Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ချစ်ခဲ့ ဖူးပါသည်..သို့ သော်

$
0
0

ပြန်မ၇နိုင်တော့သော ကျွန်မ၇ဲ့ အတိတ်မှာ သူ၇ှိသည်..။စကားနည်းသော၊ သံယောဇဉ်နည်းသော ၇ူတည်တည်နေတတ်သော အသားညိုညို ၊အ၇ပ်၇ှည်၇ှည်ကောင်လေးတယောက်၇ှိသည်။ ဘောလုးံဂျုာနယ်မှလွဲ၍ ဘာကဗျာ၊ ဘာဝတ္တုမှ မဖတ်တတ်သော အနုပညာဆိုသောစကားလုးံကို တောင် ကောင်းကောင်းနားမလည်သော ကောင်လေးတယောက်၇ှိသည်။ ဘယ်သူ့ ကြောင့်မှ ကျွန်မတို့ တွေ့ ခဲ့ ခြင်းမဟုတ်သလို၊ ဘယ်သူ့ ကြောင့်မှ မဟုတ်ဘဲနှင့်လည်း ကျွန်မတို့ လမ်းခွဲခဲ့ ၇သည်.။အတိတ်သည်တချို့ နေ၇ာတွင် ဝေေ၀၀ါးဝါးနှင့်ပျောက်ကွယ်ချင်သလို၊ တချို့ နေ၇ာတွေကိုတော့ ပြက်ပြက်ထင်ထင်မှတ်မိနေတတ်လေသည်..။
အတိတ်စာမျက်နှာတွေကို တခေါက်ပြန်လှန်ခွင့်၇ှိခဲ့ လျှင် သူနဲ့ ဖုန်းပြောခဲ့ သော နောက်ဆုးံတခေါက်က စကားတွေကို ကျွန်မ ပြန်ပြင်ပြောချင် ပြောခဲ့ ပေလိမ့်မည်..။
***************************
ငါတို့ ပထမဆုးံတွေ့ တဲ့ နေ့ က နင်ဘာအကျီ င်္ဝတ်ထားလဲ ငါမှတ်မိတယ်သိလား….ဟု သူပြောတော့ ကျွန်မကလည်း…..နင်လဲ ဘာဝတ်ထားလဲ ဆိုတာ ငါမှတ်မိတယ် ဟု ပြန်ပြောဖြစ်ခဲ့ သည်.။အချစ်သည် ဘယ်နေ၇ာက ပေါ်ပေါက်လာလဲ ကျွန်မ မသိပါ…။သို့ သော် စကားလုးံတွေ အများကြီး မလိုဘူးဟုတော့ ထင်ပါသည်..။
ဟာ…ဒါဆို ဟု ၀မ်းသာအား၇ပြောတော့ ကျွန်မက ဘာလဲ …ဟု ကြောင်တောင်တောင် ပြန်မေးဖြစ်ခဲ့ သည်..။
ဒါဆို..ဒါဆို နင်လဲ ငါ့ကို ချစ်နေလို့ ပေါ့ ဟုသူပြောတော့ ကျွန်မက ၇ယ်၇င်း ဘာဆိုင်လို့ လဲ ဟု ပြန်ပြောဖြစ်ခဲ့ ပါသည်.။
သို့ သော် အဲ ဒီနောက်တော့ သူနဲ့ ကျွန်မ ချစ်သူတွေ ဖြစ်
ခဲ့ ကြလေသည်.။ကျွန်မေ၇းတဲ့ ကဗျာတွေကို ဘောလုးံသမားနာမည်လောက်တောင် စိတ်ဝင်စားမှုမ၇ှိသော သူနဲ့ ကျွန်မ၇ဲ့ေ၇စက်သည် ထူးဆန်းလှပါသည်..။ကျွန်မက စာအုပ်ဆိုင်တွေဘက် ခြေဦး လှည့်နေချိန်တွင် သူကတော့ ခွေးနှင့်ပတ်သက်သော accessoriesများေ၇ာင်းသော ဆိုင်ဘက်သို့ သာ ဦးတည်နေတတ်သည်..။သူက ခွေးချစ်တတ်သလောက် ကျွန်မကတော့ အနားတောင် အကပ်မခံနိုင်လောက်အောင် ကြောက်တတ်လေသည်..။တခါတလေ သူ များစိတ်ပါလက်ပါ စာအုပ်မှာတတ်လျှင် ခွေးမွေးမြူေ၇းဆိုင်၇ာစာအုပ်များသာ ဖြစ်တတ်သည်..။ထိုအခါမျိုးတွင်တော့ ကျွန်မ က စာအုပ်လက်ဆောင်ပေးချင်နေသူဆိုတော့ လက်ဆောင်ဝယ်ပေးတတ်ပါသည်.။
