ဥက္ခိတ္တာ ပုညတေဇေန၊ ကာမရူပဂတိံဂတာ။
ဘ၀ဂ္ဂတမ်ပိ သမ်ပတ္တာ၊ ပုနာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။ လို့ မြတ်စွာဘုရားက ဓမ္မဟဒယ၀ိဘင်း မှာဟောကြားခဲ့ပါတယ်။
ကျေးဇူးတော်အရှင်ေ မန်လည်ဆရာတော်ဘုရားကြီးဖွင့်ဆိုတာက ဒိဌိမကွာ ပုဂ္ဂိုလ်မှကား လူတွင်စကြာနတ်မှာသိကြား မိုးဖျားဗြဟ္မာ
ဖြစ်တုန်ပါလည်း ခန်ဓာ ပြိုကွဲ ကုသိုလ်ရှဲက ဖေါက်မြဲပါယ်ရွာရောက် မြဲသာတည်းလို့ ရှင်းရှင်းလေး ဖွင့်ဆိုပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်
သံသယာကနေ လွန်မြောက်ဘို့ ကြိုးစားကြရင်းနဲ့ နစ်ပြီးရင်းနစ်နေကြတာ ဘုရားက တရားဂုဏ်တော်မှာ ယခုကျင့်က ယခုပင်အကျိုးပေး
ပါတယ်လို့ဟောခဲ့ပါတယ် ဘာလို့များမလွတ်နိုင်ကြတာလည်း ကျွန်တော်ဥာဏ်မှီသလောက် ဆွေးနွေးကြည့်မယ်ဗျာ စာဖတ်သူမိတ်ဆွေ
အပေါင်းကလည်း ပြန်လည်ဝေမျှပါလို့တောင်းဆိုပါတယ်။ သုံးဆယ့်တစ်ဘုံကို ပိုင်းကြည့်မယ်ဗျာ အပါယ်က (၄)ဘုံ လူ့ဘုံက (၁) ဘုံ
နတ်ဘုံ (၆) ဘုံ ဗြဟ္မာဘုံက (၂၀) ပေါင်းလိုက်တော့ သုံးဆယ့်တစ်ဘုံပေါ့။ သုံးဆယ့်တစ်ဘုံရဲ့အပြင်ဘက်မှာ နိဗ်ဗာန် ရှိတယ် ၊
လူ့ဘုံကနေ သွားတော့မယ် လမ်းတွေ စဉ်းစားကြည့်ကြပါစို့ (၁) ကံလမ်း (၂) စါန်လမ်း (၃) ဥာဏ်လမ်း လမ်းသုံးလမ်းတော့တွေ့ပြီ
ကံလမ်းက အပါယ် လေးဘုံနဲ့ နတ်ဘုံတွေကို ပို့နိုင်တယ် ကျန်တာသူနဲ့မဆိုင်ဘူး ဘာလို့လည်းလို့ မေးစရာရှိပါတယ် ကျွန်တော်လည်း
ဖြေစရာရှိပါတယ် ဒါနတရားသာ လမ်းဆုံးကို ပို့နိုင်လို့ရှိရင် မြတ်စွာဘုရားလက်ထက်မှာ ဒါနပြုတဲ့နေရာမှာ အသာဆုံး အမြတ်ဆုံးဖြစ်လို့
မြတ်စွာဘုရားက ဂုဏ်ပြုရတဲ့ မလ္လိကာ မိဘုရားကြီး သေခါနီးအချိန် ဒိဌိနဲ့ ၀ိစိကိစ္စာ က၀င်ပြီး ပူးလိုက်တော့ ဘ၀မခြားဘဲ အပါယ်ကျသွား
ရပါတယ် ၊ နောက်တစ်ချက်လည်းရှိပါသေးတယ် သတ္တကနိပါတ်အဂုင်္ထ္ထို မှာဟောထားတလည်းရှိပါသေးတယ် မြန်မာလိုဘဲ ဆွေးနွေး
ပါမယ် ဒါနပြုတဲ့နေရာမှ စိတ်ထားခုနှစ်မျိုးရှိတယ်လို့ဆိုပါတယ် ငြိတွယ်ဘ၀၊ လူကြသံကြား ၊ မိဘများလို၊ အလူခံဆိုပြီ ၊ လူပြန်အားကြ ၊
ဘ၀အထုံ၊ လှူတုန်သစ္စာ ခုနှစ်ဖြာတွင် သစ္စာသာလျှင်ရရှာနိဗ်ဗန် ကျန်ခြောက်မျိုးမှာ လူ့ရွာနတ်ထံရောက်ပြန်ပါလည်း
အရှိန်ကုန်ကပြန်ပြီးကျသည် လို့ဆိုပါတယ် ကိုင်းကျွန်တော်တို့ လှူခဲ့တာတွေ အများကြီးရှိမှာပါ သစ္စာသိပြီး ဒီလိုဝတ်ဒုက္ခကလွတ်အောင်
ဆိုပြီလှူခဲ့တာ ရှားပါတယ် သေခြာစဉ်းစားကြည့်ရင် လှူဘုံထက် နတ်ဘုံကကောင်းတယ် နတ်ဘုံထက် ဗြဟ္မာ့ဘုံကကောင်းတယ် ဆိုပေ
မယ့် ဥာဏ်နဲ့ဝေဖန်ကြည့်ရင် ဒီမှာလည်း အိုနာသေ ဟိုမှာလည်း အိုနာသေ ဘယ်ဟာကဘာများထူးလို့လည်းဗျာ သစ်သီတစ်လုံးကို
တဘက်က အပုတ် တစ်ဘက်က ပိုးကိုက် ဘယ်ဟာသွားစားရတော့မှတုန်း ဒါနတရားမကောင်းဘူးလို့မပြောပါဘူး ဒါနကသံသယာရှည်
တယ်လို့မပြောပါဘူး ဥာဏ်မဦးစီးရင် ကံလမ်းကတော့ အပါယ်နဲ့ နတ်ဘုံ ဒါကိုဘဲပို့နိုင်မှာပါ တနည်းအားဖြင့် ဥာဏ်ဦးစီးတဲ့
အလှူမဟုတ်ရင် အပုတ်နဲ့ပိုးကိုက် လည်းတဲ့ပွဲကြီးပါ
နောက်မှဘဲ စါန်လမ်း နဲ့ ဥာဏ်လမ်းကို ဆွေးနွေးပါမယ် မိတ်ဆွေအပေါင်းတို့ အပုတ်နဲ့ ပိုးကိုက် လဲတဲ့ပွဲနဲ့လွဲပါစေ