သံယောဇဉ်တွေနှင့် ချည်ခဲ့တဲ့ ကြိုးတွေဟာ
ရိုးသားခြင်း များစွာနှင့် အစပြု ရစ်ပတ်ခဲ့တယ်။
မျက်ဝန်းအကြည့်များစွာ ၊ အမူအယာပေါင်းများစွာနှင့်
တစ်ယောက်ရဲ့လက်ကို တစ်ယောက်က ဖြုတ်မချရက်ခဲ့ဘူး။
တစ်ယောက်ရဲ့ချွေးစက်ကို တစ်ယောက်က
အပြုံးကလေးတွေနှင့် ဖြေသိမ့်ပေးခဲ့ရှာတယ်။
အတားအဆီးများစွာ၊ လောကဓံပေါင်းများစွာ
အရာရာဟာ သူတို့ရဲ့ ခိုင်မာတဲ့ သစ္စာတွေကို
ပိုပြီးတော့ အရောင်လက်စေခဲ့ပြန်တယ်။
အဖြူထည်ကိုအခြေခံတဲ့ ချစ်ခြင်းတရားတွေမှာ
မျှော်ကိုးမှုတွေဖြစ်ပေါ်မလာတတ်ဘူး။
တစ်ယောက်က နာကျင်နေရင်
တစ်ယောက်က ၀မ်းနည်းနေမယ်။
တစ်ယောက်က ပျော်ရွှင်နေရင်
တစ်ယောက်က ၀မ်းသာနေမယ်။
သူတို့ပျော်ရွှင်နေတဲ့အခါ ဘေးလူတွေတောင်
ငေးယူရလောက်အောင်.....။
သူတို့နာကျင်နေတဲ့အခါ အများကလည်း
မမြင်ရက်လောက်အောင် မျက်နှာလွှဲခဲ့ကြပြန်တယ်။
တစ်ခါတစ်ခါတော့လည်း လောကရဲ့ ကြမ်းတမ်းမှုတွေက
တွဲလက်တွေကို နာကျင်စေခဲ့တယ်။
ဒါပေမဲ့ အပြုံးမပျက်တဲ့သူတွေလေ
စိတ်အခန့်မသင့် ငါးမိနစ်
နာကျင်တဲ့အခါ တစ်ရက်လောာက်နှင့်
သူတို့တွေရဲ့အနာဂတ်လမ်းကို ချီတက်ခဲ့ကြတယ်။
ရဲဝံ့စွာ၊ တက်ကြွစွာ၊ နားလည်စွာ၊ ဖေးမမှုများစွာနှင့်
`မောင်ရှေ့ကသွား...
မေ နောက်က လိုက်မယ်လေ...´ တဲ့...။
P.S August 2011 ထုတ် အပျိုစင် Magazine ပါ တိုးနွေး (မန္တလေး) ရဲ့ ကဗျာကိုကြိုက်လွန်းလို့ ဝေမျှပါသည်။
♥♥♫ချစ်သူမောင်♫♥♥