ကဗျာဆရာသည် မြက်ခင်းပေါ်တွင် ထိုင်နေသည်
လက်ထဲတွင် စာရွက်နဲ့ ဘောပင် တစ်ချောင်းကိုင်ထားသည်
အတွေးများသည် ကောင်းကင်တွင် လွင့်သည်
တိမ်ကို ရွက်လွှင့်သည်
အဆုံးမရှိခြင်းသည် ကဗျာဆရာ၏ နှလုံးသားဖြစ်သည်
စာရွက်သည် လေတိုက်လျှင် လွင့်ချင်သည်
ကဗျာဆရာသည် စာရွက်ကို လွှတ်ပေးလိုက်သည်
စာရွက် လွင့်သွားသည်
ကဗျာဆရာ ပြုံးလိုက်သည်
လွတ်လပ်စွာ ပြုံးသည်
နွေးထွေးစွာ ပြုံးသည်
ကလေးငယ်သည် လှောင်ချိုင့်ထဲမှ
ငှက်ငယ်လေးကို နှုတ်ဆက်သည်
ကဗျာဆရာ၏ မျှော်လင့်ချက်များ ချုပ်နှောင်ခြင်း ခံလိုက်ရသည်
သူ ငိုသည်
ငှက်လဲ ငိုသည်..ငှက်ငိုသံကို ကဗျာဆရာ ကြားလိုက်သည်..
ရင်နှင့် ကြားသည်
ထို့နောက် သူ ရှိုက်လိုက်သည်
ကဗျာဆရာ၏ ရှိုက်သံသည် တိတ်ဆိတ်ခြင်းဖြစ်သည်..