တခါများ..သူ့ ကို ကျွန်မလိုပဲ စာဖတ်ဝါသနာပါစေချင်၍ စာအုပ်တအုပ်လက်ဆောင်ပေးဖူးပါသည်..။သူက ဘာမှ မပြောဘဲနှင့် ယူတော့ယူသွားပါသည်..။သို့ သော် ဘယ်နားချောင်ထိုးလိုက်လဲတော့ မသိပါ..။တပတ်လောက်ကြာ၍ ကျွန်မက စာအုပ်ကဘယ်လိုနေလဲ ..ဖတ်လို့ ကောင်းလား ဟုမေးတော့ ..မဖတ်ဖြစ်သေးပါ..တဲ့ …။တစ်လလောက်နေ၍ မေးတော့လဲ ထိုသို့ ပင်ဖြေသည်..။ထို့ ကြောင့်နောက်ပိုင်းတွင်တော့ သူ့ ကို စာအုပ်လက်ဆောင် မပေးဖြစ်တော့ပေ..။
ချစ်သူနှစ်ဦးကြားတွင် ၀ါသနာတူခြင်းမတူခြင်း၊ အမူအကျင့်တူခြင်းမတူခြင်းသည်
သိပ်အေ၇းမကြီးဟု ထင်ကောင်းထင်ကြလိမ့်မည်.။သို့ မဟုတ် ဒီလိုပဲ တဖြည်းဖြည်း ညှိယူ၍ ၇နိုင်သည် ဟု တွက်ချင်တွက်ကြလိမ့်မည်..။သို့ သော် ညှိယူဖို့ အခြေခံအကြောင်းလေးတော့ ၇ှိဦးမှသာ ညှိယူ၍ ၇နိုင်ပေလိမ့်မည်..။ထို့ သို့ မဟုတ်ပါက ထိုကဲ့ သို့ သေးမွှားသော မတူညီ မှုများသည်လည်း..ကြာလာတော့ ချစ်သူနှစ်ဦး၏ ဆက်ဆံေ၇းကို ထိခိုက်လာနိုင်လေသည်..။သို့ သော် ထိုကဲ့ သို့ အခြေခံဝါသနာမတူခြင်းသည် ကျွန်မတို့ နှစ်ယောက်၏ ချစ်ခြင်းကို တစိတ်တပိုင်းအက်ကွဲစေခဲ့ သည် မှန်သော်လည်း အဆုးံတိုင် တော့လဲ ပြတ်တောက်သွားစေခဲ့ သည့်အကြောင်း၇င်းတော့ မဟုတ်သေးပါ..။
ကျွန်မနဲ့ သူ၇ဲ့ ကွဲပြားခြားနားချက်က နောက်တခု၇ှိပါသေးသည်..။သူက သံယောဇဉ်နဲ ၊ စကားနဲ၍ ဒေါသထွက်ခဲ ပါသည်.။ကျွန်မကတော့ သူနှင့် ပြောင်းပြန်ကြီးသာ ဖြစ်သည်..။သံယောဇဉ်ကြီး ၊ အစွဲအလန်းကြီး၍ စကားလဲ အတန်ငယ် များလေသည်..။သူကတော့ ဒေါသထွက်ခဲ၍ ထွက်လျှင်လည်း…အံကိုကြိတ်၍ ကြိတ်မှိတ်နေတတ်ပြီး..ပါးစပ်က ထုတ်မပြောတတ်ပေ။သို့ သော် နံ၇ံကို လက်သီးနဲ့ ထိုးလိုက်တာမျိုး ၊ တွေ့ ၇ာပစ္စည်းတခုခုကို ကျုးံကန်လိုက်တာမျိုးနဲ့ ပေါက်ကွဲတတ်ပါသည်..။ကျွန်မနှင့်ပတ်သက်လျှင်တော့ ကျွန်မ မကြိုက်တာ တခုခုကို ကျွန်မေ၇ှ့ မှာ လုပ်ပြခြင်းဖြင့် အ၇ွဲ့ တိုက်တတ်လေသည်..။
တခါက သူ ကျွန်မကို ဒေါသထွက်ပြီး အ၇ွဲ့ တိုက်ခဲ့ ပုံကို မှတ်မိပါသေးသည်.။
အဲဒီနေ့ က ကျွန်မ မဂ္ဂဇင်းတိုက်မှာ စာမူသွားပို့ တော့ သူလိုက်လာပေးသည်..။မဂ္ဂဇင်းတိုက်ကအထွက် ကျွန်မနှင့်အလွန်ခင်သော စာပေမိတ်ဆွေ အစ်ကိုကြီးတယောက်နှင့် စကား၇ပ်ပြောမိသသည်ကို သူ ဘာကို မကျေမချမ်းဖြစ်သည်မသိပါ..။(နောက်မှ ပြန်ပြောပြတာကတော့ သူ့ ကိုဘေးထားပြီး မိတ်ဆက်မပေးဘဲနဲ့  အဲဒီတယောက်နဲ့ ၇ယ်၇ယ်မောမော ပြောနေလို့ 
