Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သွေးပေါင်းခတဲ့ တိတ်ဆိတ်ည

$
0
0

အခု အတောအတွင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စ။ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး အိမ်ကတိုင် ထွက်လာခဲ့တယ်။ တစ်နေရာရာကိုပေါ့။ ခုရောက်နေတဲ့ ရပ်ကွက်ထဲမှာ တော်တော်လေးကို ကြီးတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပါတယ်။ ညဘက်ဆို တော်တော်နဲ့ အိပ်မပျော်တတ်တဲ့ ကျွန်တော်။ အပြင်ဝရံတာမှာ ထိုင်ရင်း တိတ်ဆိတ် ငြိမ်သက် အိပ်မောကျနေတဲ့ ညရဲ့ အလှလေးကို ခံစားနေမိတယ်။ ခုလိုကြတော့လည်း သူ မဟုတ်သလိုပါပဲ။ တိတ်ဆိတ် နေလိုက်တာ။ တည်ငြိမ်နေလိုက်တာ။ နေခင်းက မြင်ခဲ့ရတဲ့ ပုံစံနဲ့ တစ်ခြားစီ။ နေရောင် ကွက်ကြားမိုးရွာပါမည် ဆိုသလိုပေါ့။ နေရာကွက်ကြား မှောင်လိုက် လင်းလိုက် နေရာလေးတွေကလည်း ညရဲ့ အလှကို ပိုမိုသက်ဝင်စေပါတယ်။ ကွက်ကြား ကွက်ကြား ပေါ်ပေါ်လာတဲ့ တက္ကစီတွေကလည်း အားကျမခံ ညရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကို ဖြိုးခွင်းနေကြလေရဲ့။ ကျယ်ဝန်းတဲ့ ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်မိတယ်။ ကြယ်လေးတွေက ကျွန်တော့်ကို လှောင်နေသလိုလို။ ပြောင်နေသလိုလိုပဲ။ မျက်စိမှိတ်ပြရင်း ကျီစယ်နေသလား ထင်ရတယ်။ ကြွေကျသွားတဲ့ ကျယ်လေးတွေကို ကြည့်လိုက်  လောကရဲ့ မတည်မြဲခြင်း သဘောတရားကို တွေးလိုက်နဲ့။ ရုတ်တရက် ကြားလိုက်ရတဲ့ အသံတွေကြောင့် ညရဲ့ တိတ်ဆိတ်ခြင်း အလှတရားလေး အကျည်းတန်သွားခဲ့တယ်။ ဘာ့ကြောင့်မှန်းတော့ မသိ။ တ၀ူးးးးးးးး. တဝေါင်……….. နဲ့ ဆူညံသွားတဲ့ ခွေးသံတွေ။ ဘုန်းကြီးကျောင်းဆီက ထွက်လာတာပါ။ ခွေးတွေနော်။ ထမင်းဟင်း အကြွင်းအကျန်ကို စားပြီး မသိတတ်လိုက်တာ။ ဘယ်သိတတ်မလဲ ပညာမှ မရှိတာလေ။ သူတို့ကို အပြစ်ပြောဘို့လည်း ခက်နေပြန်တယ်။ ပညာမရှိတာဟာ သူ့တို့ရဲ့ သဘာဝ အားနည်းချက်တစ်ခုလေ။ ဒီ ခွေးတွေရဲ့ အူသံ ဟောင်သံတွေက ညရဲ့ အလှကိုရော ပတ်ဝန်းကျင်ကိုရော တော်တော်ထိခိုက်စေပါလား။ ဟိုတွေး ဒီတွေး တွေးရင်း………

တိတ်ဆိတ်ခြင်းနဲ့ မီးရောင်၊

ညရဲ့ အလှကို တောက်ပြောင်စေခဲ့၊

ဟောင်လိုက်တဲ့ ခွေးတွေ၊

အူသံတွေ ဆူညံနေခဲ့၊

တိတ်ဆိတ်တဲ့ ညရဲ့အလှ၊

မင်းတို့ကြောင့် ပျက်ခဲ့ရပြီ - လို့

စိတ်ထဲမှာ ရေရွက်လိုက်မိပါတယ်။ အိပ်ချင်လာတာကြောင့်…….

