Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တကျော့ပြန် အသက်(၂၀)

$
0
0

ဒီနေ့ နံနက်စောစော ဘယ်သူမှ မသိအောင် ကျွန်မ အိမ်က ထွက်လာခဲ့တယ်..

အားကစား အင်္ကျီနဲ့ နဲနဲ ချောင်နေတဲ့ မေမိုး၇ဲ့ ဘောင်းဘီ ခပ်ပွပွ ၀တ်၇င်း လက်ကိုလည်းခပ်တင်းတင်းပိုက်လို့ ဆောင်းလေ၇ဲ့ အဝှေ့ ကို အံတု၇င်းပေါ့ …

နံနက်ဝေလီဝေလင်းဆိုတော့ အပြေးလေ့ကျင့်သူ ၊လမ်းလျှောက်နေကြသူတွေကလည်း အများသား..။ ကျွန်မဘေး က ဖြတ်ပြေးသွားတဲ့ အသားဖြူဖြူနဲ့ ကောင်လေးက ကျွန်မကို  သေသေချာချာကြည့်သွားလေ၇ဲ့…ကျွန်မလေ စိတ်တိုသွားတယ် ..မိန်းကလေးတယောက်ကို ဘယ်လောက်လှတယ်ပြောပြော သည်လောက်ကြည့်စ၇ာလား…နေပါဦး ကျွန်မ အလှများပြင်လာမိလို့လား…မေမိုး၇ဲ့ နဲနဲ ပွနေတဲ့ ဘောင်းဘီကို  မေမိုး မနိုးခင် ခိုးဝတ်လာ၇ုံကလွဲလို့ ကျွန်မ ဘာမှ မပြင်လာမိပါဘူး .သြော် ..ဒါပေမဲ့ ကျွန်မ မေမိုး၇ဲ့ မိတ်ကပ်လည်း ခိုးလိမ်းလာသေးတယ်..ဟင်း..ဟင်း..ဟုတ်တယ်လေ..ကျွန်မနဲ့  မေမိုးက အတူတူ အိပ်တာ…မေမိုးမှာ ကျွန်မ ကြိုက်တဲ့ မိတ်ကပ်..နှုတ်ခမ်းနီနဲ့ ကျွန်မ၀တ်ချင်တဲ့ဘောင်းဘီ၊ အင်္ကျီ အကုန်၇ှိတယ်…ကျွန်မမှာ မ၇ှိတော့ သူ့ ဆီကပဲ

ယူဝတ်၇တာပေါ့…မေမိုးကတော့ ဘာမှ မပြော၇ှာပါဘူး…မေမိုး၇ဲ့ မိတ်ကပ်လေး ခိုးလူးပြီး မေမိုး၇ဲ့ ပေါင်ဒါလေးကို ဖွဖွလေးပုတ်၊ မေမိုး၇ဲ့ နှုတ်ခမ်းနီ ပန်းေ၇ာင်ကို ခိုးဆိုးလာခဲ့တယ်…ဒါကတော့ ကျွန်မ အပြင်ထွက်တိုင်း ကျွန်မ၇ဲ့ လုပ်၇ိုးလုပ်စဉ်ပဲလေ…

ထူးခြားပြီး ပြင်တာတော့ မဟုတ်ပါဘူး…ဒါပေမဲ့ ဒီကောင်လေးက တဆိတ်လွန်လွန်းတယ်…ကျွန်မ ကို သမင်လည်ပြန်တောင် ကြည့်သွားသေးတယ်..ဒါနဲံ ကျွန်မလဲ မျက်စောင်းပိတ်ထိုးပစ်လိုက်တယ်…ဒါပေမဲ့ သူ့ အပြစ်လဲ မဟုတ်ပါဘူး…ကျွန်မ က လှတာကိုး….ဒီလိုနဲ့ ပဲ ဒေါသကို ပြန်လျှော့လိုက်ပါတယ်…

