မြန်မာ အင်တာနက် လူမှုရေးဝက်ဆိုက်အသီးသီးမှာ ..
ယခုအခါ ရသစာပေပိုင်းကိုပိုမိုအာရုံစိုက် ရေးသားနေကြတာတွေ့ရလို့..ဂုဏ်ယူမိပါတယ်..
တစ်ချိန်.. ကိုချောရဲ့ ပုဂံစာပေတိုက်ခေတ်တုန်းကရသစာပေလုံးချင်းဝတ္ထုရှည်ကြီးတွေကို
မှန်မှန်ထုတ်ဝေခဲ့ပါတယ်..
ပုဂံစာပေတိုက်ရဲ့မူကိုက..နှစ်ပတ်လည်တိုင်း ပင်ကိုယ်ရေးရသ၀တ္ထုရှည်ကြီးတစ်အုပ်
အမှတ်တရထုတ်လေ့ရှိပါတယ်..
ဥပမာ..လင်းယုန်သစ်လွင်ရဲ့..ဓမ္မ၀ိလာသ
နတ်နွယ်ရဲ့..မြန်မာပြည်မြောက်ပိုင်း
ကျော်အောင်ရဲ့..အရေးကြီးပြီသွေးစည်းကြစို့
မင်းကျော်ရဲ့..တစ္ဆေ ။ မဟာ။ လှိုင်။ လမ်းပျောက်တဲ့မြိုင်။ ပင်းမြို့သူ ….စသည်များ ။
ဒီဖက်ခေတ်မှာတော့..ရသစာပေလုံးချင်းဟာစီးပွားရေးတွက်ခြေမကိုက်လို့ထင်ပါတယ်..
အတွေ့ရနည်းလာပါတယ်..
ဒါမှမဟုတ်..ရေးနိုင်စွမ်းပဲမရှိကြလေရော့လားမစဉ်းစားတတ်တော့ပါ..
စာပေမှာ..သုတစာပေနဲ့..ရသစာပေရယ်လို့ နှစ်မျိုးရှိတာသိကြပြီးပါ..။
သုတဆိုတာကတော့..ခေါင်းထဲကိုရောက်ပါတယ်..သုံးဖို့ကြုံရင်ပြန်ထုတ်သုံးလိုက်ပေါ့..
ရသစာပေဆိုတာကတော့..သုတထက်လည်းဖန်တီးရခက်ပါတယ်..
ရသရေးမယ်ဆိုတိုင်းလည်း ရသဖြစ်ချင်မှဖြစ်ပါတယ်..
မြင်တာ..ကြားတာလေးကို..နှလုံးသားနဲ့ခံစားတတ်ရပါ့မယ်..
ခံစားရသမျှ..ဖန်တီးမှုအတတ်ပညာလိုပြန်ပါတယ်..သိမ့်မွေ့လွန်းပါတယ်..
သူက..ဖတ်လိုက်သူကို..ရသတစ်ခု..ဒါမှမဟုတ် ပိုမိုစွာခံစားစေအောင် သိမ်းပိုက်နိုင်စွမ်းရှိပါတယ်..။
ရသစာပေက..နှလုံးသားထဲကို..ရင်ဘတ်ထဲကို နက်ရှိုင်းစွာစီးဝင်ပါတယ်..
အဆင့်မြင့်တဲ့ ရသကျတော့..နှလုံးသားကနေ..အသိဥာဏ်ထဲထိထိုးဖေါက်ကိန်းအောင်ပြန်ပါတယ်..
ဆင့်ပွားတွေ အများကြီးဖြာထွက်စွမ်းအားရှိပါတယ်..
ရသစာပေ ကြိုက်သူများတွက်..
ရသစာအုပ်ကောင်းလေး တစ်အုပ်ကိုညွှန်းပါရစေ..
မွန်ဝန်ကြီး..ဗညာဒလရဲ့ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းဖြစ်ပါတယ်။
ကျမ်းဆိုပေမဲ့ စကားပြေအရေးအသားစာအုပ်ပါ။ ကောင်းလွန်းလို့ပါ။
ရန်ကုန် စာအုပ်ဟောင်း ဈေးတန်းများ မှာလဲရှာလို့ရကောင်းပါတယ်..
စာကြည့်တိုက် ကောင်းကောင်းများမှာလဲ တွေ့နိုင်ပါသေးတယ်..