 

အလုပ်ကိစ္စမပြတ်သေးတာကြောင့် နောက်တစ်ရက် နေရပြန်တယ်။ ညဘက်ရောက်တော့ အရင်နေ့ကလိုပဲ ထိုင်နေမိပြန်တယ်။ ဂျီထော့လေး ဖွင့်ကြည့်လိုက်။ ရွှေမြို့တော်အိမ်လေးမှာ နားလိုက်။ ကြယ်လေးတွေကို ကြည့်လိုက်။ တိုက်ခပ်လာတဲ့ လေညှင်းလေးတွေကို အမိအရ ဖမ်းဆုပ်ရှူသွင်းလိုက်နဲ့။ တော်တော်လေး ညနက်သွားသည်အထိ အိပ်မပျော်။ ဟိုတွေး ဒီတွေးနဲ့ ခွေးအူသံတွေ တိတ်ဆိတ်နေတာကို သတိထားမိလိုက်တယ်။ ဘာကြောင့် ဒီနေ့ မအူတော့တာ မဟောင်တော့တာလဲ။ မနေ့ကရော ဘာလို့ အူခဲ့တာ ဟောင်ခဲ့တာလဲ။ တစ်ယောက်တည်း ဟိုရောက်ဒီရောက်နဲ့ အတွေးနယ်ချဲ့ နေမိခဲ့တယ်။ အရမ်းအိပ်ချင်နေလို့ အိပ်ယာဝင်ခဲ့တိုင် တိတ်ဆိတ်လို့။ ခွေးအူသံ ဟောင်သံကို မကြားရတော့။ မနက်လင်းတော့ အသိတစ်ယောက်ကို ညနှစ်ညရဲ့ ခွေးအူသံဟောင်သံတွေနဲ့ ပတ်သက်တဲ့အကြောင်းလေးကို ပြောမိလိုက်တယ်။

