Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဓါးတစ်လက်၏ မာယာ.......

$
0
0

                       ငယ်ငယ်က ဖေဖေပြောသော ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ်..... မကြာမကြာလဲ သတိရဖြစ်ခဲ့တယ်.....  ဘ၀ကို ခက်ခဲစွာ

ဖြတ်သန်းရချိန်တွေမှာ ပိုပြီး သတိရဖြစ်ခဲ့တယ်...... ဂျပန် ပုံပြင်လေးတစ်ပုဒ်ပါပဲ...... ပုံပြင်လေးထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေကိုလည်း

မမှတ်မိတော့....... ပုံပြင်ရေးသားသူ စာရေးဆရာကိုလဲ မသိ၊ ဖေဖေပြောခဲ့သော အကြောင်းအရာလေးကိုပဲ မှတ်မိနေခဲ့တယ်.......

                       xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

                       တစ်ခါက ဂျပန် ရွာလေးတစ်ရွာမှာရှိတဲ့ လူမျိုးစု အကြီးအကဲ တစ်ဦးမှာ `` မီဂျီအို´´ လို့ခေါ်တဲ့ သားဖြစ်သူ ဓါးသမားလေး

တစ်ဦး ရှိခဲ့တယ်။ ဂျပန်ဓါးပညာကိုလည်း ဖခင်ဖြစ်သူထံကနေ ကြေညက်စွာ သင်ကြားတတ်မြောက်ထားခဲ့တယ်တဲ့.. အဲဒီခေတ်ကတော့..

သံရိုင်းခေတ်လို့ ပြောရမှာပေါ့..... ဓါးပညာကောင်းမွန်ပေမဲ့လဲ သံကောင်းကောင်းက အင်မတန်ရှားပါးတယ်လို့ ဆိုပါတယ်......။

                       ဒီရွာကလူမျိုးစု အကြီးအကဲလိုပဲ... တစ်ဘက်ရွာမှာလည်း လူမျိုးစုအကြီးအကဲတစ်ဦးရှိပြီး သူ့မှာလဲ အင်မတန်လှပတဲ့...

`` ဆူရာ ယာမ´´ လို့ ခေါ်တဲ့ သမီးလေးတစ်ဦး ရှိတယ်တဲ့လေ.... မီဂျီအို နဲ့  ဆူရာယာမ တို့ဟာ လူမျိုးစုအကြီးအကဲများရဲ့ သားသမီးများလဲ

ဖြစ်တဲ့အပြင် သက်တူရွယ်တူတွေ ဖြစ်တာကြောင့်.... လူငယ်သဘာဝ ချစ်မိသွားကြပါသတဲ့..... ။

                      အဲဒီအချိန်မှာ သံကောင်းကောင်းနဲ့ ပြုလုပ်ထားတဲ့ ဓါးဘုရင်တစ်ဦးပေါ်ပေါက်လာပါသတဲ့...... သူဟာ သိုင်းပညာ အဆင့်

မြင့်မားယုံမျှမက သံကောင်းကောင်းနဲ့လုပ်ထားတဲ့ ဓါးတစ်စင်းကိုပိုင်ဆိုင်ထားခြင်းကြောင့် ပြိုင်ဘက်များကို ယှဉ်ပြိုင် တိုက်ခိုက်တဲ့ အခါမှာ

ဓါးများဟာ ကျိုးပြီး အရှုံးပေး ကြရတာချည်းပဲတဲ့... ဒါပေမဲ့သူက သူ့လက်အောက်ကို ခိုဝင်တဲ့ ဓါးသမားတွေကို အသက်ရှင်ခွင့်ပေးပြီးဂုဏ်

သိက္ခာအရ ခိုဝင်ခြင်းမရှိသူတွေကိုတော့ ခေါင်းဖြတ်အဆုံးစီရင်ပါသတဲ့....  တကယ်တော့ ဒီဓါးဘုရင်ရဲ့ သိုင်းပညာနဲ့ လူမျိုးစု အကြီးအကဲ

များရဲ့ သိုင်းပညာဟာ ကွာခြားခြင်း မရှိသော်လည်း ဓါးကောင်းတစ်လက်ကို ပိုင်ဆိုင်ထားခြင်းကြောင့်..... တကယ်တမ်းယှဉ်ပြိုင်ရတဲ့အခါ

