ယနေ့ ၂၁ ရာစုတွင် မိန်းမသားများသည်လည်း ယောက်ျားသားများနဲ့ ယှဉ်ကာ အခွင့်အရေးများ ရရှိနေကြပါပြီ။
ဟိုအရင်ကဆိုလျှင် အိန်တွင်းပုန်း အလုပ်ဖြင့်သာ အချိန်ကုန်ကြရသည်။ ယောက်ျားသားတွေလို ပညာသင်ကြားခွင့်
အလုပ်ဌာနများတွင် လုပ်ကိုင်ခွင့် မရရှိကြပေ။ ယခုအချိန်မှာတော့ ပညာသင်ခွင့်တွေ အလုပ်ခွင်တွေမှာ
နေရာရလာကြပါပြီး။
ထိုသို့အခွင့်အရေးများ ရရှိကြသော်လည်း အချို့သော ယောက်ျားသားများရဲ့ ဖိနိပ်မှု အောက်မှ အဖြည့်ခံသက်သက်
ဆက်ဆံမှုများအောက်မှ မလွတ်မြောက်နိုင်ကြသေးသည့် မိန်းမသားများလည်း ရှိနေကြသေးသည်။ ထိုအရာများကပဲ
အိမ်ထောင်ရေးအဆင်မပြေမှုတွေ ဖြစ်လာသည်ဟုကျနော်ထင်မြင်မိသည်။
ကျနော်တို့ ပတ်ဝန်းကျင်မှ အချို့သောယောက်ျားများသည် အမျိုးသမီးများကို အပျော်သက်သက် အဖြည့်ခံသက်သက်
သဘောထားကာ ဆက်ဆံကြသည်။ ကျွန်တော် လည်းယောက်ျားတစ်ယောက်ဆိုပေမဲ့ ကိုယ့်ဘက်သူ့ဘက် စာနာထောက်
ထားမှု ဆိုတဲ့အရာကို ကြည့်သင့်သည် ဟု ခံယူမိပါသည်။ ငါကအိမ်ထောင်ဦးစီးပဲဆိုတဲ့ မာနနဲ့တော့ မိန်းမကို နေရာမပေး
အလေးမထားတဲ့ ဆက်ဆံမှုမျိုးမလုပ်သင့်ဟု ယူဆမိသည်။ ယောက်ျားတိုင်းတော့မဟုတ်ပါ။ ဒါပေမဲ့ ငါကယောက်ျားလေးပဲ
ဘာနစ်နာစရာရှိလဲ ဆိုတဲ့ စိတ်နဲ့ မိန်းခလေးတွေကို တန်ဖိုးမဲ့အောင်လုပ်နေကြတဲ့ ယောက်ျားလေးတွေရှိနေသည်။ ကျွန်တော်
တို့ မြန်မာတွေမှာ ယောက်ျားနဲ့ မိန်းမ ယောက်ျားကပိုမြတ်တယ် ဆိုတဲ့ လွဲမှားတဲ့ အသိဝင်နေကြတဲ့ သူများ တပုံတပင် ရှိနေ
ကြသေးသည်။ ကျွန်တော်တို့ မြတ်စွာဘုရားသည်မှာ ယောက်ျားနဲ့  မိန်းမဘယ်သူပိုမြတ်တယ်လို့  မဟောထားပေ လုပ်ဆောင်
ချက်ပေါ်မှာပဲ မူတည်ပြီး ယုတ်သည်မြတ်သည် ခွဲခြားဖို့ပဲဟောခဲ့သည်။ ယောက်ျားတစ်ယောက် ဖြစ်သော်ငြားလည်း ယုတ်ညံ့
တဲ့ အလုပ်ကိုလုပ်နေရင် မြင့်မြတ်တဲ့သူ မဖြစ်နိုင်ပါ။ မိန်းမ ဖြစ်နေပေမဲ့ မြင့်မြတ်တဲ့ အလုပ်ကိုလုပ်နေရင် မြင့်မြတ်တဲ့သူ လို့ပဲ
ဆိုရပါလိမ့်မယ်။ ဒီအချက်ကို လူသားတိုင်းသိထားဖို့ လိုပါသည်။ မိန်းခလေးတွေအနေနဲ့  ယုတ်ညံ့တဲ့ ယောက်ျားကို ဘ၀လက်
တွဲဖော်အဖြစ် မရွေးချယ်မှိဖို့ အရေးကြီးပါသည်။ ဒီနေရာမှာ ဆရာကောင်းသန့်  စာအုပ်ပါအကြောင်းအရာ လေးကို သတိရလို့ 
ဖောက်သည်ချလိုက်အုံးမယ်.....
မိန်းခလေးတွေဟာ တသက်လုံးပေါင်းရမယ့် လင်လောင်းလျှာ ရည်းစားထားတာကြတော့ အ၀တ်ရွေးတာ
လောက်မှ အပင်ပန်းခံပြီး ရွေးပါရဲ့လားလို့  အောင့်မေ့မှိတယ် ကိုယ့်အ၀တ်အစားကြတော့ ကိုယ်နဲ့လိုက်ရဲ့လား
အိမ်မှာရှိတဲ့ လက်ကိုင်အိပ်တွေ ဖိနပ်တွေနဲ့  လိုက်ပါ့မလားဆိုတာ စဉ်းစားပြီးဝယ်ကြတယ် ရည်းစားထား
တာကြတော့ ငါ့စိတ်နေစရိုက်နဲ့ သင့်ပါ့မလား ငါ့မိဘ ဆွေမျိုးဝင်းကျင်နဲ့  အဆင်ပြေပါ့မလား ဆိုတာမျိုး
စဉ်းစားကြပါရဲ့လားလို့ တွေးမိတယ်။ ။
ဒီစကားလေးကို ဆရာအောင်သင်းစေတနာနဲ့  မိန်းခလေးအတွက်ပြောခဲ့တယ်လို့  ကျွန်တော် ထင်ပါတယ်။ ဘာလို့ ဆို
တော့ ဒီလိုသေသေ ချာချာ စဉ်းစားဆုံးဖြတ်ပြီးမှ ဘ၀လက်တွဲဖော် အဖြစ်ရွေးတာတောင် နောက်ရေရှည်ပေါင်းသင်းကြ
တဲ့ အခါ အဆင်မပြေတဲ့သူတွေ အများကြီးပဲလေ ကျွန်တော့အနေနဲ့ အနှစ်ချုပ်ပြောရမယ်ဆိုရင် ယောက်ျားလေးတွေ
အနေနဲ့  မိန်းခလေးတွေအပေါ်မှာ အပျော်သက်သက် နဲ့ တော့ လူတစ်ယောက်ရဲ့ ဘ၀ကို မဆော့သင့်ပါဘူး။ မိန်းခလေး
တွေဟာလဲ ကိုယ့်အပေါ် စာနာ နားလည်ပြီး တန်ဖိုးထားမြတ်နိုးမယ့် ယောက်ျားမျိုးကို သေချာစဉ်းစားပြီး ရွေးချယ်နိုင်
မယ်ဆို ဘ၀လမ်းခရီးမှာ သာယာဖြောင့်ဖြူးနိုင်လိမ့်မယ်လို့  ကျွန်တော် ပြောရဲပါတယ်။ ။