တစ်ခါတစ်လေ အချိန်လေးရလို့  သူငယ်ချင်းတွေနဲ့  စကားလေး ပြောရင်း ပင်ပမ်းနေတဲ့ စိတ်လေးကို အပန်းဖြေဖို့  စိတ်ကူးရင်း ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်အကောက်လေးဖွင့် သူငယ်ချင်းကို စကားလေး ပြောမယ်ကြံတုန်းရှိသေး ကိုယ့်ထက် လက်ဦးသူတွေက တက်လာပြီ....။
“ဟိုင်း”
“ဟိုင်း”
အင်း သူဟိုင်းတော့ ကိုယ်လဲ ပြန်ဟိုင်းရမှာပေါ့...။ ဒါဟာ ဟိုနေ့ က အသစ်လာအက်ထားတဲ့ အကောက်လေး ဆိုတာတော့ သိလိုက်တယ်...။ ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုသာ ကိုယ့်အကောက်လေး ပြောပြထားလေတော့ လာအက်သူဟာ ကိုယ့်သူငယ်ချင်းများလားလို့  ထင်နေတတ်တာကလဲ အကောက်သစ်လာအက်တာ တွေ့ တိုင်းပါပဲ...။ အကောက်မပေးတာက အခြားတော့မဟုတ်...။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေရတဲ့ ဘဝမှာ အွန်လိုင်းမှာ ထိုင်ပြီး စကားပြောာဖို့ ဆိုတာ အချိန်တော့ သီးသန့် မပေးနိုင်တာမို့  Gtalk ထဲ အကောက်များစွာ အက်ပြီး မပြောဖြစ်ခဲ့ပါဘူး........။
ဒါပေမဲ့ ခုလိုပဲ လာအက်သူတွေ မကြာကြာတွေ့ နေရပြီး နှုတ်ဆက်လာခဲ့ရင်တော့လဲ ရိုင်းပြသူ တစ်ယောက်မဟုတ်ခဲ့တာမို့  ကောင်မွန်စွာပဲ ပြန်လည်နှုတ်ဆက်ခဲ့ပါတယ်..။
“ခင်ချင်လို့ ပါ”
“ဟုတ်ကဲ့ပါရှင့်”
“နာမည်ဘယ်လိုခေါ်လဲ”
အင်း သူပဲ လာအက်ပြီး သူပဲ နာမည်လာမေးနေတယ်...မသိတဲ့ သူကိုလဲ အက်တာပဲလား...စိတ်ထဲက တွေးလိုက်ပေမဲ့ လက်ချောင်းလေးတွေကတော့
“အိဏ်ခပါရှင်”
“နာမည်အရင်းလား အွန်လိုင်းနာမည်လား”
ဟူးးးးးးးးးးးးးးး သက်မကို တစ်ချက်ရှိုက်ရင်း
“အရင်းပါရှင့်..အိဏ်ခမှာ ဒီနာမည်တစ်လုံးထဲပဲ ရှိတာပါရှင်”
“ခု ဘယ်က ချက်လဲ”
“ရှင်”
“ဘယ်က ချက်လဲလို့  အိမ်ကလား ဆိုင်ကလား”
“ဆိုင်ကပါရှင့်”
“ဘယ်မှာနေတာလဲ”
“အိဏ်က နယ်ကပါရှင်”
“ဟုတ်လား ဘယ်နယ်ကလဲ”
“ကရင်ပြည်နယ်ပါ”
“ကရင်ပြည်နယ် ဘယ်မြို့ ကလဲ”
“ရှင်ကရော ကရင်ပြည်နယ်ကပဲလား”
“မဟုတ်ပါဘူး ပြန်မမေးနဲ့ ကွာ ဘယ်မြို့ ကလဲဆို”
“ဘားအံကပါ”
“အော် ကျောင်းပြီးပြီလား”
“ဟုတ် ပြီးသွားပါပြီ”
“ကိုယ်က အင်္ဂလိပ်စာနဲ့  ပြီးတယ် သူက ဘာနဲ့  ပြီးလဲ”
“ဇူးနဲ့ ပါရှင်”
“ဘယ်နှစ်က ပြီးတာလဲ”
...................................
“ဟေ့ မေးနေတယ်လေ မပြောဘူးလား”
“ဘာလုပ်ဖို့ တုန်းရှင့်”
စိတ်က နည်းနည်းတော့ တိုချင်လာပြီ....။ အစစ်ဆေးက တဖြည်းဖြည်းများလာပြီ...........။ အချိန်လေးရတုန်း သူငယ်ချင်းနဲ့  စကားပြောမယ်ဆိုကာမှ သူမေးတာကြီးဖြေနေရတယ်...။
“ကျွန်မ မအားတော့ဘူး..ဆောရီးရှင်”
“စိတ်ဆိုးသွားတာလား ”
“တကယ်မအားတော့လို့ ပါရှင်”
“ဘာအလုပ်လုပ်သလဲ”
ကဲကြည့် မအားပါဘူးပြောတော့လဲ အလိုက်မသိ...။ ဘယ်လိုဟာလေးတွေမှန်းကို မသိဘူး........။
“ကယ်ပါ မပြောချင်လဲ နေပါ..အလုပ်များချင်ယောင်ဆောင်လဲ ရပါတယ်”
ဟူးးးးးးးးးးးးး သက်မမောကို တစ်ချက် ထပ်ရှိုက်လိုက်မိပြန်၏......။
ဂျီတော့ ဆိုတဲ့ တစ်ယောက်ကို တစ်ယောက်မမြင်ရ မသိရတဲ့ နေရာမှာ သူတို့ မေးတိုင်း အမှန်တိုင်းဖြေစရာလား...........။ သူဘာလဲ ကိုယ်ဘာလဲ ဆိုတာ အဖြူအမဲ မကွဲပဲ ဘာကြောင့်များ သိချင်စိတ် စပ်စုချင်စိတ်တွေ များနေကြတာပါလိမ့်...........။
ခင်ချင်လို့ ပါ ပြောပြီး က၊ဂ၊န ကအစ မေးမြန်းနေတာ တကယ်ခင်ချင်လို့ ရော ဖြစ်နိုင်ပါ့မလား.............။
မေတ္တာစိတ် အစစ်အမှန်နဲ့  ခင်မင်လိုသူတွေအတွက် ဒါတွေက မလိုအပ်တဲ့ အရာတွေပါ............။
ခုတော့ ခင်ချင်လို့ ပါ ပြောပြီး သူတို့ ကပဲ လာမိတ်ဆက်သေး ကိုယ့်ကိုမေးနေပုံက လူဝင်မှုကြီးကြပ်ရေးက လိုလို ၊တရားရုံးရောက် တရားခံ တစ်ယောက်လိုလို ..........။ကိုယ်ကပဲ သူ့ ကို အပစ်တွေ လုပ်ထားသယောင်..........။
ဟူးးးးးးးးးးးးးးး မလွယ်ပါလား ဂျီတော့ လောကရယ်...။
အားရင်လဲ ဆိုဒ်တကာလှည့်ပြီး စာလိုက်ဖတ်တော့မယ်..........။
ဘာမှန်းမသိ ညာမှန်းမသိသူတွေစီမှာ အစစ်ဆေးခံဝင်ဖို့  ဒီ Gtalk ကြီး လုံးဝမဖွင့်တော့ဘူး............။
ဟူးးးးးးးးးးးးး ရင်မောလွန်းလို့ ..................။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
ှ