ချစ်သူနှစ်ဦးဟာ မညားခင်တုန်းမှာ တစ်မျိုး ညားပြီးသွားတော့ တစ်မျိုး အခြေနေတွေက သူ့ဟာနဲ့သူ ပြောင်းလဲသွားတတ်ကြပါတယ်။ ချစ်သူတွေဖြစ်နေတုန်းအစမှာ တစ်ယောက်ကိုတစ်ယောက် နွေးထွေးကြင်နာယုယမှုတွေပေးနိုင်သလောက် တူတူတစ်အိုးတစ်အိမ်ရာထောင်ပြီးသွားရင် သူ့ သဘောသူလုပ်၊ ကိုယ့်သဘောကို ကြိုက်သလိုလုပ်ပြီး အိမ်ထောင်မှုမှာ သဘောထားတွေကွဲလွဲ၊ အမြင်မကြည်တာတွေက တစ်နေ့ထက်တစ်နေ့ ပိုပိုတိုးလာ၊ အချင်းချင်း ရန်ဖြစ်၊ ငြင်းခုံရင်း တစ်ဘ၀သာဖြတ်ကျော်သွားရမယ့် အိမ်ထောင်ရေးဘ၀ဟာ ပျင်းစရာ၊ နားကျည်းစရာတွေ ကောင်းလာတယ်။ စိတ်ပျက်အားငယ်စရာတွေဖြစ်လာတယ်။ လျစ်လှုရှု့တာတွေ၊ တစ်ယောက်ပေါ်တစ်ယောက် သစ္စာမဲ့မှုတွေ ဖြစ်ပေါ်လာတယ်။ အရင်က ပျော်ရွှင်စရာ အမှတ်တရလေးတွေလဲ တစ်ဖြေးဖြေးနဲ့ မှေးမှိန်စပြုလာတယ်။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရသလဲလို့ မေးခွန်းထုတ်စရာလေးတွေ ဖြစ်ပေါ်လာမှာအမှန်ပဲ။ အောက်ဖော်ပြပေးမယ့် အချက်(၈)ချက်ကို ဖတ်ကြည့်ပြီး မှန်၏ မမှန်၏ကို ကိုယ်တိုင်ဆုံးဖြတ် ဆင်ခြင်နိုင်ကြပါစေ……
- မိသားစု အချင်းချင်းကြားတွင် ဆက်သွယ်ရေးများ ကောင်းနေရမယ်။
- မိသားစု အချင်းချင်း ရင်းနှီးမှုရှိရမယ်။
- စိတ်ကျဉ်းကျပ်မှုများ ကြုံလာတဲ့အခါတွင် ရယ်ပွဲ မဖွဲ့နိုင်ဦးတောင်မှ နှစ်ယောက်တူတူ ရယ်မော ပျော်ရွှင်နိုင်မဲ့ ဟာသဓာတ်ခံလေး(ဟာသဖောက်)တွေလည်း ရှိထားသင့်တယ်။
- အိမ်အလုပ်တွေကို ညီတူညီမျှ(ကျား၊မ)မခွဲခြားဘဲ ကူညီလုပ်ကိုင်ပေးတတ်ရမယ်။
- (ကလေးတွေ၊ အလုပ်တွေမပါဘဲ) နှစ်ယောက်တည်း သီးခြားအတူနေတဲ့အချိန်လေးတွေရှိနေတာ၊ ထမင်းလက်ဆုံစားတာလို၊ ကာယ လေ့ကျင့်ခန်းအတူလုပ်တာလို၊ ပွေ့ပွေ့ပိုက်ပိုက်နေတာလို၊ လက်ချင်းဆုပ်ကိုင်ထားတာလို၊ စာတိုလေးတွေ အပြန်အလှန် ရေးတာလို တစ်ယောက်နဲ့တစ်ယောက် နေ့စဉ် ထိတွေ့နေတတ်ရမယ်။
- နှစ်ဦးသဘောမျှတဲ့ ရည်မှန်းချက်တွေ၊ စိတ်ဝင်စားမှုတွေကို မျှဝေတတ်ရမယ်။
- မလုံခြုံတဲ့ စိတ်ခံစားမှုကို မဖြစ်စေဘဲ သူ့ဘာသာ သီးခြားရပ်တည်ခွင့်ပေးတတ်ရမယ်။
- သူရဲ့ ပိုင်ဆိုင်ခွင့်တွေနဲ့ တာဝန်တွေကို သီးခြားပေးထားတတ်ရပါလိမ့်မယ်။
မှတ်ချက်။ ။ အိမ်ထောင်ရေး နေရာတွင် ချစ်သူနှစ်ဦးအတွက်အစားထိုးပြီးလဲ ဖတ်ရှု့ဆင်ခြင်သုံးသပ်နိုင်ပါတယ်။
(( ထိမ်းမြား ပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်း စာအုပ်မှ ကောက်နုတ်ရေးသားထားပါသည်။ ))
တအာင်းသူလေး(ဆောင်းနှင်းဖြိုး)