ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားသည့် မီးလောင်မှုများကို မီးသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်း သတ်ရာတွင် ပိုမိုအဆင်ပြေချောမွေ့ မြန်ဆန်စေရန်အတွက် မြို့နယ်မီးသတ်စခန်းများ အချင်းချင်း အင်တာနက် စနစ်ဖြင့် ဆက်သွယ်မည့် Command and Control Center များသို့ လာမည့်နှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝင်း က ပြောသည်။
အဆိုပါ Command and Control Center များသည် တစ်ခုနှင့်တစ်ခု အင်တာနက်စနစ်ဖြင့် ဆက်သွယ်မည်ဖြစ်ကာ ရန်ကုန်မြို့ရှိ မြို့နယ်များအလိုက် နေအိမ်တိုက်တာများ၊ အထပ်မြင့်တိုက်များ၊ ရပ်ကွက် လမ်းအနေအထား အချက်အလက်များကို မြေပုံဖြင့် လမ်းညွှန်နိုင်မည်ဖြစ်ပြီး အချက်အလက်များ Suntac ကုမ္ပ ဏီနှင့် ပူးပေါင်း၍ ဆော့ဖ်ဝဲရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
" မီးလောင်မှုများတာက ဖွံ့ဖြိုးတိုးတက်မှုနဲ့လည်း ဆိုင်ပါတယ်။ မီးသုံးတာများရင် မီးလောင်မှု များနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တစ်နှစ်ကို မီးလောင်မှု ၁၅၀၀ လောက်ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ တစ်နှစ်ကို မီးလောင်မှု ၈၀၀၀ လောက်ဖြစ်ပါတယ်။ မီးဘေးအန္တရာယ်ကာကွယ်မှုတွေ လုပ်နေပေမယ့် မီးလောင်မှုက များ နေပါတယ်။ ကးဝင်ရခက်တဲ့လမ်းတွေ ပိတ်ဆို့နေမှုကို ရှင်းလင်းဖို့ကိုလည်း သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းထားတာ ရှိပါတယ်" ဟု ဦးကြည်ဝင်းက ဆိုသည်။
Command and Control Center များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ် ၂၂ မြို့ နယ်တွင် ပဏာမဖွင့်လှစ်သွားမည်ဖြစ်ပြီး မီးသတ်ကားများတွင်လည်း GPS စနစ်သဘောပါဝင်သည့်စနစ်များ TTMA (ခေါ်) CDMA စနစ်များ တပ်ဆင်ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှာ အရှေ့ပိုင်းခရိုင်တွင် ၁၅ ခု၊ အ နောက်ပိုင်းခရိုင်တွင် ၇ ခု၊ တောင်ပိုင်းခရိုင်တွင် ၉ ခု၊ မြောက်ပိုင်းခရိုင်တွင် ၁၁ ခုရှိပြီး မီးသတ်တပ်ဖွဲ့ဝင်အင် အား ၄၅၆ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၈၂၈၂ ဦးနှင့် မီးသတ်ကား အစီးရေ ၈၃ စီးခန့်ရှိကြောင်း သိရှိ ရသည်။