Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“အချစ်ကို…… ဒီလိုလေးဖွင့်ဆိုချင်”

$
0
0

ကျွန်မတို့လူသားတွေဟာ မွေးဖွားပြီဆိုတည်းက သေသည်ထိတိုင်အောင် အချစ်ဆိုတဲ့စကားလေးနဲ့ ကင်းကွာမနေကြပါဘူး အချစ်ဆိုတာကို ဟိုးတချိန်က အာဒံနဲ့ဧ၀ ရိုမီယိုဂျူးလိယက်ဆိုပြီး စခဲ့ကြတယ်လို့ အစဉ်အဆက်ပြောဘူးကြ ကြားဘူးနားဝစကားလေးတွေရှိခဲ့ကြသည်မဟုတ်ပါလား…..

ကျွန်မက စာရေးဆရာမ မဟုတ်သလို ကဗျာဆရာလည်းမဟုတ်ခဲ့ရပါဘူး တစ်ခုတော့ပြောပြချင်သေးတယ် ကျွန်မသိခဲ့တဲ့ အချစ်ဆိုတဲ့အကြောင်းအရာလေးကိုပေါ့ အချစ်နဲ့ပတ်သက်ပြီး ဘယ်လောက်များသိလို့လည်းလို့ မေးခွန်းထုတ်စရာလေးတွေရှိနေကြကောင်း ရှိနေကြမှာပါ ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတဲ့အနက်အဓိပ္ပာယ်လေးကို ကမ္ဘာပေါ်မှာရှိကြတဲ့ လူသားများအားလုံးက အမျိုးမျိုးဖွင့်ဆိုနေကြလို့ပါပဲ….

အချစ်ဆိုတာကို…..တချို့က ပိုင်ဆိုင်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ရယူခြင်း၊ ပေးဆပ်ခြင်း စတဲ့ Definitionတွေကို မိမိတို့ခံစားနေကြရတဲ့ ခံစားချက်တွေကို မူတည်ပြီး ဖွင့်ဆိုခဲ့ကြတာပါ ဖွင့်ဆိုခဲ့ကြတိုင်းအတိုင်းလည်း တိုက်ဆိုင်မှုတွေရှိလာတိုင်း ခံစားမှုလေးတွေထပ်တူကျတိုင်း ဒီလိုဖွင့်ဆိုပုံလေးကို လက်ခံခဲ့ကြ သဘောကျခဲ့ကြပါတယ်…..

သူတို့လေးတွေနည်းတူအတိုင်းပဲ ကျွန်မကလည်း “အချစ်”ဆိုတဲ့ စကားလေးနှစ်လုံးကို ဒီလိုလေးဖွဲ့ဆိုချင်ပါသေးတယ်…..

အချစ်ဆိုတဲ့အရာဟာ တစ်ကယ်တော့ နူးညံ့သိမ်မွေ့ပြီး နက်နဲလှပါတယ် လူသားတွေရဲ့ရင်ထဲကနေ အလိုအလျောက်ထွက်ပေါ်လာတဲ့ ခံစားချက်လေးတစ်ခုပါ အရောင်တွေမပါဘဲ အဖြူထည်သက်သက်ပေါ့ ….

ကျွန်မဖွင့်ဆိုတဲ့ အချစ်မှာ ထင်နေကြမှာပါ လူတွေပြောပြောနေကြတဲ့ ၁၅၀၀ဆိုတဲ့အချစ်လားပေါ့ တကယ်တော့ ကျွန်မဖွင့်ဆိုချင်တာ အဲဒီတစ်ခုတည်းမဟုတ်ပါဘူး ကျွန်မဖွင့်ဆိုတဲ့ အချစ်ဆိုတာကတော့ ၁၅၀၀ဆိုတဲ့အချစ်နဲ့ ၅၂၈ဆိုတဲ့ ချစ်ခြင်းတရားလေးပါပဲ….

ကမ္ဘာပေါ်မှာရှိကြတဲ့ လူသားတိုင်းဟာ အချစ်ကို ကန့်သတ်ချက်နဲ့ ခွဲခြားထားကြပါတယ် ၅၂၈ဆိုတာ မောင်ချစ် နှစ်မချစ် မိသားစုအချစ်တဲ့ ၁၅၀၀ဆိုတာကတော့ ချစ်သူချင်းချစ်တဲ့အချစ် သူစိမ်းနဲ့သူစိမ်းကြားမှာ ချစ်တဲ့အချစ်လို့ သတ်မှတ်ကြပါတယ် သူတို့ပြောသလို သတ်မှတ်သလိုပါပဲ ဟုတ်ပါတယ် ကွဲပြားခြားနားပါတယ်….တကယ်တော့ အပေါ်ယံသာ ကွဲပြားခြားနားခဲ့ကြတာပါ အချစ်ဆိုတဲ့အရာဟာ အရောင်အသွေးမကွဲပြားပါဘူး….