တဲ့ ..။စာအုပ်အကြောင်းစိတ်မ၀င်စားတဲ့ လူကို စာပေမိတ်ဆွေနဲ့  မိတ်ဆက်ပေးဖို့ ကျွန်မ အာ၇ုံမ၇ာက်ခဲ့ တာတော့ တကယ်ပါ….ပြီးတော့လဲလေ ..အသိနဲ စကာ့းပြောပါတယ်ဆိုမှ..ငိုပြီး ပြော၇မှာလား.. ၇ယ်ပြီး ပဲ ပြောမှာပေါ့)
အဲဒီနောက်တော့ သူက ကျွန်မကို အ၇ွဲ့ တိုက်ပါတော့သည်..။သူနဲ့ ကျွန်မ မြို့ ထဲ သွားဖို့  taxi ဌားစီး၇ာ..taxiပေါ်တွင် ဆေးလိပ်သောက်ခြင်းဖြစ်သည်..။ကျွန်မက သူ ဆေးလိပ်သောက်တာ မကြိုက်၍ မသောက်၇န်ပြောထားဖူးပါသည်..။ထို့ ကြောင့် သူက ကျွန်မ မကြိုက်မှန်းသိ၍ တမင် သောက်ပြခြင်းသာဖြစ်သည်….။ပြီးတော့လဲ ကျွန်မေ၇ှာင်ထွက်သွား၍ မ၇သော နေ၇ာကို တမင်ေ၇ွး၍ သောက်ပြလေသည်..။ကျွန်မ က သူ အ၇ွဲ့ တိုက်နေမှန်းသိ၍ တခွန်းမှ မပြောဘဲ ခပ်မဆိတ်သာနေပေးလိုက်သည်..။တကယ်တော့ သူ့ ၇ဲ့ အဲ ဒီ လို တခုခုဆို ပါးစပ်က ထုတ်မပြောဘဲ အ၇ွဲ့ တိုက်တဲ့ အကျင့်ကို ကျွန်မ သိပ်မုန်းပါသည်..။အဲဒီ အကျင့်ကလည်း ကျွန်မ သူ့ ကို တဘ၀လုးံလက်တွဲ သွား၇န် မ၇ဲဝင့်စေသော အကြောင်းတခုလဲ ဖြစ်လေသည်.။
တခါတ၇ံ ကျွန်မသည် သူ့ စိတ်ကို နားမလည်ပေ။သူသည် သူ့ စိတ်ကို ဘာနဲ့ မှ ချည်နှောင် မခံချင်ဘဲ လွှင့်ထားတတ်သော သူမျိုးဖြစ်သည်.။ကျွန်မကို ချစ်နေခြင်းအပေါ်ကိုတောင်မှ သူ့ စိတ်ကို သူ ကျေနပ်၇ဲ့ လားလို့ ကျွန်မ မကြာခဏ တွေးခဲ့ မိပါသေးသည်.။ကျွန်မ ပေါ်တွင် ၇ှိသော သူ ၏ အနဲငယ်သော သံယောဇဉ်ကိုပင်လျှင် သူ က ၇ုန်းထွက်ချင်နေသည် ဟု ကျွန်မ ထင်သည်..။ချစ်၇တာကို မကြိုက်ဘူးဟု သူ ပြောခဲ့ တုန်းက ကျွန်မ အတော်အံ့သြသင့်ခဲ့ လေသည်..။ထို သို့ ပြောခဲ့ သော ပါးစပ်သည် ကျွန်မ ချစ်သူ၏ပါးစပ်မှ ဟုတ်ပါလေစ ဟု ထင်ယောင်ထင်မှားဖြစ်ခဲ့ မိပါသေးသည်.။
နှောင်ကြိုးတွေနဲ့ ချည်ထားတာကို မုန်းတယ်ကွာ….။တခါတလေ ကျွန်မ က သူ့ ကို ဘာမလုပ်နဲ့ ဟု ကန့်ကွက်မိသည်၇ှိသော်..သူက ထို ကဲ့ သို့ အော်တတ်လေသည်..။တကယ်တော့ ကျွန်မ က သူ့ ကို နှောင်ကြိုးများနှင့်ချည်နှောင်ထားသည် မဟုတ်ခဲ့ ပေ.။ချည်နှောင်ထားခဲ့ လျှင်လည်း..ထိုနှောင်ကြိုးများသည် တကယ်တော့ သူ့ အတွက် ဘာမှ အ၇ာမထင်သော နှောင်ကြိုးများသာ ဖြစ်လေသည်..။
