Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လှေငယ်ရှင်....သို့

$
0
0

သူငယ်ချင်း.................................

ရည်မှန်းချက်ကြီးကြီးနဲ့ ဇာတိကိုအပြီးပိုင်စွန့်လို့ နိုင်ငံရပ်ခြားထွက်ခွါသွားတော့မယ့် မင်းအတွက် လက်ဆောင်လေးတစ်ခု ပေးလိုက်ပါရစေ၊ မင်းရင်ထဲ ထည့်သွားပေးပါ ၊ တစ်ခါတုန်းကပေါ့ လူတစ်ယောက်ဟာ ချောင်းငယ်ကျဉ်းကျဉ်းလေးတစ်ခုထဲကနေ လှေကလေးတစ်စင်းနဲ့ ခရီးထွက်ခဲ့တယ်၊ ဒီလူဟာ လှော်ရင်းခတ်ရင်းငေးမောရင်းနဲ့  ချောင်းကြီးတစ်ခုထဲ တဖြည်းဖြည်း ရောက်လာတယ်၊ ချောင်းကြီးလာတော့ ရေပြင်ကလဲကျယ်လာတယ် ရှုခင်းမြင်ကွင်းတွေကလဲ ပိုလှလာတယ် ၊ ဒီလူဟာ ဒါတွေကိုကြည့်ပြီး သိပ်ပျော်သွားတာပဲတဲ့ ၊ မြင်ရတဲ့ ရှုခင်းသစ်မြင်ကွင်းသစ်တွေကို တမေ့တမော ငေးလို့ ပျော်လို့ လှော်ခတ်လာလိုက်တာ တစ်ဖြည်းဖြည်းနဲ့ မြစ်တစ်ခုထဲ ရောက်လာပြန်တယ် ၊ လှေငယ်ရှင်လူကလဲ ပိုပြီးကျေနပ် ပိုပြီးပျော်လာမိပြန်တယ်၊ သူရှေ့တိုးလေလေ လှသထက်လှပတဲ့ ရှုခင်းမြင်ကွင်းတွေကို မြင်ရလေလေမို့ နောက်လှည့်ဖို့ နည်းနည်းမှ စိတ်ကူးမရှိတော့ဘူး၊ ဒီလိုနဲ့ ဆက်သွားလိုက်တာ မြစ်ငယ်ကနေ မြစ်ကြီး ၊ မြစ်ကြီးကနေ ပင်လယ်ထဲရောက်လာတော့တယ် ၊ ဒီအထိ လှေငယ်ရှင်ဟာကျေနပ်နေတုန်းပဲတဲ့ ၊ နောက်တော့ ပင်လယ်က တစ်ဖြည်းဖြည်း ကျယ်မှန်းမသိကျယ်လာပြီး သမုဒ္ဒရာကြီးထဲရောက်လာတယ်၊ သမုဒ္ဒရာကြီးထဲရောက်လို့မှ မကြာပါဘူး ၊ သမုဒ္ဒရာကြီးရဲ့ထုံးစံအတိုင်း လှိုင်းတွေ တံပိုးတွေ ဝဲတွေ ဂဟက်တွေကြီးလာတဲ့အခါမှာ သူ့လှေငယ်ကလေးဟာ ဘယ်လိုမှထိန်းမရတော့ပဲ ရေအလယ်မှာ စုံးစုံးနစ်ရော့ တဲ့ ၊ ဒီတော့မှ လှေငယ်ရှင်ဟာ အရမ်းနောင်တရသွားတယ် ၊ သူ့လှေကလေးနဲ့အတူ သူနစ်မြုပ်ခါနီးမှာ သူ့ခေါင်းထဲ အရင်ဆုံးသတိရလိုက်တာက ပထမဆုံးထွက်လာခဲ့တဲ့ ရေချောင်းကျဉ်းကျဉ်းလေးကိုပဲတဲ့ ၊ ငါပေးလိုက်ချင်တဲ့လက်ဆောင်လေးက ဒါလေးပါသူငယ်ချင်း ၊ မင်းဘဝမှာ ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲကြုံကြုံ ဘယ်အရပ်ကိုပဲရောက်ရောက် နိမ့်နိမ့်မြင့်မြင့် ဘဝမမေ့စေချင်လို့ ဒီလက်ဆောင်လေးကို ပေးဖို့ ရည်ရွယ်မိတာပါ ၊ လူရယ်လို့ဖြစ်လာမှတော့ ပုံပြင်ထဲကလှေငယ်ရှင်လို စွန့်တာတော့ စွန့်စားရမှာပဲ ၊ ဒါပေမယ့် လှေငယ်ရှင်လိုတော့ သမုဒ္ဒရာထဲရောက်တဲ့အထိသွားပြီး ဘယ်တော့မှ လှေနစ်မခံပါနဲ့ ၊ ကိုယ့်လှေနဲ့ ရေလှိုင်း မနိုင်တော့ဘူးထင်တာနဲ့ နောက်ကြောင်းသာ ပြန်လှော်ခဲ့ပါ ၊ သူငယ်ချင်းစပြီး ထွက်သွားတဲ့ ချောင်းငယ်ကလေးဟာ ကျဉ်းကျဉ်းလေးပေမယ့် သူငယ်ချင်းကို ဘယ်တော့မှ အန္တရာယ်မပေးပါဘူး........။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>