Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တကယ်တော့….သူသိပ်တော်သည်။

$
0
0

သူ့အကြောင်း တစွန်းတစမှ မပြောကြသော သူငယ်ချင်းတွေကို  စိတ်နာ၇မလား၊ကျေးဇူးတင်၇မလား မသိပေ။ ပြောစ၇ာ မ၇ှိ၍ မဟုတ်၊ ထိုအကြောင်းအ၇ာကို သူတို့ရှောင်ကွင်း၍ ပြောဆိုနေကြခြင်းသာ ဖြစ်ပေသည်။ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မဒီထက်ပိုမခံစား၇နိုင်တော့တာသေချာနေသည်ပဲ။

သူ့ အကြောင်း တစွန်းတစတော့ ကျွန်မ ကြားချင်သေးသည်။အခုတော့ သူတို့က ထိုသို့

မဟုတ် ။ထိုအကြောင်းအ၇ာကို တမင်ပင်မေ့ဖျောက်၍  သူ့နာမည်ကိုပင် တစွန်းတစမှ

ထုတ်မပြောကာ တခြားအကြောင်းအ၇ာကိုသာအေ၇းကြီးသယောင်ပြော

ဆိုဆွေးနွေးနေကြခြင်း ဖြစ်လေသည်။ တကယ်တော့ သူတို့ပြော၇မည့် အကြောင်းအ၇ာ သည်..လတ်တလောဖြစ်ပျက်သွားသည့် ( မနေ့ညက သူ မိန်းမခိုးပြေးသွားသည်) ဟူသော  အကြောင်းသာ ဖြစ်လေသည်။

         ကျွန်မ နံနက်က အတန်းထဲ ၀င်ဝင်ခြင်း မေမွန်၇ဲ့ “မိုး” ဟု အထိန့်တလန့် ခေါ်သံ

( ကျွန်မ ကို ကိစ္စ တခု အေ၇းတကြီး ပြော၇န်စောင့်နေဟန်တူပါသည်)၊ ထို့နောက် ကျွန်မ နောက်ကကပ်ပါလာတဲ့ လင်းလင်း၇ဲ့ မျက်နှာ ၇ိပ် မျက်နှာကဲဖြင့် အချက်ပြပြီး

နောက်  မေမွန်က ဘာမှ မဟုတ်တော့ပါဘူးဟု လျှောချသွားပုံတွေက ဒီကိစ္စ ကို

သိပြီးသား ကျွန်မ အဖို့ ဘာမှ မထူးခြားပေ။

       သူ မိန်းမခိုးပြေးသွားပြီ ဆိုတာကို ဒီနေ့နံနက်စောစော သူ့ သူငယ်ချင်း ကျော်စွာ

၇ဲ့ ဖုန်းဆက်၍ အသိပေးမှုကြောင့် ကျွန်မသိခဲ့ခြင်းဖြစ်သည်။

            “  မိုးေ၇…ဟိုကောင်တော့ ဟန်နီ ကို မသွားပြီ ဟေ့…မနေ့ညက

ခိုးပြေးသွားတယ်တဲ့..သူတို့ အခု မော်လမြိုင်မှာလို့ ငါ့ကို ဖုန်းဆက်တယ်…”

        ကျွန်မတို့အကြောင်း ဘာမှ မသိသော ကျော်စွာ၇ဲ့ အသိပေး၇ုံသက်သက်

ဖုန်းဆက်မှုကို ကျွန်မ ဘာမှ ပြန်မပြောနိုင်လောက်အောင် ကြေကွဲခဲ့မိသည်။နာ၇ီ ဘယ်လောက်ကြာအောင်ပင်  ကျွန်မတွေငေး၍ ငိုနေခဲ့မိသည် မသိပါ…ခေါင်းထဲမှာ ဘာအကြောင်းအ၇ာမှ မ၇ှိဘဲ ဟာလာဟင်းလင်းဖြစ်နေသလို မျက်၇ည်တွေသာ တလိမ့်လိမ့်ကျဆင်းနေခဲ့လေသည်။

        တကယ်တော့လည်း သူ နှင့်ကျွန်မ သည် ထူးခြားနက်၇ှိုင်းသော ချစ်ခြင်းများဖြင့် အသေအလဲချစ်ခဲ့ကြသူများလည်း မဟုတ်။ သူများတွေ မသိသော နှောင်ကြိုးများဖြင့်သာ အချင်းချင်း၇စ်ပတ်၍  အမည်ခံ သူငယ်ချင်းဘ၀ဖြင့် ခင်တွယ်နေကြသူများသာ ဖြစ်ပါသည်။တယောက်လိုအပ်ချက်ကို တယောက်ဖြည့်ဆည်း၇ုံ၊ တယောက်အကြောင်း တယောက်သူများတွေထက် ပိုသိ၇ုံ၊

