ကျွန်တော် စာရေး ကဗျာရေး ဝါသနာပါ ပါသည်။
အတွေးပေါ်တိုင်းလဲ ရေးမိပါသည် ရေးတိုင်းလဲမဖြစ်ေ၇းပြီတိုင်းလဲ ပစ်...ပယ်....... အတွေ့ ဗဟုသုတ အားနဲတော့ တခါမှအဆင်မချောဘူး...
တနေ့ သော် သူငယ်ချင်း “ငအောင်“ နှင့်တွေ့ဆုံပြီးနောက် အတွေးအစများ ပြယ်မသွားခင် ပုံဖေါ်ရေးသားလိုက်ခြင်းဖြစ်ပါသည်...စည်းလွတ်ဝါးလွတ် ဖြစ်မှာကတော့သေချာပါသည်...သေချာပြီးသားမို့  အမှားများအားလုံးအတွက် ပြင်ဆင်ဖြည့်စွက် ဖတ်ရှုကြပါရန် ကြိုတင်၍တောင်းပန်ထားပါရစေ...ခင်ဗျား.။ရေးချင်လွန်းအားကြီးလို့  ရင်ထဲဖြစ်ပေါ်သည့် အတွေးအစများကို ရေးချလိုက်ချင်းဖြစ်ပါသည်...ခင်ဗျား.။
နေ့ တနေ့ ၏ ညနေစောင်း အချိန်တွင် အိမ်ရှေ့ ဝရန်တာရှိ စားပွဲဝိုင်း ခုံပေါ်တွင် အတွေးပေါ်တိုင်း ရေးသားထားသည့် စာများကို ရေးလိုက် ဖျက်လိုက် နဲ့  တယောက်ထဲ အလုပ် ရှုပ်နေစဉ်....နှုတ်ဆက်ခေါ်ကြား၍ အသံလာရာသို့  မော့ကြည့်လိုက်တော့..........
ငအောင်ပုံက ပေစုတ်စုတ် ဆုတ်ဖွါးဆံပင်နဲ့  လွယ်အိတ်စုတ်...စနောက်နေကြစကားလေး နားထဲ ပြန်လည် ကြားယောင်မိပြီး ကျွန်တော် ပြုံးမိလိုက်သည့် အပြုံးဖြင့် တဆက်ထဲမှာပင် သူငယ်ချင်းကို ခရီးဦးကြိုပြုလိုက်ပါသည်.။
ကျွန်တော်က မင်းဘယ်ကလှည့်လာတာလဲ လို့  မေးတော့ သူငယ်ချင်း ငအောင်က မြို့ ထဲကပါကွာ အချိန်စောသေးနဲ့  မင်းဆီတမင်လှည့် လာတာ...ဆေးပေါ့လိပ်တဖွါရှိုက်ရင်း ကျွန်တော့်အား အကဲခတ်ဟန်ဖြင့်...မင်းဘာတွေရေးနေတာလဲ ကျွန်တော့ကိုမေးတော့...ကဗျာရေးမလားလို့  ပါကွာ...ဒါပေမဲ့ ရေးလိုက် ပယ်လိုက်နဲ့  အချိန်ကုန်တာဘဲ အဖတ်တင်နေတယ် ငါ့စားပွဲကိုမင်းဘဲလှမ်းကြည့်လိုက်ပါတော့ကွာ.......
ကျွန်တော်၏ စားပွဲခုံပေါ်တွင်...ဖျက်ရာများသွာနှင့် ရေးပြီးသားသာရွက်တပုံ ခဲတံ ခဲဖျက် အတို အရှည် ဆွဲဆုတ်ပစ်ထားသော စာရွက်အပိုင်းအစများ လုံးထွေးပစ်ထားသော စာရွက် အပိုင်းအစများ ခုံပေါ်ခုံအောက်စုံလို့ ............ ကျွန်တော့စားပွဲအား သူငယ်ချင်းက လှမ်းကြည့်ရင်း.....သူ၏လွယ်အိတ်ထဲမှ မှတ်စုစာအုပ် တအုပ် ကျွန်တော့်ကိုလှမ်း ပေးပြီး ဒါ...ငါကြိုက်လို့ ပြုစုထားတဲ့ ကဗျာတွေလေ...မင်းဒီကဗျာတွေကိုအရင်ဖတ် လေ့လာအုံး ပြီးမှရေး.....
ကျွန်တော်လဲ လှမ်းယူပြီး အစအဆုံးတရွက်ခြင်းးကြည့်လိုက်တယ် အခြားအခြား သောကဗျာဆရာများနှင့် ကျွန်တော်အရင်းနှီးဆုံး ကဗျာ နှစ်ပိုဒ် ပါလာတာတွေ့လိုက်ရတယ်.......
““ ဟ““...ဒါ ရွှေမြို့ တော်ဆိုဒ်မှာဖတ်လိုက်ရတဲ့ ငါ့အကြိုက်ဆုံးကဗျာတွေဘဲ........ ကျွန်တော်လဲ သူ၏မှတ်စုကိုကြည့်နေရင်းဖြင့်...ရွှေပန်းချိ ရဲ့ ကဗျာလေးကို ကြုံတုန်းဖတ်ပြလိုက်အုံးမယ် မင်းနားထောင်ကြည့်...............
