“မ”ရယ် . . .
“မ” နေလို့ကောင်းရဲ့လား - ဒါ မောင်ရဲ့ရင်ထဲက တကယ့်ကိုမေတ္တာအရင်းခံနဲ့ ကြွေကျလာတဲ့စကားတခွန်းပါ - အိတ်မရတဲ့
ညတွေမှာဆို ကြယ်တပွင့်ကြွေသွားတာမြင်တိုင်း “မ” နေကောင်ပါစေလို့ ဆုတောင်ပေးရတာလဲအမောပါပဲ - “မောင့်”အလွမ်း
တွေ ဘယ်လောက်ပြင်းထန်သလဲဆိုတာ တွန့်ကြေနေတဲ့ “မောင့်” ရဲ့အပြာလွင့်လွင့်အိပ်ယာခင်လေးပဲအသိ့ဆုံးဖြစ်မှာပါ -
ယောကျာင်္းတန်မဲ့ သတိရမိ့တိုင်းကြွေကျမိ့တဲ့ “မောင့်”ရဲ့မျက်ရည်စက်တိုင်းသာ ပန်းတပွင့်ဖြစ်ခဲ့မယ်ဆိုရင် အခု
ဆို အလွမ်းရောင်သန်းတဲ့ ပန်းတောင်တန်းကြီးဖြစ်နေလောက်ပြီပေါ့ - “မောင့်” ရဲ့အခန်းကျဉ်းလေးထဲက ပြန့်လွင့်နေတဲ့
စာရွက်တိုင်းမှာ“မ” ကိုလွမ်းနေမိ့တဲ့အကြောင်းတွေကြီးပါပဲ -
အလွမ်းနဲ့တမိုးချုပ်ပြီး ဒီအလွမ်းနဲ့တင် နံနက်တိုင်းမျက်နှာသစ်နေရတဲ့ “မောင့်” ဘ၀ရဲ့နေထိုင်မူ့ကတော့ ကဗျာ
မဆန်မှာသချာပါတယ် - ခေါင်းကိုတချက်ကုတ်လိုက်တိုင်း ကြွေကျလာတဲ့ ဆံစတိုင်းမှာ စိတ်ဖိ့စီးမူ့တွေ ဘယ်လောက်အ
တိုင်အတာထိ့ပါနေခဲ့သလဲဆိုတာ ဘုရားပြီးရင် “မောင်” ပဲအသိ့ဆုံးဖြစ်မှာပါ - ချစ်သူရဲ့နောက်ကို တကောက်ကောက်လိုက်
ပါချင်နေတဲ့ “မောင့်” ရဲ့ကိုယ်ဖွား ဖိနပ်ပါးပါးလေးကလဲ သခင့်အတိုင်း “မ” ကိုမျှော်နေသတဲ့လေ -
လရောင်နိုးမှ နိုးခွင့်ရတဲ့ ကုမုဒါ ပန်းလို “မ” ရဲ့ကိုယ်သင်းရနံနဲ့မှ အသက်ရှင်ချင်တဲ့ “မောင်” က မုသားတွေနဲ့စာစီ
ပြီးလွမ်းမတဲ့လား - “မ” ရဲ့ဆံနွယ်စကနေ ခြေဖျားမှာတွယ်ငြီ့နေတဲ့ ဆိုးဆေးလေးအထိ့ အရိပ်တကြည့်ကြည့်နဲ့ အကောင်း
ပကတိ့ရှိစေချင်တဲ့ “မောင်” ကကျန်းမာရေးကအစ ( ဘ၀တခုလုံးကို ) ညဏ်စွမ်းရှိသလောက် တည့်မှတ်ပေးချင်တာပါ -
ဒါပေမဲ့ ကိုယ့်ကိုပြောလာမဲ့ “ချစ်တယ်” ဆိုတဲ့စကားတွေကို ရေတွက်ပြီး မိန်းမတယောက်ရဲ့ဘ၀ကို တည်ဆောက်ချင်တဲ့
“မ” က မနာခံချင်ဘူးလေ - နေပူလို့ထီးဆောင်ဖို့ပြောတော့ မိုးရွာတာမဟုတ်ပဲမဆောင်းချင်ဘူး ရိုးပဲ့တယ်လို့ထင်တယ် -
မိုးရွာနေလို့ထီးမိုးပေးတော့လဲ မိုးရေထဲမှာပဲပျော်ချင်တယ် -နေမကောင်းဖြစ်လို့မေးခဲ့ရင်လဲ အဲဒါမောင်ကျိမ်စာတိုက်လို့
ဖြစ်ရတာတဲ့ - ကဲ “မောင်” ဘာလုပ်ရမလဲ - တကယ်တော့ “မောင်” တို့နှစ်ယောက်အတွက် နားလည်မူ့အလွာပါးပါးလေး
က အဲဒီအချိန်ထဲကခြားနေခဲ့တာပါ -
“မောင့်” ဘ၀တခုလုံးကိုတောင် တချက်လှည့်မကြည့်ခဲ့ပဲ “မ” အတွက်အကောင်းဆုံးတွေပဲပံပိုးပေးချင်ခဲ့ “မောင်”
က အလိမ်အညာတွေနဲ့ကျိမ်စာတိုက်မတဲ့လား “မ”၇ယ် - ဒါပေမဲ့ “မောင်” ကျေနပ်ပါတယ် - “မ” ရဲ့အနီးဆုံးမှာနေခွင့်ရတဲ့
အခိုက်အတန့်လေးတွေဟာ “မောင့်” ဘ၀ရဲ့အကျေနပ်ဆုံးအချိန်တွေပဲဖြစ်မှာပါ - အခုလိုဝေးခဲ့ရတဲ့အချိန်တွေမှာလဲ “မ”
အတွက် “မောင်” အတတ်နိင်ဆုံးအရာလေးကတော့ “မ” နေကောင်ပါစေလို့ဆုတာင်းပေးနေယုံကလွဲလို့ “မောင်” ဘာ
မှလုပ်နိင်စွမ်းလဲမရှိတော့ပါဘူး - ဒါကိုများဟိုတုန်းကလို ကျိန်စာတိုက်တယ်လို့ပြောအုံးမှာလား - ဒါကျိမ်စာတခုဖြစ်ခဲ့မယ်
ဆိုလဲ “မ” ကိုအကောင်းမွန်ဆုံး အလှပဆုံးဖြစ်အောင်လုပ်ဆောင်ပေးလိုက်တဲ့ မောင့်ရဲ့ကျိန်စာပဲဖြစ်မှာပါ “မ” ရယ် -
မ နားလည်နိင်ပါစေ . . . . ။
= ချစ်ခြင်းအားဖြင့် - မင်းဆက်ဆက်ခ