Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ယနေ့ခေတ်ပြောင်းလဲလာသော မြန်မာ့ယဉ်ကျေးမှု

$
0
0
ယနေ့ခေတ်ပြောင်းလဲလာသော မြန်မာ့ယဉ်ကျေးမှု
2.2.2013 နေ့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ဆွမ်းသွားကပ်တော့ ဆရာတော် မိန့်လိုက်တဲ့ စကားလေးကို ပြန်ပြောပြချင်လို့ ဒီပို့စ်ကိုရေးလိုက်တာပါ။

အဲဒ်ီနေ့ကစလို့ဒီပို့စ်ကို ဘယ်လိုရေးရင်ကောင်းမလဲလို့စဉ်းစားနေတာ မမရှင်းသန့်မေရဲ့ “ညီမလေးသို့” ဆိုတဲ့ကဗျာလေးကို ဖတ်မိပြီးမှ အခုလိုရေးဖို့ စဉ်းစားမိခဲ့တယ်။

မမရှင်းရေးထားတဲ့ကဗျာလေးကို ဖတ်ဖူးသူတော့သိကြပါမှာ။ မြန်မာမိန်းကလေးတွေကို ကောင်းစေချင်တဲ့ မြင့်မြတ်တဲ့စိတ်ထားတွေ အဲကဗျာလေးတွေမှာ တွေ့ရပါလိမ့်မယ်။

အဲဒါနဲ့ မမရှင်းရဲ့ကဗျာလဲဖတ်ပြီးရော ဟိုအပတ်က ဘုန်းတော်ကြီးသင်စာသင်ကျောင်းမှာ ဆရာတော်မိန့်လိုက်တဲ့ စကားလေးပြန်စဉ်းစားမိရင်း ဒီပို့စ် အသက်ဝင်လာတာပါ။

အခု မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုဟာ အလွန်အနောက်တိုင်းဆန်လာတာကို တွေ့ရပါတယ်။ လူကြီးပဲဖြစ်ဖြစ် လူငယ်ဘဲဖြစ်ဖြစ် အနောက်တိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးခြင်းခံနေကြရတယ်။

အဲမှာပြောချင်တာက အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးခံရတာထက် လွှမ်းမိုးအောင် မိမိဘာသာပဲ ဖြန့်ဝေနေကြတယ်ဆိုရင် ပိုမှန်မယ်လို့တော့ထင်ပါတယ်။
အဓိကတော့ လူငယ်တွေမှာ ပိုလွှမ်းခြုံနေကြတယ်။ ဒီယဉ်ကျေးမှုမှ ခေတ်မှီတယ်ဆိုတာမျိုး နေရာတိုင်းမှာ ကြားရလေ့ရှိတယ်။

ဒါနဲ့ ဆရာတော်မိန့်လိုက်တဲ့စကားကိုပြန်ဆက်ပါ့မယ်။ ဆရာတော်ပြောလိုက်တဲ့စကားတွေက အခုခေတ်လူငယ်တွေကိုများ ပြောလိုက်တာပဲလားဆိုတာတော့ ဆရာတော်ပဲ သိလိမ့်မယ်။
ဆရာတော်မိန့်လိုက်တဲ့စကားလေးကတော့

““ ဆရာတော်ကငယ်ငယ်တည်းက ဘုန်းကြီးဝတ်ခဲ့တာဆိုတော့ ငယ်ဖြူလို့ခေါ်ရမှာပေါ့။ အင်းတို့များငယ်ငယ်တည်းက ဘုရားစာတွေမှာ ဖတ်ဖူးတယ်။

လက်လှမ်းမှီသမျှစာတွေထဲမှာ ဟိုအရင်က ဆရာတော်တွေ ဘုရားရှင်လက်ထက်က သံဃာတော်တွေ မယ်သီလရှင်တွေဟာ အားလုံးသင်္ကန်းခြုံပြီး ကတုံးတုံးရတယ်တဲ့။

အရင်တည်းက အခုထိလည်းအဲဒါဟာမပြောင်းလဲဘူး။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ဒီတစ်ပုံစံထဲပဲတဲ့။