““ကဲ““.........လက်တင်မရ ပျက်ကာကျသည့် ရေပြင်ထက်က လရိပ်လေး...။ ရွှေပန်းချီ ရေးဖွဲ့ ပုံဘယ်လောက်ကောင်းလဲ...ဆိုတာမင်းကြားတဲ့ အတိုင်းဘဲ..........
အချိန်နဲနဲ ကျန်သေးတာနဲ့  တလက်စထဲ နောက်ထပ်.....“မမ“ ရဲ့ရေးဖွဲ့ ပုံလေး မင်းနားထောင်ကြည့်လိုက် အုံး.။
♥♥♥♥♥♥♥♥♥
♥ခေါင်းစဉ်မရှိမျောလွှင့်ခြင်း♥
ကောင်းကင်က တိမ်တွေ လေနှင်ရာလိုက်ပါရင်း
လမင်းကြီးခေါင်းအုံး ကြယ်လေးတွေစောင်ခြုံပြီး
စိတ်ရဲ့ ခြေရာတွေကို
အစိုင်အခဲတစ်ခုအဖြစ် သယ်ဆောင်လာရင်း
လွင့်မျောတတ်လွန်းတဲ့ .......
စိတ်.......ကဗျာစာ အစိုင်အခဲကို
မိုးတွေအဖြစ်ရွာချ တော့ နေမင်းကြီး ချောင်းကြည့်ချိန်မှာ
ငွေ့ရေဖွဲ့ပြီး ခံစားမှု့အတိုင်း မျောလွှင့်ကြတယ်...
စိတ်ရဲ့ခြေရာတွေကို စုတ်ချက်ပေးရင်း မြေဆွေး အဖြစ်နဲ့...
ကမ္ဘာကြီးပေါ် ကျန်ရစ်ခဲ့တယ်။
ကဗျာတွေသီ စာတွေစီပြီး
ငါချစ်တာ ပြောပြရရင်
ကမ္ဘာကြီး ထိုင်ငိုနိုင်တယ်
လမင်းကြီးကို တိုင်တည်ချိန်မှာ
ကြယ်လေးတလုံး ကြွေကျတယ်
အဲ့ဒီကြယ်လေးက ငါ့အသည်းနှလုံးပေါ့။။
““ကဲ““...ရေးဖွဲ့ ပုံက ဘယ်လိုပြောရမန်းတောင်မသိ ဘူး.။
မင်းမှတ်စုထဲက ကဗျာအားလုံး ဘာမှပြောစရာမရှိဘူး...ကျွန်တော်လဲ သူ၏ မှတ်စုစာအုပ်ကိုပိတ် ပြီး လှမ်းပေးလိုက်ရင်းဖြင့်......
မင်းမှတ်စုထဲက ကဗျာအားလုံး ရေးဖွဲ့ ပုံက.......နူးညံ့ သိမ်မွေ့ ...ပျော့ပြောင်းပြီး...လှလှ ပပ နဲ့ ...ချစ်စရာကောင်းလောက်အောင်...ရသမြောက်တဲ့...ကဗျာတွေမို့  မင်းတော့မသိဘူး ငါကတော့ကဗျာအားလုံးကို.........“ခိုက်တယ်....“.ဟေ့“.။
ကျွန်တော့သူငယ်ချင်း ငတောင်က ဆေးလိပ်တို ရှိုက်ဖွာရင်း ...ဒါကြောင့် ငါလဲပြုစုထားရတာပေါ့...ကွာ.။
တဆက်ထဲဆိုသလိုသူငယ်ချင်းက.....““ကဲ““....စကားလဲကောင်း ဆေးလိပ်လဲတို နေလဲညို...လို့ ..လှိမ့်လိုက် အုံးမယ် သူငယ်ချင်း နောက်မှထပ်တွေ့ မယ်........ဘိုင့်...ဘိုင်....
ပြန်ထွက်သွားသော သူငယ်၏ ခြေလှမ်းများနဲ့ အတူ သူ၏နောက်ကျောသို့ လှမ်းကြည့်နေရင်း....အတွေးအစ တပုံကြီးနှင့် ကျန်ရစ်သူ.........
ကျွန်တော် “ စာ ရူး ကဗျာ ရူး“
““ ရွှေပန်းချီ““နှင့်““မ.မ““တို့ ၏ကိုယ်တိုင်ထုဆစ်ကဗျာများကို ဖတ်ပြီးသူများ ပြန်လည်ဖတ်ရှု ခံစားစေရန်.............မဖတ်ရသေးသောသူများ ကဗျာ ကောင်းနှစ်ပိုဒ် ၏ ထုစစ်မှုကို တပြိုင်တည်း ဖတ်ရှုခံစားကြစေရန်...မြို့ သူ မြို့ သား အားလုံးကို စေတနာရှေ့ထားမေတ္တာများဖြင့် ထပ်မံဖေါထုတ် ကဗျာနှစ်ပိုဒ် မျှဝေလိုက်ပါသည်.။
အားလုံးကို အစဉ်လေးစားစွာဖြင့်...
မျှဝေ ကဗျာ
ကိုယ်တိုင်ရေး (ပို့ စ်) (3.3.2013)