သူငယ်ချင်းရေ...
ရေမြေခြား ကမ္ဘာခြားရုံသာမဟုတ်ဘဲ ဘဝပါခြားသွားခဲ့ပြီနော်...
ကံကြမ္မာဆိုတာ ကြိုတင်မမြင်နိုင်မှန်းသိပေမဲ့ သေမင်းရယ် အခေါ်စောလှချည်လားလို့ အပြစ်တင်နေမိတယ်...
ဘဝသံသရာဆိုတဲ့ ချားရဟတ်ကြီးမှာ ငါလည်းမင်းလို တစ်နေ့ကြုံရအုန်းမှာပါလားလို့လည်း သံဝေဂရနေပြီလေ...
သံသရာစက် ဖန်လာချက်ကြောင့်
ဆုံတွေ့လာကြ လူ့ဘဝခဏမှာ
အမုန်းမထား မေတ္တာပွားပြီး
တို့တွေ ပျော်ခဲ့ကြတယ်နော်...
ခုတော့
ဘယ်ဘုံဘဝ ဘယ်ဌါနသို့
ရောက်မှန်းမသိ ရောက်ခဲ့ရသည့်
ချစ်သောသူငယ်ချင်း
ရောက်ရာဌါန ဘုံဘဝက
သာဓုခေါ်စေ မျှပေးဝေသည်
ကြားနိုင်ပါစေ သူငယ်ချင်း......
အမျှ အမျှ အမျှ ပါသူငယ်ချင်း...
*ကျိုက်ထီးရိုး အပြန် လှည်းကူးမြို့နယ်တွင် ကားမှောက်သေဆုံးသွားသော သူငယ်ချင်းအတွက်....*