တယောက်ကို တယောက် တခြားသူငယ်ချင်းများထက် ပိုနားလည်၇ုံကလွဲလို့ ချစ်သူများဟု ခေါ်ဆိုထိုက်သူများလည်း မဟုတ်ပေ။  ဒါပေမဲ့လေ..ဘယ်သူသိမလဲ

ကျွန်မက သူ့ ကို နှစ်ပေါင်းများစွာ ချစ်လာတဲ့ ချစ်သူတယောက်လို နက်နက်၇ှိုင်း၇ှိုင်း ချစ်ခဲ့မိတယ် ဆိုတာ…

      ကျွန်မ၇ဲ့ သူ့ အပေါ် ထား၇ှိတဲ့ ချစ်ခြင်းကို ကျွန်မ၇ဲ့ အခင်ဆုးံသူငယ်ချင်းတွေက တစွန်းတစ၇ိပ်မိ၇ုံကလွဲ လို့ကျွန်မကတော့ ဘယ်တော့မှ ၀န်ခံခဲ့သည် မဟုတ်။ဒါပေမဲ့ ချစ်တယ်ဆိုတာ ဖုးံကွယ်ထားလို့၇တာ မဟုတ်တော့ သူတို့ကတော့ ၇ိပ်မိ သိ၇ှိခဲ့လေသည်။ သူကေ၇ာ..သူလဲ အနည်းငယ်တော့ သိကောင်းသိနေပေလိမ့်မည်..သို့သော် တကယ်တော့ သူသည်..သူ့ ကိုယ်သူက လွဲ၍

ဘယ်သူ့ကိုမှ ပိုမချစ်တတ်သော သူတယောက်ဆိုတာလဲ ကျွန်မကသိနေခဲ့သည်လေ။

       ဘာကြောင့် သူဒီလိုလုပ်သွားတယ်ဆိုတာတော့ ကျွန်မ ၇ုတ်တ၇က်နားမလည်ပေ။ တကယ်ဆို ဟန်နီနှင့် သူ သည် ကျောင်းမပြီးခင် ပညာေ၇း တပိုင်းတစဖြင့် လက်ထပ်၇လောက်အောင် အချစ်ကြီး ချစ်နေကြသူများလည်း မဟုတ်။

လွန်ခဲ့သော ၂လလောက်ကမှ စတွဲသော သူများသာ ဖြစ်လေသည်။ သူတို့နှစ်ယောက် ချစ်သူ ဖြစ်နေသည် ဟုတ်မဟုတ်တော့ ကျွန်မ မသိပေ။သူတို့ တွဲနေသည်ဟုသာ ကျွန်မ သိခဲ့သည်။အမှန်အတိုင်း ၀န်ခံ၇လျှင် ကျွန်မ သည် သူ ဟန်နီနှင့်တွဲနေခြင်း အပေါ် အနည်းငယ် သ၀န်တိုမိသော်လည်း ခဏ တွဲသည် ဟုသာ ထင်ခဲ့လေသည်။

ဟုတ်သည်လေ…သူ သည် ကျွန်မကို စိတ်ဆိုးတိုင်း မိန်းကလေးတယောက်ယောက်နှင့်

သ၀န်တိုအောင်တွဲပြတတ်သည် မှာ သူ့ ၇ဲ့ အကျင့်ပဲ ဖြစ်သည်။ထို့ကြောင့်လဲ ကျွန်မသည် ဟန်နီနှင့် သူ ဒီလိုပဲ ပြတ်သွားလိမ့်မည်ဟု ထင်ခဲ့လေသည်။ယခုတော့ သူ ဟန်နီကိုခိုးပြေးသွားသည်တဲ့..။ဒုတိယနှစ် စာမေးပွဲပင် မဖြေ၇သေးခင် သူ ဟန်နီကို ခိုး

ပြေးသွားခဲ့သည်။ဘာကြောင့်ဆိုတာ ၇ုတ်တ၇က်တော့ ကျွန်မ နားမလည်ပေ။

        သို့သော် တခုတော့၇ှိသည်။

လွန်ခဲ့သော တပတ်ကတော့ သူနှင့်ကျွန်မ ပြသနာ တက်ခဲ့သည်။

ကျွန်မနှင့် ကျွန်မကို အ၇င်က ၇ည်းစားစကား ပြောခဲ့ဖူးသော  နေနိုင် ဆိုသော တယောက်နှင့် အတန်းေ၇ှ့တွင် ၇ပ် စကားပြောနေသည်ကို သူမြင်သွား၍ ဖြစ်သည်။