အရင်တုန်းက ပုထုဇဉ်တွေ အင်း လူတွေပေါ့လေ မိန်းမတွေဆို ရင်ပုံးအကျီလက်ရှည် ထဘီတွေကိုလက်ဖမိုးဖုံးအောင် ခြေမျက်စိတွေဖုံးအောင်ဝတ်တတ်ကြတယ်။ အရှက်ကြီးကြတယ်ပေါ့။

အမျိုးသားတွေဆိုရင် ဆယ်တောင်ဝတ်ယောကျာင်္းဆိုပြီး လုံလုံခြုံခြုံနဲ့ အဲသလိုရှိခဲ့ကြတယ် လို့ဆိုတယ် ။

အခုခေတ်ရောက်တော့ သံဃာတော်တွေ သီလရှင်တွေဆို ဘာဆိုဘာမှမပြောင်းလဲဘဲ လူတွေကဘယ်လိုဖြစ်သွားပါလိမ့်တဲ့။ တော်တော်လေးကိုကွာခြားနေကုန်ပြီးတဲ့။ ””
အရှက်တရားကင်းမဲ့နေလွန်းကြတယ်။ ဘုန်းဘုန်းတို့ ကိစ္စနဲ့အပြင်ထွက်ပြီးဆိုရင် အတတ်နိုင်ဆုံးဘေးဘီကိုတောင် မကြည့်ရဲတော့ဘူးတဲ့။

အခုခေတ်ဝတ်စားဆင်ယင်ပုံက ကြက်သီးတောင်ထတယ် လို့ဆရာတော်မိန့်ပါတယ်။ ချုပ်တတ်ထွင်တတ်တဲ့လူကလဲ ထွင်တတ်ပါ့ ၀တ်တဲ့သူတွေကလည်း ၀တ်ရဲပ လို့မိန့်ပါတယ်။
ခေတ်ပျက်နေတာများပြောပါတယ်။ အ၀တ်စတွေပဲ ဈေးကြီးနေလို့လား ဒါမှမဟုတ် ခေတ်ပဲလွန်ကုန်တာလားမသိတဲ့ ””

ဒါကဆရာတော်မိန့်လိုက်တဲ့စကားလေးပါ။ အင်းဆရာတော်မိန့်လိုက်တဲ့စကားကိုအရှည်ပြောရရင် အခုခေတ်လူတွေက အရင်တုန်းနဲ့တော်တော်လေးပဲကွာခြားသွားခဲ့တယ်။

ဘာလဲ သူတို့ပြောတတ်တဲ့စကားတွေက ခေတ်မမှီဘူးဆိုတာလား ဘာလားပဲ။
အင်းအဲသလိုပြောနေကြတာ။ ဒါက 21 ရာစုတဲ့။ အန်းဒိတ် အတွေးတွေချန်ခဲ့တော့ဆိုတာတွေ ကြားရလေ့ရှိတယ်။
ပြီးတော့ ဘယ်လောက်ထိဆိုးရွားနေသလဲဆိုရင် လစ်ဗင်းတူဂဲလ်သား ဆိုတာတွေတောင် ဖြစ်နေကြတာကို ကြားသိရပါတယ်။

ဒါဟာမြန်မာ့ထုံးတမ်းစဉ်လာအရ တော်တော်ယဉ်ကျေးမှုမဲ့တယ်လို့ ဆိုရမှာပဲ။
အခုခေတ်က ဖော်စားမှကျော်ကြားတာလားဆိုပဲ။ ခြောက်လမလောက်နဲ့တင် ၀တ်စားလို့ပြီးနေကြတယ်။
အင်းနောက်ဆို နှစ်လက်မလောက်သာနဲ့ ၀တ်နေကြရင် အင်းခက်တော့ခက်ပြီးနေကြပြီးနော်။
ယောကျာင်္းမိန်းမ ခွဲမရတဲ့အဖြစ်မျိုးလည်းတွေ့ရပြန်သေးတယ်။ အော် ခက်ပါ့။

အခုခေတ်စဉ်းစာကြည့်ရင်မြန်မာ့ယဉ်ကျေးမှုကို တမြတ်တနိုးထိန်းသိမ်းတဲ့သူ ရှာရင်ထမင်းထုတ်သာ သိုးသွားမယ် ။

