ကျမတို့ မြန်မာ လူမျိုးများတွင် “ ကံစီမံရာ” ပဲ ပေါ့ ။
ဆိုတဲ့ စကားလုံးကို ကောင်းသည်ဖြစ်စေ ၊ဆိုးသည် ဖြစ်စေ နေရာတော်တ်ာများများတွင် အသုံးပြုကြပါသည် ။
“ ကံစီမံရာ ” ဟု ဆိုရာတွင် လူဘ၀ တစ်လျောက်လုံးကို ကံက စီမံ တာလား ဟု ဆိုဖွယ်ရာ ရှိပါသည် ။
“ ကံ” ဆိုသည် သူ အလို လိုပေါ်ပေါက်လာသော တန်ခိုးရှင် မဟုတ် ။ လူက ပြုလုပ်ခြင်းအကြောင်းမှ ဖြစ်ပေါ်လာသော အကျိုး ဆက်သည် “ ကံ ” ဟု ဆိုလို ပါသည် ။
ရိုးရိုးလေး တွေးပါလျှင် ကိုယ့် ဘ၀၏ ဖန်တီးရှင် သည် ကိုယ်ကိုတိုင်ပဲ ဖြစ်ပါသည် ။ ကံ၏ ဖန်တီးရှင်သည်လည်း ကိုယ်ပြု လုပ်ခဲ့သော အကြောင်းတရားတို့၏ အကျိုးတရားသာ ဖြစ်ပေသည် ။
ခုဘ၀ တွင် ငါ သည် ကံမကောင်း ။ ထို့ကြောင့် မကောင်းမဲ့ တူတူတော့ ဘာမှ မကြိုးစားတော့ဘူး ဆိုပါ လျှင် နောင်သံသရာ အတွက် တိုးတက်ဖွယ်မရှိ ။ ဒီဘ၀ တော့ အရင်ဘ၀က အကုသိုလ်ကြောင့် ကံမကောင်းခဲ့ ။
အသိဥာဏ်နဲ ပြည့်စုံသော ဘ၀ အရတော်လှပြီ ၊ နောင် သံသရာအတွက် အားသွန်းခွန်စိုက် ကြိုးပန်းမည် ဆိုပါ လျှင် မဖြစ်နိုင်သော ဘ၀ဆိုတာ မ၇ှိ ပြီဟု ဘုရားရှင်က ဟော ကြား ထားခဲ့ ဖူးပါသည် ။
ကံကောင်းအကြောင်းလှသော သူ များတွင်လဲ ငါကတော့ မွေးတဲ့က ကံကောင်းခဲ့တာ ။ ငါ ကြံရင် မရဆိုတာ မ၇ှိ ။ “ ကံ ကို ယုံ ဆူးပုံ နင်း ” ကြည့်ပါ ။ ဆူးစူး မှာပါပဲ ။ ကံကောင်းလို့ သံပရာသီး စား ကြည့် မချဉ် တဲ့ လူဆိုတာ မ၇ှိပါ ။ ကံကောင်းသူမို့ မသေရတဲ့ ဘ၀ မရှိပြီ ။
ကံသည် အကြောင်း ကြောင့် အကျိုး ဟုဆိုသော ကြောင့် အကုသိုလ် ကံမပါသော ကုသိုလ်ကံကြီးသာ ပြုလုပ် ခဲ့သော ဘ၀ဆိုတာ မရှိနိုင် ။ ထို့ကြောင့် ဘ၀ သံသရာ လည်ပုံကို လှည်းဘီး လည်ပုံဖြင့် ဥပမာ ပြထားခြင်း ဖြစ်နိုင်ပါသည် ။ အမြင့်ကြီးပဲ မ၇ှိနိုင်သလို ၊ အောက်မှာ ကြီး လဲ မနေခြင်းသည် လောက ဓမ္မ ဆိုဟု ဆို ခြင်းဖြစ်မည် ။
“ ဓမ္မ ” အမှန်တရားသည် လောက တွင် ၇ှိသည် ။ ယခု အချိန်တွင် ဆန့်ကျင် ဘက် ဖြစ်သော အဓမ္မ များ အလွန် များပြား ထူထပ်နေချိန် ဖြစ်ပေသည် ။ အဓမ္မ များ ထူထပ်ခွင့်ရသည်မှာ လူတို့သည် အလင်းရောင် ( ၀ိဇ္ဇာ ) ကို အမှောင် ( အ၀ိဇ္ဇာ ) ဖုံးနေသော ကြောင့် ဖြစ်သည် ။ အလင်း အမြင်မ၇ှိသည့် အတွက် သူတို့ ရွေးချယ်သော လမ်းသည်လဲ အမှန်မဖြစ်နိုင်ရာ ။
ဓမ္မလမ်းကြောင်းသည် အဆန် လမ်းဖြစ်ပေရာ ကြိုး စား အားထုတ်၊ စွန့်လွတ် ၊ အနစ်နာ ခံမူများ ရှိသည် ။