ဓါးဘုရင်ကို နိုင်ဖို့ မလွယ်ကူဘူးဆိုတာကို နှစ်ဦးစလုံးက ကောင်းကောင်း သိကြပါသတဲ့....... ။

                      ဒီလိုနဲ့ ဓါးဘုရင်ဟာ အင်အားကြီးထွားပြီး ဂုဏ်သတင်းကျော်စောကာ ထီးနန်းကို သိမ်းပိုက်လိုတဲ့အတွက်...... ရှိ ရှိသမျှ

ကျေးရွာတွေအားလုံးကိုလည်း လက်အောက်ကိုခိုဝင်ပြီး သစ္စာခံဖို့  အကြောင်းကြားခဲ့ပါသတဲ့......   လက်မခံသူတွေကိုတော့  တစ်ဦးချင်း

ဓါးချင်းယှဉ်ပြိုင်ပါသတဲ့.... ဆူရာယာမရဲ့ ဖခင် လူမျိုးစု အကြီးအကဲဟာ ဓါးဘုရင်ရဲ့ အင်အား အခြေအနေအားလုံးကိုတွက်ဆပြီး ဆန့်ကျင်

မိခဲ့ရင် တစ်ရွာလုံးနစ်နာမှာကို တွေးမိတဲ့အတွက် မကြာမီ ဘုရင် ဖြစ်နိုင်တဲ့ ဓါးဘုရင်ကို ယှဉ်ပြိုင်ခြင်း မပြုဘဲ လက်အောက်ကိုခိုဝင်ခဲ့တော့

တယ်..... သူတို့ရွာကိုလဲ လာရောက် လည်ပတ်ဖို့ ဖိတ်ကြားလိုက်ပါတယ်.... ဒါပေမဲ့ တစ်ဘက်က မီဂျီအိုရဲ့ ဖခင်ကတော့ လက်ရှိဘုရင်ကို

သစ္စာစောင့်သိခြင်းနှင့် အနိုင်ကျင့်ခြင်းတွေကို မနှစ်မြို့တာကြောင့် အညံ့ခံခြင်း မရှိခဲ့ပါဘူး............

                       တစ်နေ့မှာတော့ ဓါးဘုရင်ဟာ ဆူရာယာမတို့ ရွာကို အလည်လာရင်း ဆူရာယာမကို တွေ့တော့ ချစ်ကြိုက်သွားခဲ့ပြီးဖခင်

ဖြစ်သူထံမှာ လက်ထပ်ထိမ်းမြားဖို့ တောင်းဆိုခဲ့တယ်လေ..... ဒါကိုသိတဲ့ ဆူရာယာမဟာတိတ်တဆိတ် ထွက်ပြေးပြီး မီဂျီအိုကို အတူနေဖို့

ပူဆာရင်း...... နှစ်ယောက်သား ထွက်ပြေးခဲ့ကြတယ်၊ ဒါပေမဲ့ ဓါးဘုရင်ဟာ သူရဲ့ ရှိသမျှအင်အားနဲ့ လိုက်ရှာလိုက်တာ  နှစ်ရက်မြောက်နေ့

မှာတော့ သူတို့ ချစ်သူစုံတွဲကို တွေ့ပြီး ၀ိုင်းထားလိုက်တော့တယ်တဲ့...... ။      ဓါးဘုရင်ရဲ့ လက်ထဲကနေဘယ်လိုမှ လွတ်လမ်းမရှိတော့တဲ့

မီဂျီအိုဟာ ဓါးဘုရင်ကို ဓါးချင်းယှဉ်ခုတ်ဖို့ တောင်းဆိုခဲ့တယ်တဲ့...... ဓါးဘုရင်ဟာလဲ သဘောတူပြီး နှစ်ဦးသားယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြတာ

ဓါးပညာချင်းတူနေတာကြောင့် နံနက်နေထွက်ချိန်ကနေ  နေ့လည်အထိ ရောက်ရှိခဲ့တယ်တဲ့လေ.......   ဒီလိုနဲ့ နေ့လည်ခင်းမှာ တိုက်ရည်