“ဟုတ်တယ် ကိုစံလင်း၊ မနေ့ညနေကပဲ ခွေးတွေ အသတ်ခံလိုက်ရတယ်”။

“ဗျာ ၊ ဘာဖြစ်လို့လဲ ဗျ”။

“ပတ်ဝန်းကျင်ကို အနှောက်ယှက်ပေးလို့လေ။ ဒီလိုပဲ နှစ်နှစ်တစ်ခါလောက် ဖြစ်နေကြလေ”။

“အော်. ၊ ဘယ်သူတွေက သတ်တာလဲ”။

“တာဝန်ရှိသူတွေက ပေါ့ဗျာ”။

“အော် ဒါကြောင့်ကိုး။ ”။

ကျွန်တော့်စိတ်ထဲမှာ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ခွေးတွေရဲ့ သွေးတွေ လူးကြံနေခဲ့တာကို မြင်ယောင်မိသည်။ ဒါကြောင့် သွေးပေါင်းခတဲ့ တိတ်ဆိတ်ည- လို့ ခေါင်းစဉ်ပေးလိုက်မိသည်။ စိတ်မကောင်းရုံမှ လွဲပြီး ဘာမှ မတတ်နိုင်ခဲ့။ သူတို့အူသံ ဟောင်သံတွေ ကြားမိချိန်က စိတ်တိုမိပေမဲ့ ခုလိုကြားရတော့လည်း သနားမိသည်။ ဘေးကရောက်လာတဲ့ ခွေးတွေ။ ရပ်ကွက်ထဲက ယတြာချေတဲ့ ခွေးတွေ။ မွေးတဲ့ ခွေးတွေ။ ဒီလိုနဲ့ ခွေးတွေ များလာတာပေါ့။ ဘုန်းကြီးကျောင်းဆိုတော့ သိတဲ့အတိုင်းပဲလေ။ သူများအသက်ကို မသတ်တဲ့အပြင်  ပိုတဲ့လျှံတဲ့ ဆွမ်းတွေ ဟင်းတွေကို လည်း ကျွေးထားကြတာပေါ့။ ဘုန်းကြီးတွေက လူတွေတင်မဟုတ်ဘူး ခွေးတွေကိုလည်း ခုလို မေတ္တာထားတတ်ကြတယ်နော်။ တစ်ဖြည်းဖြည်းနဲ့ ခွေးတွေက များလာတော့ ခက်တော့တာပေါ့။ ပြောလို့လည်း နားမလည်။ ပင်ကိုယ်အသိစိတ် ကလည်း မရှိ။ ညတွေ နေ့တွေ မသိ။ သူတို့ဟောင်ချင်တဲ့အချိန် ဟောင်တယ်။ အူချင်တဲ့အချိန်အူတယ်။ ဒါဟာ သူတို့ရဲ့ သဘာဝ။ ပတ်ဝန်းကျင်မှာ နေတာက လူအများစု။ လူအများစုရဲ့ စရိုက်နဲ့ ခွေးတွေရဲ့ အသိစိတ်မရှိတာနဲ့က အဆင်မပြေ။ ဒီတော့ လူတွေက စိတ်တိုကြတယ်။ သည်း မခံနိုင်ကြဘူး။ တိုင်ကြ ပြောကြတယ်။ ပတ်ဝန်းကျင်အဆင်ပြေ ငြိမ်းချမ်းစေဘို့ အတွက် တာဝန်ယူထားတဲ့ တာဝန်ရှိသူတွေ လည်း လူများရဲ့ ဆန္ဒအတိုင်း လုပ်ပေးလိုက်ကြတယ်။ အရင်ကတော့ ကားနဲ့ ခွေးတွေကိုဖမ်းတင်တာတဲ့။ ခုနောက်ပိုင်းတော့ အဲလို မဟုတ်။ အသားတုံးကို အဆိပ်သုတ်ပြီး ကျွေးတာတဲ့။ ခွေးဆိုတဲ့ အကောင်တွေက ဘာ သိမှာလဲ။ အစာမြင်ရင် အာသာ တများများနဲ့။ အလုအယက် စားကြ သောက်ကြတာပေါ့။ အစာပေါ်က အဆိပ်ကိုမြင်ခဲ့မယ်ဆိုရင်တော့ ဘယ်စားပါ့မလဲ။ ဒီလို တွေးတတ် ဆင်ခြင်စဉ်းစားတတ်တဲ့ အသိစိတ်မရှိတော့ စားကြတာပေါ့။ စားကြတော့ သေကြပြီပေါ့။

 

