နားပူနားဆူလုပ်တတ်ခြင်းသည် ယောက်ျားတို့၏ အချစ်ကို အထူးပျက်ပြယ်စေတယ်ဆိုတာ မိန်းကလေးများမမေ့ပါနဲ့။
ချစ်လို့ရိုတ်တာ ခံနိုင်တယ် မုန်းလို့ကြည့်တာ မခံနိုင်သူတွေမို့၊ မိန်းကလေးတွေ ကြွားချင်တဲ့အထဲမှာကိုယ်ကြင်ဘက်က ကိုယ့်အပါ် ဘယ်
လောက်ချစ်တယ်၊ ကြင်နာတယ်၊ ယုယတယ် ဆိုတာ ထိပ်ဆုံးကပါတယ်ဆိုတာ ယောက်ျားတွေ မမေ့ပါနဲ့၊။
အချစ်မပါပဲပေးဆပ်လို့ရပေမယ့်၊ ပေးဆပ်မှုမပါရင်တော့ ချစ်လို့မရနိုင်ပါဘူး။
လင်ကောင်း မယားကောင်းရှာယူနိုင်ရုံနဲ့မပြီးဘူး ၊ကိုယ်တိုင်လည်း လင်ကောင်း မယားကောင်းဖြစ်အောင် ကြိုးစားရသေးတယ်၊။
ပညာရှိကြီးတွေပြောကြတယ် မိန်းကလေး ယောက်ျားလေးတွေဟာ မညားခင်ကသာ တစ်ယောက်ကိုတစ်ယောက် သေသေချာချာ
သိကြမယ်ဆိုရင် လက်ထပ်ပွဲတွေ သိပ်နဲသွားမှာပဲ တဲ့၊ ဒါကြောင့်မညားခင်သိအောင်ကြိုးစာကြရမယ်နော်။
မိန်းကလေးတွေ အလှပြင်ပါ၊မိမိကိုယ်ကိုယ် လှသည်ဟုထင်ကာ ကျေနပ်နေသောမိန်းမ တစ်ဦးအဖို့ သောကရောဂါ ဖြစ်ဖို့မလွယ်သလို
ယောက်ျား၏ ချစ်မြတ်နိုးမူကိုလည်းပိုရနိုင်ပါသည်၊ သို့သော် လင်ယောက်ျားမရှိခိုက် အထူးအလှပြင်ခြင်းကို မူ ယောကျာ်းများက
မကြိုက်ပါ၊။