ဘာလဲဟ သူတော်ကောင်းဆိုတာ သူတော်မှကိုယ်ကကောင်းရမှာလား ...........?။
သူတော်တော် မတော်တော်ကိုယ်ကကောင်းရမှာလား................?။သူတော်တော် မတော်တော်ကိုယ်ကကောင်း ခဲ့လို့ငါ့ဘ၀လဲ သောကနွံ့အိုင်ထဲ
ကရုန်းမထွက်နိုင်ခဲ့ဘူးလေ ။စိတ်ထားကောင်းရင်ကံကောင်းတယ်ဆိုတာရော တကယ်ဟုတ်လို့လား ...........?။
ငါဘယ်သူ့ပေါ်မှမကောင်းတဲ့စိတ်မမွေးခဲ့ဘူးလေ............အားလုံးကိုဖြူစင်ရိုးသားစွာနဲ့ချစ်ခင်လေးစားခဲ့တာလေ။
ဘာလို့ငါ့အပေါ်ကျတော့အလီမ်အညာတွေနဲ့ တိုးခဲ့ရတာလဲ ဘယ်မှာလဲ နယူတန်ရဲ့တန်ပြန်တက်ရောက်မှု ။
ကံကံရဲ့အကျိုးဆိုတာရောတကယိဟုတ်လို့လား......?။ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရပြီး မကောင်းတာလုပ်ရင်မကောင်းကျိုးခံစားရမယ်ဆို။
အားလုံကိုငါပေးဆပ်အနစ်နာခံခဲ့တာလေ ဘယ်သူ့မှငါမကောင်းတာမလုပ်ခဲ့ဘူး။
ဘယ်မှာလဲ............? ငါ့အပေါ်ဖြူစင်ရိုးသားပါတယ်ဆိုတဲ့ငါ့ရဲ့သူငယ်ချင်း သူတို့တွေကငါ့ကိုလိုအပ်တဲ့အချိန်မှာသာလိုသလိုအသုံးချ
မလိုအပ်တဲ့အချိန်မှာတော့ ငါ့ကိုဘေးပြစ်ပြီး အပုပ်ချချောက်တွန်းသွားချတာလေ။
ဘယ်မှာလဲ......? ငါ့ကိုချစ်ခင် မြတ်နိုး တွယ်တာ ပါတယ်ဆိုတဲ့ငါ့ရဲ့ချစ်သူ ။ငါ့ရှေ့မှာတော့ မခုတ်တတ်တဲ့ကြောင် ငါပြောသမျှနားထောင်
ခေါင်းငြိမ့် ပြီး ငါ့ကွယ်ရာမှာတော့ငါမဟုတ်တဲ့အခြားသူတယောက်ရဲ့ရင်ခွင်ထဲမှာပြုံးလို့ ပျော်လို့ ကြည်နူးလို့လေ ။
ငါသူတို့ကို အစစ်အမှန်တွေပေခဲ့တာလေ ငါပြန်ရလိုက်တော့အတု အယောင်တွေလေ။အစစ်အမှန်တွေပေးခဲ့တဲ့ငါ အတုအယောင်တွေတာ
ပြန်ရရှိတော့ သူတို့ပေးတဲ့ဝေဒနာတွေကို သေလုမျောပါးခံစားခဲ့ရတယ်လေ။ ကဲ ...ဒါတွေဟာဝဋ် ကြွေးတေါလား.....?
ဝဋ်ကြွေးဆိုလဲ ဒီဘ၀ဒီတင်ပဲကျေပါစေတော့ နောက်ဘ၀ဆိုတာများရှိခဲ့ရင်။
ကံကောင်းသော လူသားတစ်ယောက်အဖြစ်နဲ့သာ လူ့လောက ထဲကိုရောက်ရှိ လာပါစေလို့အမြဲ ဘုရား မှာဆုတောင်းမိတယ်။
ဒါတွေဟာနှလုံးသားတခု၇ဲ့ဖါင့်ဟတောင်းဆိုသံတွေလေ ။ ရင်နဲ့ရင်းပြီး ပြောတဲ့စကား ရင်နဲ့ရင်းပြီးနားဆင်ကြည့်ရင်
နှလုံးသားတခုရဲ့ငိုရှိုက်သံ တွေကိုကြားလီမ့်မယ်ဆိုတာ ယုံမလားတော့မသိဘူး နားဆင်ကြည့်ပါ။
ရွှေမြို့တော်အကောင့်ထဲမှခေတ်သစ်လူငယ်မောင်မယ်များအား
ထာဝရချစ်ခင်လေးစားနေတဲ့
ယု