ခင်မင်မှုဆိုတာရင်းနှီးမှုကနေအုတ်မြစ်တည်အစပြုခဲ့တာပါ။ တစ်ဦးနှင့်တစ်ဦးရင်းနှီးလာတာနှင့်အမျှ ခင်မင်မှု
သံယောဇဉ်တွေတွယ်တာလာကြတာသဘာဝပါပဲ။ အရင်ခေတ်တွေက တစ်ဦးနှင့်တစ်ဦးခင်မင်မှုရရှိဖို့ဆိုတာ လူချင်းတွေ့ဆုံကြမှပါ။
အခုခေတ်မှာတော့နည်းပညာတွေတိုးတက် လာတာနှင့်အမျှ ကျွန်တော်တို့ဟာလူချင်းမတွေ့ဘူးပဲနဲ့ ကမ္ဘာ့နေရာအသီးသီးကနေ တစ်ယောက်
နဲ့တစ်ယောက်ခင်မင်ရင်းနှီးလို့ရနေပါပြီ။ ဒါဟာကောင်းမွန်တဲ့အချက်တချက်ပါပဲ။ ခင်မင်တာကခင်လို့ရပါတယ် ဒါပေမဲ့ အယုံမလွယ်ကြဖို့
ပါပဲ။ အထူးသဖြင့်မိန်းကလေးတွေအနေနဲ့ကိုယ်နဲ့chat နေတာဘယ်သူဘယ်ဝါမှန်းလဲမသိဘဲ photo တောင်းတဲ့အခါအလွယ်တကူ
မပေးဖို့ပါပဲ။ ကျွန်တော့်သူငယ်ချင်းမလေးတွေထဲမှာတောင် ကိုယ်တွေ့ကြုံရတဲ့သူတွေရှိကြပါတယ်။ ကိုယ်နဲ့chat လို့ကြာလာတဲ့အခါ
photo တောင်းကြတယ် ပေးလိုက်မိတဲ့အခါနောက်နေ့မတွေ့ရတော့ဘူး။ နောက်မှကိုယ့် photo ကညစ်ညမ်း site တွေမှာဖြတ်ညှက်ကပ်ပြီး
တင်ထားခံရမှန်းသိကြတယ်။ ဒါဟာမဖြစ်သင့်ပါဘူး မြန်မာအမျိုးသမီးတွေရဲ့အရှက်ကို မြန်မာလူမျိုးတွေကပဲပြန်ခွဲနေကြတာဟာ
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေကြသလိုပါပဲ။
တချို့ညစ်ညမ်းsite တွေရဲ့site တည်ထောင်သူတွေကသူတို့site မှာupdate တင်နိုင်ဖို့
အတွက်အမျိုးသမီးတွေရဲ့photo တွေကိုရအောင်ဖန်တီးကြတယ်။ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုလူချင်းတွေ့ပြီးလက်ပွန်းတတီးနေရင်
တောင်ခန့်မှန်းရခက်တာ ဒီလိုမျိုးonline ပေါ်ကဆိုရင်ဘယ်လိုမှမသိနိုင်ပါဘူး။ တကယ်တမ်းဖြစ်ရင်နစ်နာရမှာက အမျိုးသမီးတွေပါပဲ။
ကိုယ်ကကျူးရင်ကိုယ့်ဒူးတောင်မယုံရဘူး ဆိုတဲ့အတိုင်း မိန်းကလေးတွေအနေနဲ့အယုံမလွယ်ကြဖို့ပါပဲ။