နေနိုင်နှင့်ကျွန်မ ၇ယ်မော၍ စကားပြောနေသည်ကို သူတွေ့ သွားပြီး ကျွန်မကိုပြသနာ၇ှာလေသည်။

       နေနိုင်နဲ့ နင်ကဘာလဲ   ဟု သူက ကျွန်မကို မေးလေသည်။သူနဲ့ ဟန်နီ ဘာလဲဟု ကျွန်မတခါမှမမေးခဲ့ဖူးပေ။  ပြီးတော့ နေနိုင်နှင့် ကျွန်မသည် တကယ့်ကို သူငယ်ချင်းအကန့်သာ ၇ှိတော့သော သူများဖြစ်သည်။ကျွန်မလဲ သူ့ ကို အနည်းငယ်၇ွဲ့ ချင်သော စိတ်ဖြင့်  

         ဒါဆို..နင်နဲ့ ဟန်နီကေ၇ာ ဘာလဲ ဟု ကျွန်မ ပြန်မေးခဲ့လေသည်။သူသည် သူ ပြောသော စကားကို အတိုက်အခံပြောလျှင် ဘယ်တော့မှကျေနပ်တတ်သော သူမျိုး မဟုတ်ပေ..။

       “ငါနဲ့ ဟန်နီ ဘာဖြစ်ဖြစ် နင်နဲ့ မဆိုင်ဘူး” ဟု  တဖက်သတ်ပြန်ပြောခဲ့လေသည်။

  “ နင်နဲ့ ဟန်နီနဲ့ ဘာဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူးဆို၇င် ငါနဲ့ နေနိုင်နဲ့ ဘာဖြစ်ဖြစ် နင်နဲ့ေ၇ာ ဆိုင်လို့လား ’’

ဟု ကျွန်မ ပြန်ပြောခဲ့တော့ သူ က မျက်နှာ ချက်ချင်း ၇ဲတက်လာပြီး အလွန်ဒေါသ ထွက်သွားပုံဖြင့် ကျွန်မကို တချက်ကြည့်ကာ လက်သီးကို ဆုပ်၍ ချာကနဲ လှည့်ထွက်သွားလေသည်။  သူ့ကို အတိုက်အခံပြန်ပြောသော ကျွန်မကို တော်တော်ဒေါသထွက်သွားပုံ၇ပါသည်။ ထိုအချိန်မှ စ၍ သူသည် ကျွန်မကို စကားပင်မပြောတော့ဘဲ  ယခုတပတ်တွင်တော့ ဟန်နီကို သူခိုးပြေးသွားခဲ့လေသည်။ သူနှင့် ဟန်နီ ဘာဆိုတာ သူ ကျွန်မကို ပြောပြချင်ခဲ့ပုံ၇ပါသည်။

            ထိုကဲ့သို့ သူ့အကြောင်းကို နောက်ထပ် သုးံ၇က်လေး၇က်အထိ စကား မစပ်မိအောင် ကြိုးစားခဲ့သော ကျွန်မ သူငယ်ချင်းများကို ကျွန်မကလဲ ဘာမှ မခံစား၇သော ပုံစံဖြင့် ဟန်ဆောင်နိုင်အောင် ကြိုးစားခဲ့ပါသည်။ဒီနေ့တော့ လင်းလင်းက

မနေနိုင်ပုံဖြင့်

              “  မိုး၇ယ်…ငါတော့ မယုံနိုင်ဘူး..အောင်စစ်လုပ်သွားပုံကို..ဟန်နီကိုများ

ခိုးပြေးတယ်တဲ့…ခိုးချင်းခိုး နင့်ကိုဆို၇င် ငါယုံသေးတယ်..”

            “   ငါ့ကိုဆို၇င် နင်ကဘာလို့ယုံ၇တာလဲ လင်းလင်း၇ယ်…

ငါနဲ့အောင်စစ်က ချစ်သူတွေမှ မဟုတ်တာ..ဟန်နီ နဲ့မှ ၇ည်းစားတွေလေ..”

အဲဒီတော့ မေမွန်က ၀င်ပြောခဲ့လေသည်။

           “ဒါပေမဲ့လည်းဟယ်..နင်နဲ့ အောင်စစ် ဘယ်လောက် ၇င်းနှီးလဲ…ဘယ်လောက်နားလည်လဲ…ဟန်နီ ဆိုတာ နင့်ကို ၇ွဲ့ ပြီးတွဲတာပါဟာ ..