ကြားဖူးတာက အသံကြောင့် ဖားသေ -- တဲ့။ မျက်စိမမြင်ရတဲ့ ဆင်က အသံကြားရာကို နင်းလိုက်လို့ ဖားသေခဲ့ရတာလေ။ နောက်ပြီး မိုးရွာလို့ ဖားသံကြားရာကို လိုက်ဖမ်းရာက ဖားတွေ သေခဲ့ကြရတယ်။ ဖားတွေတင် မဟုတ်ဘူး။ ခုတော့ ခွေးတွေလည်း အသံကြောင့် သေခဲ့ကြရပြီ။ သူတို့ အော်လိုက် အူလိုက် ဟောင်လိုက်တဲ့ အသံက သူတို့ကို ပြန်သတ်ခဲ့တာပဲ။ ခွေးတွေတင် မဟုတ်တော့ပါဘူး။ မဆင်ခြင်ပဲ တွေးခေါ်ကြံဆတတ်တဲ့ အသိပညာမရှိပဲ ပြောချင်တာပြောတတ်တဲ့ လူတွေလည်း သေခဲ့ကြရပြီ။ (သေတယ်ဆိုတာ ဂုဏ်သေသွားတာ ရာထူးသေသွားတာကို ပြောတာပါ)။ ဒီလိုပါပဲ။ အရမ်းလှတဲ့ မိန်းကလေးတွေလည်း အလှကြောင့် ဘ၀တွေ သေခဲ့ကြတာ များလှပါပြီ။ ကိုယ့်အလှတရားက ကိုယ့်ဘ၀ကို ပြန်သတ်ပစ်လိုက်တဲ့ သဘောပေါ့။ အတ္တတွေ မာနတွေ တဏှာရာဂတွေ ဒေါသတွေကြောင့် သေခဲ့ကြရတဲ့ လူတွေလည်း ဒုးနဲ့ဒေးပဲ။ Birth To Die- ဆိုတဲ့ စကားလေးကို ဖတ်မှတ်ဖူးပါတယ်။ မွေးဖွားလာပြီးရင် သေကြရမှာ မှန်ပေမဲ့ အသေမစောဘို့ အသေမဆိုးဘို့တော့ လိုတာပေါ့။ လူ့ဘ၀ ရဘို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ကျွန်တော်တို့ ငယ်ငယ်က တိရစ္ဆာန်ဆိုတာ လူက ချွတ်မှ ကျွတ်တာ - ဆိုတဲ့ စကားကြောင့် သတ်ရမှာကို ၀န်မလေးခဲ့ဘူး။ စာနာစိတ် သနားစိတ် မရှိခဲ့ဘူး။ ကြီးတော့မှ ဘ၀တဏှာရှိတဲ့ အကြောင်း သတ္တ၀ါတိုင်းက မိမိတို့ဘ၀လေးတွေကို သာယာနှစ်သက်ကြကြောင်း သိခဲ့ရတာပါ။ ပစ္စည်းဥစ္စာပေါများတဲ့ သူက အဲဒီပစ္စည်းဥစ္စာတွေကြောင့် ဘ၀တွေ ပျက်စီးသေခဲ့ကြရတယ်။ တကယ်တော့ ကိုယ့်မှာရှိတဲ့ ပညာ, ဥစ္စာ, အလှတရား, ဂုဏ်, ရာထူး, အသံ, အဆင်းတွေက ကိုယ့်ရဲ့ ရန်သူ မဖြစ်သင့်ဘူးပေါ့။ ကိုယ့်ဘ၀ရဲ့ အဖော်မွန်တွေပဲ ဖြစ်သင့်တာပေါ့။ ဘ၀ရဲ့ တက်လမ်း လှေကားတက် (သို့) ဘ၀အတွက် လှော်တက်ပဲ ဖြစ်သင့်တာပေါ့။ ဒါကြောင့် မိန်းမတွေရဲ့ ဥစ္စာဟာ အလှတရား- လို့ ရှေးပညာတွေ ဆိုခဲ့ကြတာ ထင်ပါရဲ့။ မိန်းကလေးတွေရဲ့ သဘာဝအရ လှချင်ကြမှာပေါ့။ လှအောင် ဖန်တီးလိုက်တဲ့ ၀တ်ပုံ, နေပုံ, ပြောပုံ, ဆက်ဆံပုံတွေက အလှတရားမဖြစ်ပဲ ဘ၀ကိုချိုးဖဲ့ပစ်မယ့် အဖျက်တရားတွေ ဖြစ်နေတာ ခက်တယ်ဗျာ။ အနိုင်ကျင့်မှု့တွေ သွေးဆောင်ဖြားယောင်းမှု့တွေ မကြာခဏဆိုသလို ကြားရ တွေ့ရ ဖတ်နေရတယ်။ ယောက်ျားလေးတွေကိုချည်းပဲ အပြစ်ပြောနေလို့လည်း မဖြစ်ဘူးလေ။ နေတာက မိန်းမနဲ့ ယောက်ျား။ ပစ်မှားချင်အောင် စိတ်တွေ ဖောက်ပြန်လာအောင် ဘာလို့ ၀တ်ကြ နေကြ သွားကြတာလဲ။ အဲဒီလို စိတ်ဖြစ်ခံချင်လို့ အဲဒီနေလို နေကြတာဆိုရင် အပြစ်မပြောနဲ့လေ။ ကိုယ့်ရဲ့ ပယောဂကြေင့်ဖြစ်လာတဲ့ ဒဏ်ကို အံကြိတ်သာ ခံပေးရော့ပေါ့။ မိန်းကလေးတွေကို ကျွန်တော် တစ်ခုလောက်ပြောချင်တယ်ဗျာ။ မြင်စေချင်လို့ မြင်အောင်ဝတ်ပြတာ, လူတကာကြည့်တာ ခံချင်လို့ ကြည့်ချင်အောင်ဝတ်ပြတာ, မိုက်တယ်ကွာလို့ အပြောခံချင်လို့ အပြောခံရအောင် ၀တ်ပြတာ ဆိုရင်တော့ အ၀တ် ၀တ်မနေပါနဲ့လို့။ ထင်ထင်ရှားရှား မြင်ရအောင် မိမွေးတိုင်းသာ နေလိုက်ကြပါတော့။ မြင်ရတာလည်း ရှင်းရှင်း, ကြည့်ရတာလည်း ရှင်းရှင်း,  ပြောဆိုသံတွေလည်း ဗွင်းဗွင်းပဲ ကြားရပါလိမ့်မယ်။ အ၀တ်စားဘိုးတောင် သက်သာသေးတယ်ဗျာ။ (ကိုယ့်ရဲ့ ၀တ်ပုံ နေပုံ သွားပုံ ပြောပုံ ဆက်ဆံပုံတွေက ကိုယ့်ဘ၀ကို ဖျက်ဆီးပစ်တာ, ကိုယ့်ဘ၀ရဲ့ ရန်သူဖြစ်နေတာတွေကို သတိထားစေချင်ပါတယ်၊ စေတနာ စကားပါ)။ သံသရာခရီးလမ်းမှာ ဘ၀ရဲ့ အဖော်မွန်ကတော့ သီလ ဒါန ဘာဝနာပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရင်ထဲမှာရှိတဲ့ တဏှာရာဂတွေ ဒေါသတွေ အတ္တ မာနတွေကို အဖော်အဖြစ် ပြောင်းလဲ ပစ်နိုင်ဘို့လိုတယ်။ အဖော်အဖြစ် ပြောင်းလဲ မပစ်နိုင်ခဲ့ဘူးဆိုရင်တောင် ကိုယ့်ရဲ့ ရန်သူ ကိုယ့်ဖျက်ဆီးပစ်မဲ့ အဖျက်တရားမဖြစ်ဘို့ ထိန်းသိမ်းထားနိုင်ရပါမယ်။ အဲဒီလို ထိန်းသိမ်းထားနိုင်ဘို့ ဆင်ခြင်စဉ်းစားတတ်တဲ့ အသိပညာကို အသုံးချရမှာပဲ။ ပညာဆိုတာ ချက်ပြုတ်စားသောက်ဘို့လည်း မဟုတ်၊ အလှကြည့်နေဘို့လည်း မဟုတ်၊ သော့ခတ်ပြီး သိမ်းထားဘို့လည်း မဟုတ်ဘူး။ အသုံးပြုဘို့ အသုံးချဘို့လေ။ ဒါကြောင့် အသံကြောင့် ဖားတွေ, ခွေးတွေ, လူတွေ သေခဲ့ရသလိုမျိုး ကိုယ့်ရဲ့ အလှတရား, ဂုဏ်, ရာထူး, ပညာအဆင့်အတန်း, ပစ္စည်းဥစ္စာတွေကြောင့် သေခဲ့ရသလိုမျိုး မဖြစ်အောင် အရာရာတိုင်းကို တွေးတော ဆင်ခြင် စဉ်းစားတတ်တဲ့ အသိပညာနဲ့ လုပ်ဆောင်ကြ ပါလို့ တိုက်တွန်းချင်ပါတယ်။

