အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော ပုဗ်ဗာကောဋိ န ပညာယတိ လို့ နိဒါန၀ဂ္ဂသံယုတ် မှာမြတ်စွာဘုရားရှင်က ဟောကြားတော်မှုခဲ့ပါတယ်
အဓိပ်ပါယ်ကတော့ လူတစ်ယောက်ရဲ့ သံသယာ အစကို ပုဂ္ဂိုလ်သတ္တ၀ါ အနေနဲ့ အစကို ရှလို့မတွေ့ဘူးလို့်ဆိုပါတယ် သံသယာရှည်လွန်းလို့
မြတ်စွာဘုရားတောင် အစရှာလို့မတွေ့ပါဘူး သံသယာရှည်တယ်ဆိုတာ ကြားဖူးလို့ သီချင်းထဲမှာလည်း နားထောင်ဖုးလို့ လြူကီးတွေကလည်း
ပြောနေကြမို့ နားရေ၀နေလောက်ပါပြီ တစ်မျိုးပြောကြည့်မယ် သံသယာရှည်တယ်ဆိုတာ ခေါင်းပြောင်းသေတဲ့ဇတ်ကြာတာကိုဆိုရင်မလွဲ
ပါဘူး အခု သူငယ်ချင်းတို့အားလုံး လူခေါင်းကြီးနဲ့ သံသယာဇတ်ခုံကြီးပေါ်မှာထွက်လာကြပြီး ဒီခေါင်းကနေ နောက်ခေါင်းကို မပြောင်းခင်
ကောင်းကောင်းနေရဘို့ ကောင်းကောင်းစားရဘို့ ကောင်းကောင်းဝတ်ရဘို့ ဒါတွေပြည့်စုံတော့မှ နောင်ဘ၀ ကောင်းစားဘို့ ဆိုတာတွေကို
ဖြည့်စည်းလုပ်ကိုင်နေကြတဲ့နေရာမှာ တစ်ချို့ ကံကိုဘဲအားကိုးအားထားပြုထားတဲ့ကံသမား တစ်ချို့က ဥာဏ်ပညာကို အားကိုးအားထားပြုတဲ့
ဥာဏ်သမား တစ်ချို့ကကြတော့ ကျိုးစားရင် ဘုရားတောင်ဖြစ်တယ်ကွဆိုပြီး လုပ်နေတဲ့ ၀ရိရသမား ဘယ်အရာမှန်တယ်လို့တော့
အဆုံးအဖြတိမပေးလိုပါဘူး သူနေရာနဲ့သူတော့ မှန်ကြတာပါဘဲ ဒီသာဓက လေးကို ဖတ်ပြီးတော့မှာ ဘာလုပ်သင့်လည်းဆုံးဖြတ်ကြပါ
တံငါသယ် တစ်ယောက်က ငါးလေး သုံးကောင်ဖမ်းမိလာတယ် ဒီငါးလေးတွေလတ်လတ်ဆတ်ဆတ်ဖြစ်အောင် အချိန်မတန်မှီမသေ
အောင် လှေဝမ်းထဲက ရေပက်တဲ့နေရာထဲမှာထည့်ထားတယ် တစ်ကောင်သောငါးကတွေးတယ် အတိတ်ကံရှိရင်လွတ်မှာဘဘဲလို့တွေး
ပြီး ဒီအတိုင်းပဲနေပါတယ် အဲဒီငါးက တံငါသယ် ဟင်းအိုးထဲကလွဲလို့သွားစရာလမ်းမရှိတော့ပါဘူး ဒါကြောင့် ကံယုံပြီးဆူးပုံမနင်းနဲ့လို့ဆို
တာပေါ့ နောက်တစ်ကောင်ကတော့ ၀ီရိယ ရှိရင်လွတ်ရမှာဘဲကွ ဆိုပြီးတော့ တဖြတ်ဖြတ်နဲ့ ခုန်နေတယ် ဒီတော့တံငါသယ်က တော်တော်
ဆော့တဲ့ငါ့ ဆိုပြီး လှေလှော်တဲ့တက်နဲ့ ရိုက်လိုက်လို့ တခါတည်းသေရှာတယ် ဥာဏ်မပါတဲ့ ၀ရီယလည်းတော်တော်ကြောက်ဖို့်ကောင်းပါ
တယ် ဒါကြောင်ည ပြာသလောက်ဖွဲမထွက်ဖူးလို့ ရှေးလူကြီးတွေဆိုကြတာပေါ့ နောက်ဆုံးတစ်ကောင်းက တွေးတယ် တံငါသယ်
လှေပေါ်ကဆင်းရင် လှေစောင်းမှာဘဲ အဲဒီအချိန်လှေထဲကို ရေ၀င်မှာဘဲ လှေအစောင်းရေအ၀င်မှာ အားသွန်ခုန်လိုက်ရင်လွတ်မှဘဲဆို
ပြီး လှေအစောင်းရေအ၀င် ကိုအားသွန်ခုန်လိုက်တော့ တံငါသယ်လက်ကလွတ်သွားပါတယ် ကိုယ်လုပ်တဲ့အလုပ်ကို ဥာဏ်ဦးစီးပြီး
ဝီရိယ ရှိရှိနဲ့လုပ်ရင်အောင်မြင်မှုဟာ မလွဲပါဘူး ကံဆိုတာကလည်း အလုပ်ပါ ဒါကြောင့် အသိပညာနဲ့ အတတ်ပညာ အသိပညာက
ပိုပြီးအရေးကြီးပါတယ် ဘယ်နေရာ ဘယ်လုပ်လုပ် အသိပညာမရှိဘဲလုပ်တဲ့ အတတ်ပညာဟာအောင်မြင်လည်းခဏပါ
ကံ ဥာဏ် ၀ီရိယ သုံးပါဆုံနိုင်ကြပါစေ