အချစ်ဆိုသည်မှာ သူ့ချည်းသက်သက်ဆိုရင် အင်မတန်မှ နူးညံသိမ်မွေ့ပါသည် ပြီးတော့ ခွန်အားလည်း အင်မတန်မှကြီးမားပါသည် အမုန်းခွန်အားကတော့ အပူခွန်အားဖြစ်ပြီး အချစ်ခွန်အားကတော့ အေးမြသောခွန်အားပါ
အရာရာမှာ အကောင်းနဲ့အဆိုးရှိတယ်ဆိုပေမယ့် အချစ်မှာတော့ အကောင်းနဲ့အဆိုးချိန်ဆရင်အဆိုးက တစ်ခုပဲရှိပါတယ်
အဲ့ဒီအဆိုးကလည်း အကောင်းများစွာတို့ထက် အင်အားကြီးတယ် အချစ်ဆိုတဲ့အရာက သူအဆို့းအောက်ရောက်သွားရင် အင်မတန်မှပူလောင်ပါတယ် အဲ့ဒီ အဆိုးကဘာလဲဆိုတော့ သဝန်တိုခြင်းပါပဲ ချစ်လာပြီဆိုရင်သေချာတယ် သဝန်တိုခြင်းကင်းတဲ့အချစ်တော့မရှိနိုင်ဘူးလို့တော့ထင်ပါတယ် သဝန်မတိုတတ်သေးဘူးဆိုရင်တော့ တကယ်မချစ်သေးလို့ပဲဖြစ်မယ်
ချစ်ခြင်းစစ်ရင်တော့ သဝန်တိုခြင်းက အနည်းနဲ့အများရှိမှာပဲ အနည်းနဲ့အများတော့ပူလောင်ရမှာပဲ အဲ့ဒီသဝန်တိုခြင်းကို ထိန်းနိုင်ရင်တော့
အပူသက်သာလာပြီး သာယာတဲ့ချစ်ခြင်းကိုပိုင်ဆိုင်မှာပါ ပြီးတော့ အဲ့ဒီအချစ်နဲ့ပဲ အရာရာကိုကျော်ဖြတ်နိုင်မှာပါ
ချစ်သူနှစ်ဦး ကြားမှာ သံသယ ဆိုတဲ့ မြူခိုးဝေ့လာပြီဆိုရင် အဲ့ဒီချစ်သူနှစ်ဦးဟာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူုး
ချစ်သူနှစ်ဦးရဲ့ သာယာပျော်ရွှင်မှုကို ခဏလေးနဲ့ ဖျက်ဆီးပစ်လိုက်နိုင်တာ သံသယပါပဲ အဲ့ဒီ သံသယကြောင့်
ချစ်သူနှစဦးရဲ့ အနှစ်နှစ်အလလ ခံစားချက်တွေကို မြုပ်နှံပြီးချစ်ခဲလည်း သံသယဆိုတာရှိလာခဲ့ပြီဆိုရင်တော့
တင်္ဒဂလေးအတွင်းပိုင်းမှာ အဲ့ချစ်သူနှစ်ဦးကို သံသယဆိုတဲ့ အရာကတစိမ်းဆန်ဆန် စိမ်းကားသွားအောင် သူလုပ်လိုက်ပါတယ်
ကျနော်ဒီ ဘလော့ပိုစ်လေးတင်ရတဲ့ ရယ်ရွယ်ချက်ကတော့ လူတိုင်းမှာ အချစ်နဲ့မကင်းကြလို့ပါ ကျနော်လည်း သိလို့ တတ်လို့ တင်တာတော့ မဟုတ်ပါဘူး ရွှေမြို့တော်မှာရှိတဲ့ သူငယ်ချင်းတို့ရဲ့ အမြင်နဲ့
ကျနော့်ရဲ့ အမြင်ကို တူမတူဆိုတာလေးသိချင်လို့ပါ
ဒါကြောင်း မှားတာလေးတွေပါနေရင်လည်း ခွင့်လွတ်ပေးကြပါ လို့ပြောချင်ပါတယ်
ပြီးရင် ဝေဖန် အကြံပြုသွားဖို့လည်း မေတ္တာရပ်ခံပါတယ်