင်နေခဲ့တယ်၊ လူ့ပြည်ေ၇ာက်ရင်ကော' လို့မေးတယ်
'လူ့ပြည်ရောက်ရင် နတ်မိမယ်က မင်းကို တေးသီချင်းတွေဆိုပြလိမ့်မယ်၊ ချိုမြတဲ့ အပြုံးတွေ နေ့စဉ် ပြုံးပြလိမ့်မယ်၊ နတ်မိမယ်ရဲ့ ချစ်မေတ္တာကို မင်း ခံယူရပြီး အရမ်း ပျော်ရွှင်ပါလိမ့်မယ်' တဲ့
'ဟိုရောက်တော့ လူတွေက ကွိကွိကွကွ အမျိုးမျိုး လာပြောကြတဲ့အခါ ကျွန်တော်က သူတို့ပြောတဲ့ ဘာသာစကားကို မပြောတတ်ရင် ဘယ့်နှယ်လုပ်ရမှာလဲ၊ လူ့လောကမှာ ဘာသာစကားက အများကြီးရှိတာ' လို နတ်သားက ပြန်ပြောတယ်
'မင်းဘ၀မှား တစ်ခါမျှ မကြားဘူးခဲ့တဲ့ အင်မတန် ချိုသာအေးမြတဲ့ လေသံနဲ့ ချစ်စဖွယ် စကားလုံးလှလှလေးတွေကို နတ်မိမယ်က ပြောလိမ့်မယ်၊ သူက မင်းကို ဘယ်လို စကားပြောဆိုရမယ် ဆိုတာလည်း သင်ပြပေးမယ်၊ မင်းအပေါ်မှာ အင်မတန် သည်းခံစိတ်ရှည်ပြီး ဂရုတစိုက် အမြဲရှိလိမ့်မယ်' တဲ့
'လူ့လောကမှာ လူဆိုးလူမိုက်တွေ အများဘကီး ၇ှိတယ်လို့ ကျွန်တော် ကြားဖူးတယ်၊ ကျွန်တော်ကို ဘယ်သူက အကာအကွယ်ပေးမှာလဲ' လို့မေးမြန်းတယ်
'နတ်မိမယ်ကပြ မင်းကို ကာကွယ်စောင့်ရှောက်ပေးပါလိမ့်မယ်၊ သူ့အသက်စွန့်ရမယ်ဆိုရင်တောင်မှ အသက်နဲ့ရင်းပြီး မင်းကို ကာကွယ်ပေးပါလိမ့်မယ်' တဲ့
'နတ်မင်းကြီးနဲ့ တွေ့ရတော့မှာ မဟုတ်လို့ ကျွန်တော် ၀မ်းနည်းတာအမှန်ပါ'
'၀မ်းမနည်းပါနဲကွာ၊ နတ်မိမယ်က မင်းကို ကောင်းမှုကုသိုလ်တွေ ဘယ်ပုံဘယ်နည်း လုပ်ရမယ်ဆိုတာ သင်ပြပေးပါလိမ့်မယ်၊ ကောင်းတဲ့ အမှုပြုရင် တို့မဝေးဘူး'
အဲဒီလိုပြောနေဆဲမှာပဲ နတ်သားစုတေလို နတ်သက်ကြွေရတော့မယ့် အချိန်ကို ကျရောက်လာတယ်၊ နတ်သားက ခပ်မြန်မြန်ပဲ
'အို နတ်မင်းကြီး ကျွန်တော် ခုပဲ သွားရတော့မယ်၊ ကျွန်တော် မသွားခင်မှာ နတ်မိမယ်ရဲ့ နာမည်ကို ခပ်မြန်မြန်ပြောပြပါ' တဲ့
နတ်မင်းကြီးက
'နတ်မိမယ်ရဲ့ နာမည်က အေ၇းမကြီးပါဘူး၊ မင်းသူ့ကိုခေါ်မှာက အမေ...' တဲ့
သူငယ်ချင်းတို့မှာလဲ နတ်မိမယ်... ကိုယ်စီရှိကြမှာပါ...