ms - “ လွတ်မြှောက်ခြင်းတွေနဲ့အတူ ”
=================================
“ လွတ်မြှောက်ခြင်း ” တဲ့ ဒီအသံတွေနဲ့အတူ ပြုံးသူကပြုံး ပျော်သူကပျော် အရည်လဲ့တဲ့မျက်ဝန်းတွေနဲ့ တ
ယောက်ကိုတယောက် ပွေ့ဖက်နှုက်ဆက်လိုက်ကြတာ ။ ပြီတော့ ၀မ်းသာမှု့တွေနဲ့တားဆီလို့မရနိင်အောင်
အူလိုက်သဲလိုက်ငိုကြွေးကြတာပေါ့ ။
အဲထဲမှာ စိုးရိမ်ပှုပန်မှု့တွေနဲ့အတူ သားသမီးတွေအတွက်နှစ်ပေါင်းများစွာ သောကရောက်နေခဲ့ရတဲ့ မိ့ဘတွေ
ပါမယ် ။ အဲဒီအထဲမှာ မဝေးချင်မခွဲချင်ပဲ ဝေဒနာတွေနဲ့ဝေးကွာခဲ့ရတဲ့ ဆွေမျိုးသားချင်းမောင်နှမတွေပါ
မယ် ။ ပြီတော့ အဲဒီအထဲမှာ အချိန်တိုင်းသတိ့ရနေတတ်တဲ့ ချစ်သူဇနီးမောင်နှံတွေလဲပါလိမ့်မယ်ပေါ့ ။
အခုတော့သူတို့တွေက မဲမှောင်လှတဲ့အခန်းကျဉ်းလေးထဲကနေ လွတ်မြှောက်ရာလမ်းတခုပေါ်ကိုရောက်ခဲ့
ပြီ ။ သူတို့တွေလွတ်ခဲ့ပြီပေါ့ ။
ဒီအဖြစ်အပျက်တွေကိုတွေ့မြင်လိုက်၇တော့ ကျွန်တော့်ရဲ့စိတ်ထဲမှာ အရမ်းကြည်နှုးနေမိ့ခဲ့တယ် ။ သူတို့ရဲ့
အပျော်အပြုံးတွေက ကျွန်တော့်ဆီကိုကူးဆက်လာတယ် ။ လွတ်မြှောက်ခြင်းအရသာကိုလဲ သူတို့နဲ့ထပ်တူခံ
စားလိုက်ရသလိုပဲ ။ ပြီတော့ ခွန်အားအချို့နဲ့သစ်လွင်တောက်ပလာမဲ့ သမိုင်းတခုကိုမျှော်ကြည့်ခဲ့မိတယ်
မှန်ကန်တဲ့သမိုင်းဆိုတာ ဘယ်လိုအရာမျိုးနဲ့ဖုံးကွယ်ထားပါစေ တချိန်ချိန်ကြရင်ပြန်ပြီပေါ်ထွက်လာသလိုမျိုး
သူတို့သမိုင်းမှာလဲ သူတို့ရဲ့လုပ်ဆောင်မှု့တွေကောင်းခဲ့လို့  ပြန်ပြီထွက်ပေါ်လာတယ်လို့ပဲ ကျွန်တော်ထင်မိ့
တယ်လေ ။
ဒီအတွက်ကျွန်တော်က လွတ်မြှောက်လာတဲ့သူတွေအတွက် ကျွန်တော်တတ်နိင်တဲ့ကျွန်တော့်ရဲ့စွမ်းအားလေး
နဲ့ သူတို့ကိုအသိ့အမှတ်ပြုပြီကြိုဆိုချင်တယ် ။ ဒီထက် ထမင်းတနပ်လေးတောင်မှ အငတ်ခံရမှာကြောက်တဲ့
ကျွန်တော်က သူတို့အားလုံးကိုသဒ္ဒါတဲ့စိတ်တခုနဲ့ပဲ ကျွေးမွေးဧည့်ခံပြီကြိုဆိုချင်တဲ့ဆန္တမျိုးနဲ့ပေါ့ ။
အမှားအမှန်ကိုသိမြင်နိင်ခြင်းမရှိပဲ ( ကိုယ့်ကျိုးဆန္ဒတွေသာ အမြတ်ထုတ်ယူတတ်တဲ့ ) လူတွေရဲ့စကားတွေ
ကိုဆန့်ကျင်ပြီ သူတို့တွေကိုနွေးထွေးစွာနဲ့ပဲ ဆက်ဆံကြရမယ် ။ တကယ်တော့ လွတ်မြှောက်လာတယ်ဆို
တဲ့စကားက ဘ၀နဲ့ရင်းပြီအကျဉ်းကျခံလိုက်ရတဲ့သူတို့တွေလောက် လွတ်မြောက်ခြင်းမပီသလောက်ပါဘူး ။
အမှန်တရားတခုအတွက် လူ့ဘ၀ရဲ့သက်တမ်းအချို့ကို စတေးပေးလိုက်တဲ့သူတို့တွေအတွက် ကျွန်တော်တို့
တွေက ကိုယ်တတ်စွမ်းနိင်တဲ့စွမ်းအားလေးတွေနဲ့ ကြိုဆိုလိုက်ကြရအောင်လား ။ ကျွန်တော့်အထင်ပြောရ
ရင်တော့ ကျွန်တော်တို့တွေအားလုံးဟာ လွတ်မြောက်ခြင်းတွေအတူတူပါပဲ . . . ။
= ချစ်ခြင်းအားဖြင့် - မင်းဆက်ဆက်ခ
( ၂၀.၁.၁၂ )