ခိုက်ရည် ကြွယ်ဝနေတဲ့ ဓါးဘုရင်ရဲ့ ဓါးချက်ကြောင့် မီဂျီအိုရဲ့ ဓါးဟာ ကျိုးသွားခဲ့ပါသတဲ့.....  ဓါးကျိုးသွားတဲ့ အခါမှာ   ဓါးဘုရင်ဟာ ယခင်

ယှဉ်ပြိုင်နေကျ ဓါးသမားများလို ခိုလှုံခွင့်မပေးပဲနဲ့ ဓါးနဲ့ လိုက်ခုတ်တဲ့ အတွက်ကြောင့် မီဂျီအိုမှာ ဓါးဒဏ်ရာ သုံးချက်ခန့်ရရှိခဲ့ပြီး သတိလစ်

မေ့မျောသွားခဲ့ပါသတဲ့...... ဒီအချိန်မှာ မီဂျီအိုရဲ့ ဖခင်ဟာ သူ့ရဲ့ ရွာသားများနဲ့ အတူ ရောက်ရှိလာပြီး မီဂျီအိုကို ကယ်ထုတ်နိုင်ခဲ့သော်လည်း

ဖခင်ဖြစ်သူနဲ့ ရွာသားများဟာ ဓါးဘုရင်နဲ့ သူ့အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းကြောင့် အားလုံးကျဆုံးခဲ့ရတယ်.....

                      မီဂျီအိုပြန်လည် သတိရလာတဲ့အခါမှာတော့ ဖခင်ကိုရော.. ချစ်သူကိုရောဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်.. သူဟာအင်မတန်

စိတ်ထိခိုက်ပြီး ဓါးဘုရင်ရဲ့ ဓါးကို ချိုးနိုင်မယ့် အကောင်းဆုံးသံနဲ့ ပြုလုပ်ထားတဲ့ ဓါးတစ်လက်ရရှိစေရေးကို မဆုပ်မနစ်.....ရှာဖွေခဲ့ပါတော့

တယ် ..... ဒါပေမဲ့ သူမသိလိုက်တာကတော့ သူရဲ့ ချစ်သူ ဆူရာယာမ ထံမှာ သူနဲ့ နှစ်ရက်တာ ပေါင်းသင်းခဲ့ခြင်းအတွက် ရင်သွေးလေးကို

လွယ်ပိုးသွားခဲ့ရပြီဆိုတာပါပဲ...... အားလုံးတွက်ဆထားတဲ့ အတိုင်း ဓါးဘုရင်ဟာလဲ မကြာခင်မှာ ထီးနန်းကို သိမ်းပိုက်နိုင်ခဲ့တယ်တဲ့လေ.

ဒီလိုပဲ ဆူရာယာမ ဟာလဲ မိဘုရားကြီးအဖြစ်ကို ရရှိခဲ့ပြီး သားတော်လေးတစ်ပါးကို ဖွားမြင်ခဲ့ပါသတဲ့....... ဒီသားတော်လေးဟာ မီဂျီအိုရဲ့

သားလေးဖြစ်တယ်ဆိုတာကိုတော့..... ဆူရာယာမမှ တခြား ဘယ်သူမှ မသိခဲ့ကြဘူးတဲ့......

                      ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာလို့ သားတော်လေး အရွယ်ရောက်လာခဲ့တဲ့ အခါမှာ ဓါးဘုရင်ရဲ့ ဓါးသိုင်းပညာတွေကိုသာမက

ဓါးဘုရင်ရဲ့ ချစ်မြတ်နိုးခြင်းတွေကိုပါ ခံယူရရှိခဲ့တော့တယ်....... ဆူရာယာမကတော့ သားတော်လေးကို ဓါးသိုင်းသင်ခွင့်မပေးခဲ့ပါဘူး......

တစ်နေ့မှာ မီဂျီအို ဟာ ဓါးဘုရင်ကို လက်စားချေမယ်ဆိုတာ သိနေခဲ့တဲ့ အတွက်ကြောင့်ပါပဲ...... သူတွက်ဆထားသလိုပါပဲ....  နှစ်ပေါင်း

များစွာ အတွင်း သိုင်းပညာကို စဉ်ဆက်မပြတ်လေ့ကျင့်ခဲ့သလို.... အကောင်းဆုံးသံကိုလဲ ရရှိခဲ့ပြီး ဓါးဘုရင်ထက်ကောင်းတဲ့ ဓါးတစ်လက်

ကိုလဲ ရရှိခဲ့ပါတယ်.........

