ယခုမျက်မှောက်ခေတ် နဲ့ ယခင်လွန်ခဲ့သောခေတ် နဲ့ ကွားခြားပုံကို ဖော်ပြပါတယ်ဗျာ။ကျွန်တော်က တောသား
ဆိုတော့ ကျေးလက်တောရွာအကြောင်းနဲ့ပဲ ဖော်ပြပါမယ်ဗျာ။ဘုန်ကြီးကိုဆွမ်းကျွေးဖို့ ပင့်ဖိတ်မယ်ဆိုပါတော့။
ယခင်လွန်ခဲ့သောခေတ်
ယခင်က လူတွေဆို ဘုန်ကြီးကိုဆွမ်းကျွေးဖို့ သွားဖိတ်ရင် ပဝါကို ပခုံးပေါ်တင် ယဉ်ကျေးမှုဆန်ဆန်ဝတ်ပြီး
ဘုန်ကြီးကျောင်းကိုသွားပါတယ်။ဘုန်ကြီးကျောင်းထဲလည်းဝင်ရော ဖိနပ်ချွတ်ပြီး ကိုယ်ဖိတ်မယ့်ဘုန်းကြီးရဲ့
ကျောင်းပေါ်ကိုမတက်ခင် အောက်မှာ ရှိတဲ့ဘုရားတွေကို အရင်ဆုံးဖူးတယ်။နောက်မှ ဘုန်းကြီးကျောင်းကို
တက်သွားတယ်။ဘုန်းကြီးရှေ့လည်းရောက်ရော ဘုန်းကြီးက"ဘာကိစ္စရှိပါသလဲ" လို့မေးတယ်။ဒကာတွေကလဲ
"မနက်ဖြန်တပည့်တော်တို့အိမ်ဆွမ်းကျွေးမလို့ ဘုန်းကြီးကိုလာပင့်ဖိတ်တာပါ" လို့ပြောပြီးရော ဦးချတယ်။ဒါက
ယခင် လွန်ခဲ့သောခေတ် က။
ယခုမျက်မှောက်ခေတ်
ယခုမျက်မှောက်ခေတ်ကတော့ အရင်ကနဲ့မတူတော့ဘူး။တောရွာမှာဆိုလည်း ဆိုင်ကယ် မရှိတဲ့အိမ် မရှိ
သလောက်ပါပဲ။ကဲ ဘုန်းကြီးကျောင်းသွားတော့မယ်။ဘုန်းကြီါ်ကိုသွားဖိတ်ရမယ် ဆိုပီး ဆိုင်ကယ်ကိုခွ။ဝတ်စား
ထားတာတွေကလည်း အသည်းယားစရာ(မိန်းကလေးပါ)။ဘုန်းကြီးကျောင်းလည်းရောက်ရော အံမယ် ဖိနပ်
မချွတ်ဘူး။ဆိုင်ကယ် နဲ့ ဒီအတိုင်းဝင်။ဘယ်ဘုရား ကိုမှ မရှိခိုး။ဆိုင်ကယ်နဲ့ တခါတည်း ဝူးးးးးးးးးးးးးးးး ဆိုပီး
ကိုယ်ဖိတ်မယ့်ဘုန်းကြီးရဲ့ကျောင်းရှေ့လည်းရောက်ရော ဆိုင်ကယ် ဟွန်းသံနဲ့ တီး..တီး..တီး.. ဟေး ဘုန်းကြီး
ရေ ဘုန်းကြီးရေ။ဘုန်းကြီးကလဲ အသက်ကြီးတော့မကြား နောက်တခါ တီး..တီး..တီး ဟေးဘုန်းကြီးရေ
ဝေးဘုန်းကြီး။အဲ ဘုန်းကြီးကလဲ ကြားသွားရော ပြတင်ပေါက်ကနေ ဟဲ့ ဒကာမလေး ဘာလို့ ဟွန်းသံတွေနဲ့
ညံနေတာလဲ ဘုန်းကြီးကျောင်းမှာ ဒကာမကလဲ ဘုန်းကြိး မနက်ဖြန်မနက် တပည့်တော်မတို့အိမ် ဆွမ်းကျွေး
တယ် မနက်ဖြန်မနက်စောစောလာ။ပြောလဲပြောပီးရော ဆိုင်ကယ်ကိုလှည့် တခါတည်း ဝူးးးးးးးးးး ဆိုပီး
ဘုန်းကြီးကျောင်းကနေထွက်သွားတော့တယ်ဗျာ။
ကျေးဇူးတင်ပါတယ် ဗျာ။
ပင်လယ်ဓားပြ
↧
ယခင်လွန်ခဲ့သောခေတ် နဲ့ ယခုမျောက်မှောက်ခေတ်တို့ရဲ့ ခြားနားချက်
↧