ရင်နင့်ဘွယ် ( နွားကျောင်းသားလေး )
ရိုးသားဖြူစင်တဲ့ ရွာကနွားကျောင်းသား (သာဂိ) ပေါ့ ။
ရွာနားနီးစပ်ဆိုလို့ ရေပူတောင် တောင်ဖက်ကိုလားသော် တောင်ကလေးတောင်
ပြီးတော့မုဆိုးမတောင် ဒီတောင်အနီး တ၀ိုက်မှာ သာဂိတို့ မိုးလင်းကနေ မိုးချုပ်အထိ
နွားကျောင်းရတဲ့ နေရာတွေပါ ။
နှစ်ရှည်လများ နွားကျောင်းလာတဲ့ သာဂိ အခုတော့သာဂိ လူပျိုလေးဖြစ်လာပါပြီး
အသက်က (၁၈-- ၁၉)နှစ်ထဲမှာ အချစ်ဆိုတာ နားမလည် မတွေ့ဖူး မကြုံဖူးပါ ဘယ်တွေ့ဖူး
ပါမလဲ မိုးလင်းကနေ မိုးချုပ် ဒီတော ဒီတောင် မှာဘဲ အချိန်ကုန် နေတာပါ ။
တနေ့တော့ ဘယ်ကပေါ်လာမှန်းမသိရတဲ့ မိန်းမချောလေးတယောက် သာဂိတို့ နွားကျောင်းရာ
တောထဲရောက်လာ တယ် ၊ မိန်းကလေးက နတ်သမီး သမျှချောမောလှပနေ မှတော့ သာဂိတို့မိန်းကလေး
ကို နေရပ် ဇာတိ ဆွေမျိုး တွေမေးဖို့ မတွေးမိတော့ပါ၊ နေ့စဉ်နေ့တိုင်းတွေ့နေကြဖန်များတော့ သံယောဇဉ်တွေ
တွယ်ငြိ ကြပြီး ချစ်သူတွေဖြစ်သွားကြတယ် ။
အခုတော့ ညညဆိုသာဂိ တို့ ရွာအပြင်ထွက်ပြီး မိုးလင်းခါနီး မှ ရွာထဲပြန်ဝင်လာတော့ ရွာထဲကလူတွေ
သာဂိ ကို သံသယ ၀င်လာတယ် ကြာလာတော့ရွာကလူတွေ ညည သာဂိကို နောက်ယောင်ခံပြီး လိုက်ကြ
တယ် ကျခတ်ဝါးရုံတောတန်းရောက် တော့ သာဂိ ပျောက်သွားတယ် ရှာမတွေ့တော့ ။
နောက် ညတွေမှာလည်း ထပ်လိုက်ကြပြန်တယ် ဒီတခါတော့ လူအရေအတွက်တိုးထားတဲ့အပြင်
လက်နှိတ်ဓါတ်မီး အလက်ပေါင်းများစွာကို ပါ ယူဆောင်သွားကြတယ် ၊ဒီကျခတ်ဝါးရုံတောတန်း ရောက်တိုင်း
သာဂိ ကပျောက်သွားတယ် အခုလည်းပျောက်ပြန်တယ် အဲဒီတော့ လူအုပ်တွေ ကျခတ်ဝါးရုံတန်းမှာ လူစု
မီးကို တောတခုလုံး လင်းသွားအောင်ထွန်း သာဂိ သာဂိလို့တော အုပ်တခုလုံး ညံဆူအောင် အော်ဟစ်
လိုက်ကြ့တော့ သာဂိခမျာ ကျခတ်ဝါးရုံ ဟိုထိပ်ဖျားနားကနေ ( ကျနော် ဒီမှာဗျို့ ကျနော်ဒီမှာဗျို့) လို့ ပြန်
