ယောက်ျားများသည် မိမိတို့စီးပွားရေး ပေါင်းသင်းဆက်ဆံရေး တို့တွင် တိုးတတ်အောင်ပြုလုပ်သကဲ့သို့ ၊ သူတို့၏ သားမယားများနဲ့ပေါင်းသင်းဆက်ဆံ
ရာတွင် အဘယ့်ကြောင့်ကောင်းမွန်တိုးတက်အောင် မလုပ်သည်ကို မိန်းမများ တွေးမရအောင်ဖြစ်ရသည်။
ကျမတို့ မိန်းကလေးတွေဆိုတာ ကိုယ့်ယောက်ျား ချစ်လို့ရိုက်တာကို ခံနိုင်တယ် ၊ မုန်းလို့ ကြည့်တာ တော့မခံနိုင်ဘူး။
ယောက်ျားတွေဟာ လှပသောပန်းပွင့်လေးများကို မြင်ရရင် စုပ်ချာသော ခြံစည်းရိုးကို သတိမရသကဲ့သို့ ။ ထို့အတူ အလိုက်သိတတ်ပြီး ၊ အပြုစုကောင်း
သောဇနီးမယားအပေါ်ဝယ် မည်သည့်ချို့ယွင်းချက်ကိုမှ အမှုထားတော့မည် မဟုတ်။
တကယ်စင်စစ် အမျိုးသားအမျိုးသမီးတို့သည် ငွေဆယ်သိန်း ရအောင်ကြိုးစားခြင်းထက် ၊ မိမိတို့ အိမ်ထောင်ရေး သာယာအေးချမ်းအောင် ကြိုးစားခြင်းက ပိုအရေးကြီးသော်လည်း၊ ထိုအကြောင်းကို လူတစ်ရာတစ်ယောက် ပင် မစဉ်းစားကြပေ။