                       မီဂျီအိုဟာ ဓါးဘုရင်ကို ယှဉ်ပြီးတိုက်ခိုက်ဖို့. နန်းတွင်းကို စာပို့ စိန်ခေါ် ချိန်းဆိုခဲ့တာကြောင့် ဓါးဘုရင်ဟာလဲ ဂုဏ်သိက္ခာ

အရ သဘောတူလက်ခံလိုက်ရပါသတဲ့... ဒီလိုနဲ့ ချိန်းဆိုထားတဲ့ နေ့ရက်ကို ရောက်ရှိလာတဲ့အခါမှာ..... ဆူရာယာမဟာ သားတော်လေးကို

အနားမှာ တစ်ဘက်လှည့်နဲ့ ခေါ်ဆိုထားပါသတဲ့...... တစ်ယောက်က ကျွေးဖခင်၊ တစ်ဦးက သွေးဖခင်ဖြစ်နေတာကြောင့် ဒီကြားထဲကို ၀င်

မပါစေချင်ခဲ့ပါဘူးတဲ့...... ဒါပေမဲ့လဲ သားတော်လေးဟာ ဖခင် ဘုရင်ကြီး ဓါးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နေတယ်ဆိုတာ  သိတဲ့အတွက်

မိခင်ဖြစ်သူ စိတ်ချမ်းသာစေဖို့  တစ်ဘက်လှည့်နဲ့ မသိသလိုနေခဲ့ပါတယ်...... မိခင်ကြီး နေ့လည်ခင်း ခေတ္တအနားယူချိန်မှာတော့ မြင်းကို

စီးပြီး ပြိုင်ပွဲကျင်းပရာ နေရာကို အပြေးနှင်ခဲ့ပါတော့တယ်........

                        မင်းသားလေး ရောက်ရှိချိန်မှာတော့...... သူ့ ဖခင်ဘုရင်ကြီးဟာ မီဂျီအိုရဲ့ နောက်ဆုံး ဓါးချက်ကို ခံယူလိုက်ရတဲ့ အချိန်

ပါပဲ......... ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ မင်းသားလေးဟာ ဖခင်ရင်း ဖြစ်သူကို မသိပဲ သူ့မှာ ပါလာတဲ့ ဓါးတဲ့ အတင်းဝင်ရောက်တိုက်ခိုက်

ပါတော့တယ်........ မီဂျီအိုဟာ မင်းသားလေးကို အနိုင်တိုက်ခိုက်နိုင်ပေမဲ့ ထူးဆန်းတဲ့ စိတ်ခံစားမှု တစ်ခုကြောင့် လူကိုတိုက်ခိုက်ခြင်းမပြု

ပဲ သူရဲ့ ဓါးကိုသာ ခုတ်ချိုးလိုက်ပါတယ်တဲ့.......  ဓါးခေတ်ရဲ့ သမိုင်းထဲမှာတော့  ဓါးကျိုးသွားတဲ့  သူဟာ  အရှုံးကြီးရှုံးပြီး   သေဖို့ ပြင်ဆင်

ထားရတဲ့ အချိန်ကို ရောက်ရှိသွားခဲ့တာပဲပေါ့.... ဒါပေမဲ့ မီဂျီအိုကတော့ မင်းသားလေးကို သတ်ဖို့ စိတ်ကူး မရှိတာကြောင့်..... ဓါးကျိုးသွား

လို့ အံ့အားသင့်နေတဲ့ မင်းသားလေးကို စိုက်ကြည့်နေခဲ့ပါတယ်...... မင်းသားလေးဟာလဲ  ကျိုးကျသွားပြီး မြေကြီးမှာ စိုက်ဝင်နေတဲ့ သူ့ရဲ့

ဓါးသွားကိုကြည့်ရင်း.......  ဆတ်ကနဲ လက်ထဲမှာ..ကျန်နေတဲ့ ဓါးအကျိုးနဲ့ မီဂျီအိုရဲ့ ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့တယ်.....။

                        ထင်မှတ်မထားတဲ့ အချိန်၊  ထင်မှတ်မထားတဲ့ အနေအထားမှာ  ဓါးသမားတွေရဲ့ ခံယူချက်နဲ့ ကင်းလွတ်နေတဲ့....  မင်း

သားလေးရဲ့ တိုက်ကွက်ကြောင့် အံ့သြလွန်းမက အံ့သြရင်း လဲကျသေဆုံးသွားခဲ့ရတယ်တဲ့လေ...........