အင်း..ဒါနဲ့ ဘယ်နှနာ၇ီ ထိုးပြီလဲ မသိ..နာ၇ီလဲ မပါဘူး…တယောက်ယောက်ဆီက အချိန်မေးဦးမှ…၊ အိမ်ကိုတော့ အချိန်လွန်ပြီးမှ ပြန်လို့မ၇ဘူး…မေမိုးက ပြောနေဦးမယ်..မျက်မှန်ကို လက်ညှိုးနဲံ ပင့်တင်လိုက်၇င်းေ၇ှ့ကို သေချာ ကြည့်လိုက်တယ်…ဟော…ေ၇ှ့မှာ အားကစားဝတ်စုံနဲ့  ကောင်လေးတယောက်…

သူ့ ကိုမေး၇မယ်…

“ဟေ့ …ဟေ့  ဒီမှာ ဘယ်နှနာ၇ီ ၇ြှိုပီလဲ…”

“၇နာ၇ီ ပါ ခင်ဗျ..”

“သြော်..အင်း ..အင်း   ကျေးဇူးပဲနော် “

“ဟုတ်ကဲ”့

ကောင်လေးက အပြောအဆို ၇ည်မွန်လိုက်တာ..ပြောလဲပြီးေ၇ာ ဆက်ပြေးသွားလေ၇ဲ့

ကျွန်မကတော့ ခပ်နှေးနှေး ပဲ လမ်းလျှောက်လာခဲ့တယ်..ဒူးကနဲနဲနာချင်တယ်လေ

..၇နာ၇ီဆိုတော စောတော့စောပါသေးတယ်…မေမိုးတော့ ကျောင်းသွားခါနီးပြီ..

ဒါပေမဲ့ မပြန်သေးဘူး..အိမ်ကလူတွေက စိတ်၇ှူပ်ဖို့ကောင်းတယ်…မေမိုးနဲံပဲ အဆင်ပြေတယ်..ပျင်း၇င်အဖော်လုပ်ပြီး စကားပြောပေးတယ်..တခြားသူတွေကတော့ ဟိုဟာ မလုပ်၇၊ ဟိုဟာ မစား၇နဲ့ သိပ်ချုပ်ချယ်တာပဲ…ဒါနဲ့ နေပါဦး ခုနက နာ၇ီမေးလိုက်တဲ့ ကောင်လေးက ဘယ်သူနဲ့ တူပါလိမ့်..အင်း စဉ်းစား စဉ်စား…

သြော် ..ကို စိန်တုတ်နဲ့ တူတာ…ပြော၇င်း ဆို၇င်း ကိုစိန်တုတ်ကိုတောင် သတိ၇လာပြီ.

သူ ကျွန်မကို မပြောမဆိုနဲ့ ခွဲခွာ သွားတာ ၅ နှစ်လောက်၇ှိပြီ..သူ က သိပ်ချောတာ..

အသားက မဖြူမညို၊အ၇ပ်၇ှည်၇ှည် ထောင်ထောင်မောင်းမောင်းနဲ့ ကျွန်မ ကိုလဲ သိပ်ချစ်တယ်…သူက မြိတ်သား…ကျွန်မက ထားဝယ်သူ..ကျွန်မတို့ ထားဝယ်ကိုသူ အလည်လာ၇င်းနဲ့ ကျွန်မ နဲ့ တွေ့ တာ ..သူ က ပညာတတ်တယ်…ကျွန်မ က လေးတန်းလောက်ပဲ တက်ဖူးတယ်…သူက မြိတ်သူဌေး ..စက်လှေတွေပိုင်တယ်…