အသိသာကြီးပဲ ကို…”

    “ အေးလေ…အခုလဲ မိုးကို ၇ွဲ့ ပြီးခိုးပြေးသွားတာနေမှာပေါ့…ဒါပေမဲ့လည်းဟယ်.

.အောင်စစ်တော်တော် ညံ့တယ်...ငါအ၇င်က အောင်စစ်ကို သိပ်အထင်ကြီးတာဟ..

Bright ဖြစ်တယ်ဆိုပြီး..အခုတော့ မိုက်၇ူး၇ဲဆန်လိုက်တာဟာ..ကိုယ်လဲ မချစ်ဘဲ..ပညာေ၇းလဲ မပြီးသေးဘဲ…”

 လင်းလင်းက အောင်စစ်ကို နှမျောဟန်ဖြင့် တသသ ပြောလေသည်.။ဒါပေမဲ့ ကျွန်မကတော့ အောင်စစ် ဘာကြောင့် ဒီလိုလုပ်သွားတယ် ဆို တာ အခု၇က်ပိုင်း သဘောပေါက်နေခဲ့ပါသည်။ကျွန်မ သဘော ပေါက်သည့် အတိုင်းပဲ သူ ငယ်ချင်းတွေကို ပြန်ပြောပြဖြစ်ခဲ့လေသည်။

   “သူ ငါ့ကို ၇ွဲ့ ပြီး ခိုးပြေးသွားတာ မဟုတ်ပါဘူး ဟာ..သူ ငါ့ကို သူ့ တဘ၀လုးံနဲ့ ၇င်းပြီး

၇ွဲ့ ၇အောင် ချစ်နေခဲ့တာမှ မဟုတ်တာ…အောင်စစ်က မညံ့ ပါဘူးဟာ..သူက brightဖြစ်

ပါတယ်..ဆယ်တန်းမှာတောင် ဂုဏ်ထူး ၃ဘာသာ ထွက်ခဲ့တာပဲ…သူ ဟန်နီကို ရွေးတာ

အချိန်စော သွား၇ုံကလွဲလို့ သူ မှန်ပါတယ်…ဟန်နီက ဘယ်လောက်ချမ်းသာလဲ နင်တို့ ငါတို့ အသိပဲ..ပြီးတော့ သူ ကြိုက်တဲ့ type မျိုးက ဟန်နီလို မိန်းမမျိုးပဲ…

နင်တို့သိလား...သူ အ၇က်သောက်ချင် ၇င် အ၇က်ဌဲ့ပေးမဲ့ မိန်းမမျိုးက  ငါမဟုတ်ဘူး…ဟန်နီပဲ..သိလား..နောက်ပြီး သူ နေချင်သလိုနေ..ခွင့်ပြုပေးမဲ့ သူ က

ဟန်နီပဲ…ပြီးတော့ သူ ပြောတာကို ခေါင်းငုံ့ ခံပြီး သူ ပြောသမျှ ပြန်မပြောမဲ့ မိန်းမမျိုးကလဲ   ဟန်နီပဲ..သိလား…အောင်စစ် ဒါတွေ ဘာကြောင့် မသိ၇မလဲ..

အောင်စစ်က သိပ်သိတာပေါ့..

သူ ဘယ်လိုမိန်းမမျိုးကိုေ၇ွး၇င် သူ့ ဘ၀မှာ အချစ်က လွဲ၇င် ကျန်တာ အားလုးံ ပြည့်စုံ

မလဲ ဆိုတာ..နင်တို့ မသိ၇င် ငါပြောပြ၇ဦးမလား..အောင်စစ်ဂုဏ်ထူးထွက်ခဲ့တဲ့ဘာသာ

တွေက  math၇ယ်..  physics၇ယ်.. chemistry ၇ယ်..အကုန်တွက်စာချည်းပဲ..

အောင်စစ်က အတွက်အချက် သိပ်တော်တယ်ဟ…သူ ဟန်နီကို ခုချိန်လက်လွှတ်လိုက်၇င် နောင်တချိန် သူ ဟန်နီ ကို မယူဖြစ်တော့မှာ စိုးလို့..

အခုလို ခိုးပြေးသွားတာ…သူ ပျော်မှာပါဟာ..”

ဟု ကျွန်မ နာနာကျည်းကျည်း ပြောပြဖြစ်ခဲ့လေသည်.။ လင်းလင်းနှင့်မေမွန်ကတော့ ကျွန်မ ကို အံ့သြ ဟန်ဖြင့် ပါးစပ်အဟောင်းသား ငေးကြည့်နေခဲ့လေသည်။

                                                            

                                                                             ၇ှင်နွေး(21.8.2011)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>