တကယ်တော့ သူနဲ့ ကျွန်မသည် လျှောက်နေသော ပန်းတိုင်ချင်း မတူပေ..။ပန်းတိုင် မတူလျှင်လည်း အနဲငယ်ညှိနှိုင်း၍ တူအောင်ကြိုးပမ်း၇န် ကြိုးစားခဲ့ ဖူးပါသည်..။သို့ သော် ကျွန်မ သိလိုက်သည်ကတော့ သူ့ တွင် ကျွန်မနှင့်ပတ်သက်သော အနာဂတ်ပန်းတိုင် မ၇ှိခြင်းပင်ဖြစ်သည်ကို ၀မ်းနဲစွာ သိခဲ့ ၇လေသည်..။
လက်ထပ်ခြင်းဆိုတာ အချစ်ကို မီး၇ှို့ သဂြိုလ်လိုက်တာပဲ…
ဒီလို ၀တ္တုဆန်ဆန်စာသားတွေကို ကျွန်မ စာေ၇း၇င်သာထည့်ေ၇းဖြစ်ခဲ့ ပါသည်..။
သို့ သော် တကယ်တမ်းတွင်တော့ ချစ်သူတိုင်း ထိုပန်းတိုင်ကို လျှောက်လှမ်းချင်ကြမြဲ…လျှောက်လှမ်းနေကြမြဲဖြစ်လေသည်…။
ဘယ်တော့လက်ထပ်ကြမလဲလို့  ကျွန်မက စမေး၇မှာ မ၀ံ့၇ဲလောက်အောင် သူ့ တွင် ထို အ၇ာနှင့်ပတ်သက်၍ ဘာအ၇ိပ်အငွေ့ မှ မ၇ှိသည်ကို ကျွန်မ သိ၇ပြီး နောက်ပိုင်းတွင်တော့ ဘာအကြောင်းပြချက်မှ မပေးဘဲ သူ့ ကို စွန့် ခွာဖြစ်ခဲ့ ပါတော့သည်..။ကျွန်မက ဘယ်တော့မှ သူ့ ကိုစွန့်ခွာလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ လေသော သူကအတော်တော့အံ့ သြသင့်သွားခဲ့ ပ်ါသည်..။သို့ သော် သူ့ ဝသီအတိုင်း ကျွန်မ ကို ဘာတခွန်းမှ မမေး၊ ဘာတခွန်းမှလည်းမပြောဘဲ အံကိုသာကြိတ်၍ ကျောခိုင်းသွားခဲ့ လေသည်..။ကျွန်မ မှားသည် ဟု နောင်တ မ၇သော်လည်း…ချစ်သူကို စွန့် လွှတ်လိုက်သည့်အတွက်တော့ ကြေကွဲခဲ့ ၇ပါသည်..။
လမ်းခွဲပြီး ၃လလောက်ကြာတော့ သူ နောက်ဆုးံတခါဖုန်းဆက်ခဲ့ ပါသေးသည်..။
သတိ၇လို့ …ဟုသူပြောသည်ကို ..ငါတို့ နောက်ထပ်အဆက်အသွယ်မလုပ်ဘဲ နေကြတာ ပိုကောင်းလိမ့်မယ် ကျွန်မ တွန်းထုတ်ခဲ့ ပါသည်..။တကယ်တော့ ကျွန်မ က ကိုယ့်ကိုကိုယ် သိပ်သိသော သူတယောက်ဖြစ်သည်..။မဖြစ်နိုင်တော့သော ဇာတ်လမ်းကို ကျွန်မ ဇွတ်မှိတ်၍ မေ၇းချင်တော့ပါ..။သူနှင့်ထိုကဲ့ သို့ ဆက်လက်ပတ်သက်နေ၇လျှင် ကျွန်မ သူ့ ကို ပြန်လည်ငြိတွယ်သွားမည် ဆိုသည်ကိုကောင်းစွာ သိခဲ့ သောကြောင့် အစိမ်းဖြတ် ဖြတ်လိုက်၇ခြင်းဖြစ်လေသည်..။သူ ထိ၇ှနာကျင်သွား၇သည်ကို သိသော်လည်း ကျွန်မ ဘာမှ မတတ်နိုင်တော့ပေ..။နှလုးံသားကိုယုံ၍ ကံကို ပုံမချ၇ဲလေတော့ တယောက်တည်းဆိုသည့် အနေအထားလေးဖြစ်သွား၇န် လုံလောက်သည့် အတ္တကိုသာ တသက်လုးံ ပြုးံပြုံးလေးဖက်တွယ်ထား၇င်းနေ၇တော့မည် ဖြစ်လေသည်..။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...