ရေဆန်လမ်း လှော်ခတ်မည့် လှေငယ် အတွက် လုံ့လ ၊ ၀ီရိယ တက်ကောင်းလို အပ်လှသည် ။ ပေးဆပ်ခြင်းကို မြတ်နိုးနိုင်မှသာ အဆန်လမ်း ကို လျှောက် နိုင်ပါမည် ။
အဓမ္မလမ်းကြောင်းက တော့ အစုန် ဖြစ်ပေရာ အသာ လေး အလိုက် သင့်နေသွားပါ လျှင် လူသားတိုင်း ၊ သတ္တ၀ါတိုင်း မျောပါနိုင်သည်မှာ သေချာ လှသည် ။ အဓမ္မ လမ်းသည် ချော မွေ့သည် ၊ သာယာချင်ဖွယ် မာယာနတ်သမီးများ နှင့် ကကုန်ရ၏ ။ မြူးတူးရ၏ ။ လူတိုင်း လိုက်ရန် လွယ်ကူးလွန်းလှသည် ။ ထို့ကြောင့် အဓမ္မများသည် လောက၌ လူဦးရေများပြားနေခြင်းဖြစ်သည် ။ သို့သော် ရေစုန် ဆင်းခြင်းသည် အဘယ်သို့ ရောက်မည် ဆိုတာ ပြော ပြစရာ မလို၊ နိမ့်ရာ မှ နိမ့်ရာ သို့သာ ဆက်လက် စီးဆင်းမည် သဘော ကြောင့်
နစ်မွန်းသည်ထက် နစ်မွန်း ပြန်ပေါ်လာစရာ အကြောင်း ပင်မရှိတော့ပါ ။
ဘယ်လမ်းကို လျှောက်ကြရမလဲ ဆိုပါလျင် ကျမတို့ ဗုဒ္ဓဘာသာဝင် များသည် ကံကိုယုံကြည်ကြသည် ။ လက်ကိုင်ထားကြသည် ။ သို့သော် ဘာလုပ်ရင်ကံကောင်းမလဲ ဆိုတာ စိစစ်တတ်ဖို့ လိုအပ်ပါသည် ။
လူတိုင်းနားလည်ထားသည်မှာ ကုသိုလ်တရားသည် ကောင်းသောကံ၏ အထောက်အပံ့ဖြစ်သည် ။ မှန်သော်လဲ လိုအပ်ချက် ၇ှိပါသည် ။
ကုသိုလ်ကံသည် စင်ကြယ်ရန်လိုအပ်ပေသည် ။ ကုသိုလ်ကံစင်ကြယ်ခြင်းဆိုသည် အနှောင်အဖွဲလွတ်သော ကုသိုလ်ကို ဆိုလိုသည် ။ အနှောင်အဖွဲဆိုသည် ငါ ကောင်းစားရေး (အတ္တ)မပါသော ကုသိုလ်ကို ဆိုလိုပါသည် ။ ငါ (အတ္တ) မပါ ဘူး ဆိုကထဲက ရယူလိုခြင်း ၊ ပိုင်ဆိုင်လိုခြင်း၊ မပါဝင်တဲ့ ပေးဆပ်ခြင်း ၊ အနစ်နာ ခံခြင်း (မေတ္တာ ၊ဂရုနာ ၊မုတိတာ ) တို့ ပါဝင်တဲ့ အနတ္တလမ်းစဉ် ၊ ဓမ္မ လမ်းကြောင်းပဲ ဖြစ်ပါသည် ။
ဓမ္မလမ်းကြောင်းပေါ် လျှောက်လှမ်းလိုပါလျှင် အတ္တ ကိုပယ်သတ် ရပါမည် ။ လူတိုင်း အသိနှင့် ယှဉ်၍ ကြိုးစားယူလျှင် ၇ရှိနိုင်ပါသည် ။
ငါ့ကိုယ့် ၊ငါ ဟာ ၊ငါ့ ဥစ္စာ မပါမှ ဓမ္မမူများ ဖြစ်စေမည် ။ အဓမ္မမူများ လျော့ နည်းလာမည် ။ ဓမ္မ လမ်းကြောင်းသည် ကိုယ်၌ ရှိသော တဏှာ၊ မာန ၊ကိလေသာ တို့ကိုလဲ ပယ်သတ်ရာရောက်ပေသည် ။
ထို့ ဓမ္မလမ်းကြောင်းမှ ရသော ကုသိုလ်ကံသည် စင်ကြယ်သော ကုသိုလ်ကံ ဖြစ်၍ ဘ၀ချုပ်ဆုံးရာ နိဗ္ဗာန်ထိအောင် ပို့ဆောင်ပေးနိုင်ပါသည် ။
စင်ကြယ်သော ဓမ္မလမ်းကြောင်းပေါ်မှ ကံတရားသည် နောင်သံသရာ အတွက် စိုးရိမ်ဖွယ် မ၇ှိတော့ပြီ ။
ကံ၏ ချုပ်ဆုံးရာ နိဗ္ဗာန်သို့ ....
ဓမ္မတရားတို့ ဖြင့် ခ၇ီးဆက် ကြပါစို့ ...
ခင်မင်လေးစားလျှက်
ဆန္ဒမွန်ဖြင့်
မှုံနံ.သာဖြူ