ကျွန်မ နဲ့ ချိန်းတွေ့ တာကို အမေက တ၇ွာသား မယူ၇ဘူး ဆိုပြီး ၇ိုက်လို့ ကျွန်မ သူ့ နောက်ကို ခိုး၇ာ လိုက်ခဲ့ တာ..ကျွန်မ က အဲလို ဆိုးတာ ..ဟင်း ဟင်း…၊သူ ကလေ..မြ၇င် ..မြ၇င်နဲ့ မျက်စိအောက်က အပျောက်မခံဘူး…အခုကျတော့ လည်း ..သူ ဘယ်ေ၇ာက်နေတယ်မသိ၊ သူ မ၇ှိတော့ကတည်းက …ကျွန်မ မှာ သူ့ ကို လွမ်းတဲ့ စိတ်နဲ့ ချုချာလိုက်တာ..ခဏခဏနေမကောင်းဖြစ်တယ်…

                  “ဘွားဘွား....  ဘွားဘွား အမလေး ဘွားဘွား၇ယ်…

ဘယ်များလျှောက်သွားနေလဲလို့..စိတ်ပူလိုက်၇တာ…”

မေမိုးအသံကြောင့် ကျွန်မ ကိုစိန်တုတ်အကြောင်းတွေးနေ၇ာကနေ…

လန့်ဖြန့်သွားပါတယ်..ကျွန်မ လှည့်ကြည့်လိုက်တော့ မေမိုးနဲ့ ..ဟို ကျွန်မ ကို ငမ်းပြီး သမင်လည်ပြန်လှည့်ကြည့်သွားတဲ့ ကောင်လေး…မေမိုးကို ကြည့်၇တာ လဲအမောတကောနဲ့…

  “  ညည်းမလဲအေ..ငါ့ပဲ လိုက်ပူနေတယ်..ငါ အိမ်ထဲမှာပဲ နေ၇မလားအေ့

အပြင်လေးဘာလေးထွက်ဦးမှာပေါ့…”

“ထွက်ပါ  ဘွားဘွား၇ဲ့ မထွက်၇ဘူးလို့ မပြောပါဘူး..ဒါပေမဲ့ မေမိုးကိုပြောသွားလေ…ဘယ်သူ့ ကိုမှ မပြော၇င်တောင် ..မေမိုးအဖော်လိုက်ပေးမှာပေါ့..”

“မလိုပါဘူးအေ…အေးအေးသက်သာကို မနေ၇ဘူး…”

“ကဲလာ..လာ ဘွားဘွား အအေးမိနေဦးမယ်…ပြန်၇အောင်…”

မေမိုးက ကျွန်မ ၏ လက်ကို လာတွဲလေသည်။

“မတွဲစမ်းပါနဲ့..ငါ့ဘာသာလျှောက်မယ်..”

“ဘွားဘွားနဲ့တော့ ခက်ပါတယ်”..မေမိုးက ခပ်တိုးတိုးေ၇၇ွတ်နေချိန်ကျွန်မ က သူ တို့ နဲ့ ခပ်ခွာခွာလုပ်၇င်း လျှောက်လာလိုက်သည်။

“ကျော်စွာေ၇…နင်လာပြောလို့သာပဲ…ငါတို့ ၇ှာတာနှံ့နေပြီ..”

“အေး ငါလဲ ပြေး၇င်းနဲံတွေ့ လိုက်လို့ ..နင့်ကို လာပြောတာ…နင့်အဘွားက လမ်းတော့ လျှောက်နိုင်တယ်ဟ..ဒီဘက်တောင်ေ၇ာက်တယ်..”

“အေး..ဟုတ်တယ်..ဘွားဘွား က လျှောက်နိုင်တယ် …နဲနဲ သူငယ်ပြန်ချင်နေတာကလွဲလို့ပေါ့…..”

မေမိုးနဲ့ ဟိုကောင်လေး ဘာပြောနေတယ်မသိ။ ကျွန်မ ကတော့ မေမိုးခေါ်လို့ပြန်လိုက်လာ၇တာ…နောက်မှ သူ မသိအောင် ခိုးထွက်ဦးမည် ဟု တေးထားသည်။ ကျွန်မ ဒီလို လျှောက်သွား၇တာ ပျော်တယ်လေ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>