ကျွန်တော်မှာတော့..ကံကောင်းစွာ..ဇွဲ-ဦးထွန်းရှိန် (၃၀-၁၂-၆၇)မှာ ပထမအကြိမ်ထုတ်ဝေတဲ့
စာအုပ်လေးပိုင်ဆိုင်ခွင့်ရထားပါတယ်..။
မြန်မာစာပေသမိုင်းမှာ စကားပြေအရေးအသား အလွန်ရှားပါးလှပါတယ်။
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း ဟာတကယ်တော့ မွန်ဘာသာ ရာဇာဓိရာဇာ ရာဇ၀င်ကျမ်း ကို
မွန်ဝန်ကြီး..ဗညာဒလက မြန်မာစကားပြေ ပြန်ဆိုခဲ့တာပါ။
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း ဘယ်လောက် ရသမြောက်လည်းဆိုရင်
ကျွန်တော်တော့ဖြင့်ဖတ်မိတာ အကြိမ်ကြိမ်ပါပဲ၊
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း ဇာတ်ကြောရိုးကတော့..မြန်မာရာဇ၀င်မှာ စာတင်ခဲ့ရတဲ့
မွန်မြန်မာ အနှစ်လေးဆယ် စစ်ပွဲပါပဲ..
သက္ကရာဇ် ၇၀၀ကျော်ခေတ်က မြန်မာဘုရင် မင်းခေါင်က အထက်မြန်မာနိုင်ငံမှာ
ခေါင်းဆောင်ဖြစ်ပါတယ်။
ရာဇာဓိရာဇ်က အောက်မြန်မာနိုင်ငံက မွန်ခေါင်းဆောင်ပါ။
မင်းနှစ်ပါး ဟာအနှစ်လေးဆယ်ကြာအောင် တန်ခိုး အာဏာလုရင်းနဲ့သာ
ပြည်တွင်းစစ်ပြုလို့အချိန်ကုန်ခဲ့ကြတာပါ ။ လူမျိုးစုစစ်အမြင်နဲ့တော့မဖတ်စေချင်ပါ။
ဖတ်ဖြစ်ရင် ပဒေသရာဇ်ခေတ် အမြင်နဲ့ဖတ်တာက ပိုကောင်းပါတယ်။
ဒါပေမဲ့ ထူးဆန်းတာက မင်းနှစ်ပါးစလုံးဟာ..ဘာသာတရားကိုကြည်ညိုသူများဖြစ်ကြပါတယ်..။
သူရဲကောင်းများ..ဆင်ကောင်းမြင်းကောင်းများကိုလည်း နှစ်သက်သူများဖြစ်ကြပါတယ်..။
စစ်မှာ သေနင်္ဂဗျူဟာမြောက်ဆင်နွဲခဲ့ကြတာတွေကိုတွေ့ရပါတယ် ။
ယောက်ျားကောင်းဆန်တာတွေ..ရန်သူပင်ဖြစ်ပါစေ..သူရဲကောင်းတို့အပေါ် လေးစားတာတွေ
တွေ့ရပါတယ် ။တစ်ဖက်ရန်သူကိုပင် လေးစားကြပါတယ်။
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း ကိုဖတ်မယ်ဆိုရင်တော့..အကြံပေးချင်တာက
ဇာတ်ကောင်တွေ..မြို့ရွာတွေက ရှေးခေတ်..မွန်အမည်တွေမို့ မှတ်ရခက်ပါတယ်..
ကျွန်တော်ကတော့..ပထမတစ်ခေါက်ကို..အမြန်ဖတ်(scan) ဖတ်ပါတယ်..
စာရွက်ရှည်တစ်ရွက်မှာ..ဇာတ်ကောင်အမည်တွေ နဲ့သူတို့တစ်ဦးနဲ့တစ်ဦး
ဆွေမျိုးတော်စပ်ပုံတွေကို..ကိုယ်နားလည်မဲ့နည်းနဲ့မှတ်ထားပါတယ်..
နောက်တစ်ကြိမ်ဖတ်တော့ ဇာတ်ရည်လည်ပါတယ်..
နောက်တစ်ကြိမ် ထပ်ဖတ်တော့ ရသခံစားနိုင်ပါတော့တယ်..
အကြိမ်ကြိမ်ဖတ်လေ..စွဲလန်းလေပါပဲ..
(စစ်နဲ့ငြိမ်းချမ်းရေး..အတွဲကြီးဖတ်တုန်းကလည်း..ခုလိုနည်းနဲ့ပဲ ဖတ်ခဲ့ရပါတယ်)
ဆိုက်အသီးသီးမှ..မင်ဘာများခင်ဗျာ..မြန်မာစာပေ အရသာကိုခံစားချင်ရင်..
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကြီးဟာ..တကယ်ကောင်းလွန်းတဲ့ စကားပြေပါ..
မရ ရတဲ့နည်းနဲ့ ရှာဖတ်ပေးကြပါ ။
နိုင်ငံရပ်ခြားမှ မင်ဘာများတွက်လည်းE-book..ရှိရာ နေရာကိုသိသူရှိပါက
ညွှန်ပြပေး ကြဖို့မေတ္တာရပ်ခံပါတယ်..။
……………………………………………………………….
( ဆိုက်အားလုံးမှ အက်မင်..မင်ဘာတိုင်းကို..လေးစားသော..အောင်ထက် )