အော်ပြီး အသံပေးနေတယ် ။
လူအုပ်တွေကလည်း ( မင်းဆင်းခဲ့ ဘာတက်လုပ်နေတာလည်း ဒီကျခတ်ဝါးရုံအပေါ်မှာ ) သာဂိက
(ကျနော်ဆင်းလို့မရဘူး ) (မင်းအတက်တုန်းကတော့မင်းတက်လို့ရပြီး အခုမင်းဘာဖြစ်ဆင်းမရတာလည်း )
(ကျနော်အတက်တုန်းက အုဋ္ဌ်လှေခါးနဲ့ တိုက်အိမ်အပေါ်ကိုတက်လာတာ အခုတော့မှဘာဖြစ်လို့ကျခတ်ဝါးရုံ
ဖြစ်သွားရတာလဲ ကျနော်ညတိုင်း ဆင်းလိုက် တက်လိုက် လုပ်နေတာ ) ။
သာဂိတကယ်ကိုပြန်ဆင်း မရတာကြောင့် လူအုပ်တွေ ပါလာတဲ့ ဓါးနဲ့ ၀ါး၇ုံ ခုတ်ထစ်ပြီး သာဂိကို
ဆွဲ ချခဲ့ရတယ် ၊ အဲဒီမှာ သာဂိ တို့ရင်နင့်ဘွယ် အချစ်ဇာတ်လမ်းက ပေါ်လာပါပြီး လူအုပ်တွေအပြင်နားက
သာဂိချစ်သူ ငိုနေတယ် သာဂိ ကို လက်ကမ်းနေတယ် ၊သာဂိကလည်း လူအုပ်ကြားက လူတွေ သူ့ကို ဆွဲ
ထား ဖက်ထားကြတယ် သာဂိအော် အော်ငို ပြီး သူ့ချစ်သူဆီသွားမယ် လူတွေကလည်း သာဂိ ရူးသွားပြီး
အထင်နဲ့မလွှတ်တမ်းဆွဲထားကြတယ် ။
သာဂိနဲ့သူ့ချစ် သူ ဘာတွေဖြစ်လို့ ဘယ်လိုမျိုး ခံစားနေကြရတယ်ဆိုတာ ဘယ်သူမှလည်းမမြင်ရ
သာဂိ ရူးသွားလို့ အော်ငို တယ်လို့ဘဲထင်နေကြတယ် ၊ သာဂိချစ်သူ ရွာအ၀င်အနားထိ ငိုယိုပြီးလိုက်လာ
ရှာတယ် သာဂိအားလုံးမြင်နေရတယ် ဒါပေမဲ့တွေ့ခွင့်မရတော့ပါဘူး လူအုပ်ကဆွဲထားတော့ သာဂိမှာ
၇ုံးထွက်နိုင်အားမရှိတော့ပါ ။
ရွာထဲရောက်တော့အခြေအနေက ပိုဆိုးသွားပြီ သာဂိ မှာစုံး ကဝေ ဘာတွေ ညာတွေ စီးနေလို့ဆိုပြီး
ကြိုးတွေနဲ့တုတ် ဆရာမျိုးစုံ ကု ဒါပေမဲ့ သာဂိခမျာ အချစ်ဆိုတဲ့စိတ်ကလေး အတွက် တွေ့ခွင့်မရတော့
ရင်ကွဲနာ ကျ သူ့ကိုနားလည်မပေးနိုင်ကြတဲ့ လူသားတွေအသိုင်းအ၀ိုင်း အချစ်နဲ့ ကွေကွင်းပြီးနေရမဲ့အတူတူ
ဘ၀ကိုအရှုံးပေး ကာ သေပွဲဝင်သွားရှာတယ် ။ အဲဒါကလူသား နဲ့ ဥစ္ဓာစောင့်လို့ဆိုကြပါတယ် ။
(မှတ်ချက် -- ဖြစ်ရပ်မှန်တခုပါ မယုံရင်ပုံပြင်ပဲပေါ့ )
↧
@ ရင်နင့်ဘွယ် (နွားကျောင်းသားလေး) @@@
↧