ရင်ထဲကနေ အလိုအလျောက်ဖြစ်တည်လာခဲ့ကြတာပါ မိသားစုတွေ မောင်နှမတွေဖြစ်ပေမယ့်လည်း အရမ်းချစ်ကြလိမ့်မယ်လို့ မထင်ကြပါနဲ့ ရန်ဖြစ်လိုက် တည့်လိုက် မခေါ်လိုက် မပြောလိုက်ဆိုတဲ့ ဘ၀ရဲ့စည်းချက်တွေကြောင့် သိပ်ချစ်ပါတယ်ဆိုတဲ့ မိသားစုချစ်ခြင်းတွေလည်း ပြိုလဲခဲ့ရသည်သာပေါ့ ….

ချစ်သူချင်းချစ်တဲ့ အချစ်ဆိုတာကတော့ သူစိမ်းနဲ့သူစိမ်းကြားမှာဖြစ်တည်လာတဲ့ စိတ်ကလေးတစ်ခုပါ…..

သူတို့ပြောတဲ့အချစ်ဆိုတာက ကန့်သတ်ချက်ရှိပါတယ်….ကျွန်မကတော့ အချစ်ဆိုတာဟာ ကန့်သတ်လို့မရပါဘူး

လူတိုင်းကိုချစ်လို့ရသလို လူတိုင်းကိုလည်း အချစ်တွေပေးနိုင်ပါတယ်……အချစ်တစ်ခုလေ မဟုတ်ဘူးလား…

ဒါဆိုရင် ကျွန်မကို သူတို့က မေးခွန်းလေးတွေ ထုတ်ကြလိမ့်မယ်ထင်ပါတယ်….

ဒါဆိုရင် ကျွန်မကို သူတို့ ဘယ်လိုမေးကြမလဲဆိုတော့…..လူတိုင်းကိုချစ်လို့ရတယ်ဆိုတော့ ၁၅၀၀ဆိုတဲ့ ချစ်ခြင်းတရားမှာ သစ္စာမရှိရာကျမှာပေါ့လို့ဆိုတဲ့ မေးခွန်းလေးတစ်ခုပေါ့…..

မှန်ပါတယ်…သူတို့မေးတာလေးတွေ….၁၅၀၀ဆိုတဲ့ ချစ်ခြင်းမှာလည်း လူတိုင်းကိုချစ်လို့ရနိုင်ခဲ့သလားလို့ မေးခွန်းလေးထုတ်နိုင်ပါတယ်

ဘာကြောင့်လဲဆိုတော့ သူတို့ချစ်တဲ့ အချစ်ဆိုတာက ကန့်သတ်မှု လောဘ တဏှာဆိုတဲ့အရောင်တွေ ပါနေလို့ပါပဲ….

ဆိုကြပါစို့ရှင်….

ကျွန်မတို့တွေ ခု ရေပန်းစားနေတဲ့ ဂျီတော့ဆိုတဲ့ အွန်လိုင်းလေးတစ်ခုပေါ်မှာ ယောက်ျားလေးရော မိန်းကလေးရော ဘယ်ကမှန်းမသိတဲ့ အရောင်အသွေးစုံတဲ့ သူစိမ်းဆိုတာတွေကြီးပဲမဟုတ်ပါလား….အဲဒီလို သူစိမ်းဆိုတာတွေနဲ့ ခင်မင်တယ် ရင်းနှီးတယ် အကျွမ်းဝင်တယ် စကားတွေပြောတယ်…အဲဒီအရာတွေအားလုံးဟာ အချစ်ဆိုတဲ့အရာကနေ ပေါက်ဖွားလာတာမဟုတ်ပါလား…. အဲဒီလို အားလုံးတွေထဲက အခန့်မသင့်ခဲ့ရင် ၁၅၀၀ဆိုတဲ့ ချစ်ခြင်းတရားကို ပြောင်းလဲဖို့ အားသာသွားခဲ့ရင်ရော ပြောင်းလဲမှုတွေရှိနိုင်သေးတယ်မဟုတ်ပါလား ဒါဟာလည်း ချစ်တာတစ်ခုတည်းပေါ့…..၁၅၀၀ကိုပြောင်းလဲသွားတာနဲ့အမျှ အခြားသူတွေကိုရော မုန်းတီးလို့ရနိုင်မှာလား….မဖြစ်နိုင်တဲ့ မေးခွန်းတွေပေါ့နော်….

