*...အားလုံးမင်္ဂလာပါခင်ဗျာ.....
တိုင်းပြည်တစ်ပြည်ကောင်းဘို့ တိုင်းပြည်တစ်ပြည်တိုးတက်ဘို့ဆိုရင် အရေးအကြီးဆုံးကတော့.
တိုင်းပြည်အုပ်ချုပ်တဲ့သူ(သို့)မင်းလို့ခေါ်တဲ့တိုင်းပြည်ရဲ့အကြီးအကဲဟာအဓိကကျပါတယ်.မင်း
ကောင်းမှတိုင်းပြည်လဲကောင်းပါတယ်.မင်းမကောင်းရင် တိုင်းပြည်လဲမကောင်းတော့ပါဘူး...
*.မင်းကောင်းမင်းမြတ်ဆိုတာဘယ်လို့ဟာလဲ မင်းကောင်းမင်းမြတ်ဖြစ်အောင်ဘယ်လိုနေရ
မလဲဆိုတာမသိသေးတဲ့ညီငယ် ညီမငယ်များသိစေရန်မင်းကျင့်တရားကိုဆိုတာကိုတင်ပြပေး
လိုက်ပါတယ်.
*...မင်းကျင့်တရား (၁၀) ပါး သို့မဟုတ် မင်းကောင်းမင်းမြတ်တို့ရဲ့ကျင့်စဉ်ကတော့....
(၁)ပေးကမ်းစွန့်ကြဲလှုဒါန်းခြင်း.(ကိုယ်ပိုင်ဖြင့်လှုဒါန်းခြင်းကိုဆိုလိုသည်.)...
(၂)ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့မြဲမြံအောင်ထိမ်းသိမ်းခြင်း...
(၃)အမှု့ထမ်းတို့အားရိက်ခါ(စားရိတ်)တို့ကိုလုံလောက်အောင်ပေးကမ်းခြင်း...
(၄)ရိုးသားဖြောင့်မတ်တည်ကြည်ခြင်း(လျှပ်ပေါ်လောလီမှု့မရှိခြင်းကိုဆိုလိုသည်)...
(၅)သာယာနူးညံ့ချိုသာသောစကားကိုသာပြောဆိုတက်ခြင်း...
(၆)ကိုကျင့်သီလတို့ကို ခြိုးခြံစွာဖြင့် စောင့်ထိမ်းကျင့်သုံးခြင်း...(အူမတောင့်မှသီလစောင့်တာ
မျိုးကိုမဆိုလိုပါ..)...
(၇)တိုင်းသူပြည်သားတို့အပေါ်ဝယ် အမျက်ဒေါသမထွက်ခြင်း...
(၈)တိုင်းသူပြည်သားတို့အပေါ်ဝယ် မနှိပ်စက်ခြင်း(ဖိနှိပ်ချုပ်ခြယ်မှု့မရှိခြင်ကိုဆိုလိုသည်)...
(၉)တိုင်းသူပြည်သားတိုအပေါ်ဝယ် သည်းခံလျှက်အုပ်ချုပ်ခြင်း...
(၁၀)ပြည်သူပြည်သားတို၏ သဘောနှင့်မဆန့်ကျင်ခြင်း.(ပြည်သူပြည်သားတို့၏ သဘော
ဆန်ဒကိုလိုက်လျှောခြင်းကိုဆိုလိုသည်.)
.အထက်ပါအကြောင်းအရာများသည်မင်းကောင်းမင်းမြတ်များ၏ကျင့်စဉ်ဖြစ်ပါတယ်..
မင်းကောင်းမင်းမြတ်ဆိုတာအလိုပေါ်လာတာမဟုတ်ပါဘူး.မင်းကောင်းမင်းမြတ်ဖြစ်အောင်
ကိုယ်တိုင်ကျင့်သင့်တဲ့တရားများကိုကျင့်သုံးမှသာလျှင်မင်းကောင်းမင်းမြတ်ဖြစ်နိုင်တယ်ဆို
တာအားလုံးသိအောင်တင်ပြပေးလိုက်တာပါဗျာ...
...တိုင်းပြည်ကြီးအမြန်ဆုံးတိုးတက်ဖွံ့ဖြိုးပါစေ မင်းကောင်းမင်းမြတ်များပေါ်ထွန်းပါစေ.....
........အားလုံးကိုလေးစားလျှက်.........
************************************************************
.............ဆက်လက်ကျိုးစားပါအုံးမည်...............ဇွဲကိုကို.............