ရှာတွေ့မှာ မဟုတ်တော့ဘူး။အဲသလိုတွေဖြစ်နေကြတာ။ တော်တော်တော့ခက်တယ်။

အခုမြန်မာနိုင်ငံကို လာလည်နေကြတဲ့တိုးရစ်စ်တွေတောင် မြန်မာအကျီတွေကိုတမြတ်တနိုးဝတ်ဆင်နေကြတဲ့ အချိန်မှာ တို့မြန်မာတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေကိုပဲ တန်ဖိုးထားနေကြတယ်။

သေချာတွေးကြည့်ရင် ရှက်ဖို့တော်တော်ကောင်းနေပါတယ်။

ဟိုတစ်လက အနီုရောင်တို့ဆရာ အလုပ်ကိစ္စနဲ့ အမေရိကားကိုသွားခဲ့တယ်။ အဲမှာဆရာကမိတ်ဆုံစားပွဲတစ်ခုမှာ မြန်မာတွေလာမယ်ဆိုတာသိရတော့ ၀မ်းသာပြီး သွားမိတ်ဆက်စကားပြောရမယ်။

တို့မြန်မာတွေကို အားပေးရမယ်ဆိုပြီးသွားလိုက်တာ ဟိုရောက်တော့ ဘယ်ဟာမြန်မာ ဘယ်ဟာနိုင်ငံခြားသားလဲဆိုတာတောင်ခွဲမတတ်ဘူးတဲ့။

အင်းပြီးတော့ မင်္ဂလာပါလို့ကိုယ်ကနှုတ်ဆက်တာတောင် သူတို့က ဟိုင်းတဲ့ ကောင်းရောပဲတဲ့။
အဲလောက်ထိ လွှမ်းမိုးနေကြတာပါ။

အင်းဒါကြောင့်မြန်မာ့ယဉ်ကျေးမှုကို တတ်နိုင်သေလာက်ထိန်းသိမ်းကြပါ။နောင် ကြာလာတဲ့အခါ မြန်မာ့ယဉ်ကျေးမှုဆိုတာ ဂျိုနဲ့လားဆိုတာမျိုး မေးရလောက်အောင်ဖြစ်သွားနိုင်ပါတယ်။

မိမိနိုင်ငံရဲ့ ယဉ်ကျေးမှုကိုထိန်းသိမ်းပါ။ ခေတ်မှီတာလဲ မှီပေါ့ ။ ခေတ်မပျက်အောင်တော့ ကြိုးစားကြစေချင်တယ်။
အင်းပြောရရင်တော့ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတာ မပပျောက်စေရေးအတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲလို့မေးလာတဲ့အခါ ဘယ်လိုဖြေကြမလဲ။

မိမိနိုင်ငံရဲ့ယဉ်ကျေးမှုကို မိမိတို့ဘာသာမထိန်းသိမ်းတတ်ရင် မိမိတို့ယဉ်ကျေးမှုကို မိမိတို့ဘာသာမစောင့်ရှောက်ရင် ဘယ်သူတွေက မိမိတို့နိုင်ငံကိုလေးစားကြမှာလဲ။

ဒါကြောင့်အမျိုးကိုချစ်ပါ။ ယဉ်ကျေးမှုကိုထိန်းသိမ်းပါ။ ခေတ်ကြီးတိုးတက်ပြောင်းလဲလာခဲ့ပေမယ့် မြန်မာ့ယဉ်ကျေးမှုကိုတော့ မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဒါကြောင့်မြန်မာနိုင်ငံသားဆိုရင် မြန်မာ့ယဉ်ကျေးမှုကို မိမိတို့တတ်နိုင်သလောက်ထိန်းသိမ်းကြပါလို့ တိုက်တွန်းရင်း


ခေတ်မမှီနဲ့လို့တော့ ပြောပါဘူး
ခေတ်မလွန်အောင်တော့ နေပေါ့
ခေတ်ဆန်းတာတော့ ပြောပါဘူး
ခေတ်မပျက်အောင်တော့ နေပေါ့
ခေတ်လိုက်တာတော့ ပြောပါဘူး
ခေတ်မမိုက်အောင်တော့ နေပေါ့
ခေတ်လည်းမှီချင်ပါတယ် ယဉ်ကျေးမှုလည်းပဲထိန်းပါတော့မယ် ဆိုတာမျိုးဖြစ်စေချင်ပါတယ်ရှင်။

အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။ စာဖတ်သူများ ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျနိုင်ပါစေ။
ကျေးဇူးတင်စွာဖြင့်
အနီရောင်

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>