တစ်ကယ်တော့ အချစ်ဆိုတဲ့အရာဟာ ကျွန်မတို့တွေ မမြင်နိုင်တဲ့ မမြင်ကွယ်တဲ့တစ်နေရာကနေဖြစ်ပေါ်လာတဲ့ စေတသိတ်ဆိုတဲ့ စိတ်လေးတစ်ခုပါ အဲဒီစိတ်လေးကတော့ အမှန်တကယ် ရိုးစင်းလှပါတယ် လူတွေလို့ပြောရင် ကျွန်မလည်း လူသားတယောက်ပါပဲ ဒါကြောင့် ကျွန်မက ဒီလိုလေးပြောချင်ပါတယ် အချစ်ဆိုတာဟာ တဏှာရဲ့ကျေးကျွန်တစ်ခုပါ ဒါပေမယ့်လည်း ကျွန်မတို့လူသားတွေအားလုံး ရှောင်လွှဲလို့မရနိုင်ခဲ့ပါဘူး ကျွန်မကိုယ်တိုင်ပါပဲ အဲဒီလို တဏှာကို ရင်ထဲမှာ မွေးမြူထားရင်းကနေ ဥပါဒါန်ဆိုတဲ့ စွဲလန်းစိတ်ကလေးဖြစ်တည်လာပါတယ် အဲဒီစိတ်ကလေးဟာ သိပ်ကြောက်စရာကောင်းပါတယ် တဏှာကို တဏှာအတိုင်းပဲထားပါ ဥပါဒါန်ကနေတဆင့် လောဘတွေ ဒေါသတွေ မောဟတွေ ကပ်ငြိပါလာနိုင်ပါတယ် အဲဒီလိုပါလာတဲ့အခါမှတော့….

သူတို့တွေပြောကြတဲ့ ပိုင်ဆိုင်လိုစိတ်တွေ ရယူလိုစိတ်တွေဖြစ်ပေါ်နေကြမှာပါ…ဒီလိုဆိုရင် အဲဒါကို ကျွန်မတို့ အချစ်လို့မခေါ်တော့ပါဘူး အဲဒီနောက်ကွယ်မှာ အမုန်းတရားဆိုတဲ့ ရာဂမီးတွေ ပါလာနိုင်မှာ မလွဲသေချာပါပဲ ဒါကြောင့်….ကျွန်မဖွင့်ဆိုလိုက်တဲ့ အချစ်ဆိုတာကတော့….

အချစ်ကို…ရင်ထဲမှာဖြစ်တည်လာတဲ့အတိုင်းလေး မကွယ်မ၀ှက်တမ်းလေး ရိုးသားစွာနဲ့ချစ်ကြပါ

အချစ်ကို…..အချစ်လို့ပဲမြင်ကြပါ

အချစ်ကို……ပကာသနတွေ ထပ်လောင်းမထည့်ကြပါနဲ့

အချစ်ကို……ရုပ်နာမ်တွေ မခွဲခြားကြပါနဲ့

အချစ်ကို…..ပေတံတွေမထားကြပါနဲ့

အချစ်ကို…..တန်ဘိုးမဖြတ်ကြပါနဲ့

အချစ်ဆိုတာ တန်ဘိုးထားရင် တန်ဘိုးထားသလောက် တန်ဘိုးလည်းမြင့်နေမှာပါ လူတွေပြောနေကြတဲ့ ရုပ်ချောလေးမို့ ဥစ္စာလေးကလည်းပေါလို့ ဆင်းရဲလို့ ချမ်းသာလို့ စတဲ့ အရာဝတ္ထုတွေနဲ့ တိုင်းတာလို့မရနိုင်ပါဘူး….နောက်ဆုံးအနေနဲ့ ကျွန်မဖွင့်ဆိုချင်တာလေးကတော့…..

“မိသားစု ၊ မောင်နှမ၊ ချစ်သူ၊ သူငယ်ချင်း စတဲ့ ဘ၀ရဲ့အတိတ်ကံတွေကြောင့် ပေါင်းစုပြီးဖြစ်တည်လာခဲ့ရတဲ့ အသိုက်အ၀န်းလေးတွေအပေါ်မှာ ရိုးသားဖြူစင်မြင့်မြတ်တဲ့ အချစ်တစ်ခုနဲ့သာ ချစ်သွားကြမယ်ဆိုရင်”

ကျွန်မဖွင့်ဆိုပေးချင်တဲ့ “အချစ်”ဆိုတာလေးက လူသားတွေရဲ့ကြားထဲမှာ တစ်နေ့ထက်တစ်နေ့ တန်ဘိုးတွေမြင့်မားပြီး အရောင်တွေတောက်ပြောင်လာနေမှာပါ….

ဒါကြောင့် ကျွန်မနဲ့အတူ လူသားအားလုံးကလည်း “အချစ်”ကို ရိုးသားစွာနဲ့ ချစ်နေကြပါလို့ ဆန္ဒပြုလိုက်ပါရစေသားရှင်……..


“အားလုံးကိုခင်မင်လေးစားလျှက်”

နေခြည်သစ်နွယ်(ပြည်)

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>