အသံကြောင့် ဖားသေ၊

ကြားဖူးတဲ့ စကားပါလေ။

ခုတော့ ……….

ခွေးတွေရော လူတွေပါ၊

သေခဲ့ ကြရ ကုန်ပြီ။

 

အသံကို မှီလို့ပဲဖြစ်ဖြစ်၊

အဆင်းကို မှီလို့ပဲ ဖြစ်ဖြစ်၊

ပညာကို မှီလို့ပဲ ဖြစ်ဖြစ်၊

ကိုယ့်ဘ၀ကို မဖျက်ဆီး သင့်ဘူး။

 

ကိုယ့်ရင်ထဲက အတ္တ၊

တဏှာနဲ့ ဒေါသတွေကို၊

မိတ်ဆွေတွေလို ဖြစ်အောင်ထိန်း၊

ရန်သူ အဖြစ် မယိမ်းစေနဲ့၊

ကိုယ့်ကို ဖျက်မဲ့ အဖျက်တရား၊

ရင်ထဲမှာ ထည့်ကာ ထားတော့။

ပျက်စီးလို့ သွား ပြီပေါ့ -- လို့

အတွေးစကို ကဗျာတိုတို စာအိုအိုလေးတွေနဲ့ မပီကလာ စာစီကာ ချပြရင်း မိမိကိုယ်မှာတည်မှီနေတဲ့ အရာတွေက ပြန်သတ်ခံရတဲ့ ဘ၀မျိုးမှ ကင်းလွတ်ကြပါစေ-လို့ ဆန္ဒပြုရင်း……………….

 

အားလုံးကို

ခင်တဲ့

စံလင်း

၂.၃.၂၀၁၃


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>