                       ဒီပုံပြင်လေးကို နားထောင်စဉ်အခါက သူ့ရဲ့ ဇာတ်လမ်းလေးကိုသာ သိခဲ့ရပြီး မီဂျီအိုနဲ့ ဆူရာယာမကို  သနားရင်း၊   မင်း

သားလေးကို အပြစ်တွေတင်ရင်း ကြီးပြင်းခဲ့ရတယ်....... နောက် စဉ်းစားတတ်တဲ့ အရွယ်ကို ရောက်လာတော့........ ခေတ်  တစ်ခေတ်ရဲ့

အသွင်သဏ္ဍာန်၊ ထိုခေတ်ထဲက ဓါးကိုသာ အမှီသဟဲပြုခဲ့ကြတဲ့ သူရဲကောင်းများ၊ နောက်ပြီး..... နှစ်ပေါင်းများစွာ ခက်ခဲတယ်လို့၊ ဖြေရှင်း

မရနိုင်ဘူးလို့ ထင်ခဲ့တဲ့ ဓါးကျိုးသွားခြင်းဆိုတဲ့ ရှုံးနိမ့်ရခြင်းရဲ့ အဖြေ၊ လူငယ်များရဲ့  စိတ်ဓါတ်ပြင်းထန်မှုနဲ့  လျှပ်တစ်ပြက် ဆုံးဖြတ်ချက် နဲ့

သေချာတဲ့ တိုက်ခိုက်ခြင်းတွေကို တွေ့မြင်ခဲ့ရတယ်........ တကယ်တော့ ဒီ မင်းသားလေးလို ဓါးအကျိုးကို အသုံးချခဲ့ရင် ဓါးဘုရင်ဆိုတာ

ဖြစ်စရာ အကြောင်းမရှိလို့ ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ ဖြစ်မလာနိုင်တော့ဘူးလေ..... အဲဒီခေတ်ထဲမှာ ဓါးကို လူထက်ပိုပြီး အားကိုးခဲ့

ကြတာ..... နောက်ပြီး....... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထက် ဓါးကိုယုံကြည်ခဲ့ကြတာ... ဓါးကျိုးရင် ရှုံးပြီဆိုတဲ့ သမရိုးကျဆန်တဲ့အတွေး

တွေကသာ ဒီလိုဇာတ်လမ်းမျိုးကို ဖြစ်ပေါ်စေခဲ့တာပါပဲ........ နောက်ဆုံးအောင်နိုင်ခြင်းကို ရရှိခဲ့တဲ့ မင်းသားလေးရဲ့ စိတ်ထဲမှာတော့......

ဓါးကျိုးခြင်း၊ မကျိုးခြင်း၊ သူ၏ သေခြင်း၊ ရှင်ခြင်းများထက် ဖခင်ကို သတ်သူကို သတ်နိုင်ဖို့သာ အလေးထားခဲ့တာကြောင့်..... နောက်ဆုံး

မှာ အောင်နိုင်သူ ဖြစ်ခဲ့ရတယ်လို့ တွေးမိခဲ့တယ်......

                       ဒီပုံပြင်လေးနဲ့ ကျွန်တော်ရဲ့ အတွေးလေးတွေက အနှစ်သာရကင်းမဲ့နေခဲ့ရင်လဲ ကျွန်တော့် အားနည်းချက်သာ ဖြစ်သလို

လိုအပ်နေသေးရင်လဲ ကျွန်တော့်ရဲ့ လိုအပ်ချက်သာ ဖြစ်ပြီး  နှစ်ပေါင်းများစွာ ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာတွေဟာလဲ တကယ်တော့ .....

အင်မတန်လွယ်ကူနေတတ်ကြောင်းနဲ့ ရိုးရှင်းနေကြောင်း တွေ့မြင်နိုင်ခဲ့လျှင်ဖြင့်............

                     


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>