ကျွန်တော် မောင်အောင်ထက် နဲ့ဇနီး မပိုးဥတို့အိမ် ဧည့်ခန်းလေး..
မှန်လှောင်အိမ်..ငါးမွေးကန်လေးတစ်ခုအတွင်း၌..
ရွှေငါး ဇနီးမောင်နှံတို့..စကားပြောဆိုနေကြသည်ကို..
ကျွန်တော်..စာဖတ်ရင်း..အမှတ်မထင် သုတံ ဤသို့ ကြားလိုက်ရသည်။
အထီး။……..။ ရှင်မရေ..ကိုမင်းကိုနိုင်၊ဦးခွန်ထွန်းဦး၊ကိုဂျင်မီ၊မနီလာသိန်းတို့လွှတ်ပီတဲ့ကွ..
အမ ။……...။ ကောင်းတာပေါ့တော်..လွှတ်သင့်တာကြာပီကိုး..
အထီး။……..။ နာတယ်ကွာ..
အမ။……....။ အလိုတော်..မုဒိတာမပွားပဲ..ဘာမနာလိုဖြစ်နေရတာလဲ..
အထီး။…..…။ တို့ရွှေငါး ဘ၀ကို ရင်နာတာပါကွာ..ဘယ်တော့များလွှတ်ပါ့..
အမ။…..…..။ ဒီမှာနေရတာ..ရှင့်ကို ဘယ်သူနှိပ်စက်လို့လဲ..တိုက်ပိတ်လို့လဲ..
အထီး။………။ ဒါပေမဲ့..တို့ဘ၀ကမွေးထဲက..ထောင်တစ်သက်လွတ်ရက်မရှိကြီးကွ
အမ။………..။ တော်က..ဘာလုပ်ချင်လို့လဲ..ဒါဆို
အထီး။………။ လူတွေလို..ထောင်ဖေါက်မယ်ကွာ..လှောင်အိမ်ထဲက..ခုန်ထွက်ကြမယ်..
အမ။…….…..။ ဟဟ..မြောက်လောင်း ဂျူနီယာအောင်ထက်လေး..ဓါတ်စာမိနေမယ်..
ဂျူနီယာအောင်ထက်ဆိုတာ..အောင်ထက်ကြီးနဲ့ ပိုးဥမ သားလေးပါ၊
သူတို့မြောက်လောင်းခေါ်လည်း ခေါ်စရာ၊
လစ်တာနဲ့ ရွှေငါးလေးတွေကိုတုတ်နဲ့ထိုးလိုထိုး..
ထမင်းစေ့တွေထည့်လိုထည့်..
သူတို့ဆက်ပြောနေကြတာက..
အထီး။………။ လူ့အခွင့်ရေး ကော်မတီကို အသနားခံရကောင်းမလား..ရှင်မရေ..
အမ။………..။ ဟဟ..ရှင်က လူမှမဟုတ်တာ..ရွှေငါးလေ..
အထီး။………။ အေးကွ..ဒါလည်းဟုတ်တာပဲ..
အမ။………..။ ဒီလိုလုပ်ပါလား သမ္မတကြီးဆီ..အီးမေး..ပို့အသနားခံပါလား..
အထီး။………။ အပြောကောင်းတယ်..ဘယ်မလဲ အင်တာနက်..လက်တော့ ..
အမ။………...။ ဒီလိုလုပ်လေ..အိမ်ရှင်မ ဒေါ်ပိုးဥဆီ..မကြာမကြာ လာလည်တဲ့
ဟိုအပျိုကြီးနှစ်ယောက်လေ..ဘယ်သူ..
အထီး။………။ ဒေါ်မေသဇင် နဲ့..မုံရွာသူဒေါ်နှင်းဝေလား..သူတို့ပို့ခိုင်းမလို့လား
အမ။………..။ ဟုတ်ပါ့..ကြည့်ရတာ သနားတတ်ပုံပေါ်တယ်.အကူညီတောင်းရအောင်
အထီး။………။ သမ္မတကြီး..အီးမေးလိပ်စာက..ဘယ်ကရမလဲ..
အမ။………..။ ရှင်တို့ယောက်ျားတွေ..အရေးအကြောင်းဆို..ဘာသုံးမရဘူး..
အထီး။………။ အေးပါ..လိပ်စာပြောပါအုန်း..
အမ။………..။ ဒါလေးများ ပျင်းတောင်ပျင်းသေး..သမ္မတကြီး@gmail.com ပေါ့
အထီး။………။ ဟေ..ဘာတဲ့..သမ္မတကြီး@gmail.com..ဟုတ်စ။
………………………………………………………………..
ရွှေငါးလေးတွေကို..ဘာလို့ထောင်ချထားကြရတာလဲဗျာ..
………………………………………………………………..