တပည့်တော် မရွံတတ်ပါဘုရား
အညာကျေးလက် ဒေသတစ်ခုမှ အဖြစ်အပျက် တစ်ခုပါ။ အညာဒေသ ဘုန်းတော်ကြီးကျောင်းများတွင် ရေအိုးစင်များ တည်ထားပုံက စည်းစနစ်ကြီးလှသည်။
ဘုန်းကြီးသောက်တဲ့ ရေအိုး၊
ကိုရင်သောက်ရေအိုး၊
ကျောင်းသားသောက်တဲ့ ရေအိုး
စသည်ဖြင့် အဆင့်ဆင့် ခွဲခြား၍ တည်ထားလေ့ရှိသည်။
ဘုန်းကြီးများအတွက် တည်ထားသော သောက်ရေအိုးကို အခြားကိုရင် ကျောင်းသား ဒကာများ သောက်ခွင့်မရှိပါ၊
အကယ်၍ ကိုရင် ကျောင်းသားများ သောက်တာ ဘုန်းကြီးတွေ့သွားလျှင် ဆော်ပလော်တီးခံရသည်၊
ထို့ အတူ ရွာထဲမှ ဒကာများ ဧည့်သည်ဒကာများ ရောက်လို့ ဘုန်းကြီးသောက်ရေအိုးက သောက်ရန် ဟန်ပြင်လျှင် အနီးအနားရှိတဲ့ ကိုရင် ကျောင်းသားများက ဟန့်တားပေးရပါသည်။
ထိုသို့ ဟန့်တားမပေးပါက ထိုကိုရင် ကျောင်းသားများကို ဧည့်သည်ဒကာပြန်ရင် ထန်းဖလပ်ဒုတ်နဲ့ လေးငါးချက် မိတ်ဆက်ပေးပါသည်။
တစ်နေ့ ထိုအကြောင်းအရာများကို နားမလည်သေးသော ဧည့်စိမ်းဒကာတစ်ယောက် ကျောင်းရောက်လာပါသည်။ ထိုဒကာက ရောက်ရောက်ချင်း မောမောပမ်းပမ်းနဲ့ ဘုန်းကြီး သောက်ရေအိုးမှ ရေကို သောက်ရန် ခြေလှမ်းပြင်နေခိုက်…….
မြင်တွေ့ကြတဲ့ ကိုရင် ကျောင်းသားများ အပြေးရောက်လာပြီး…..
ဒကာကြီး.. ဒကာကြီး… အဲဒါ ဘုန်းကြီးသောက်ရေအိုးဗျ…..။
ထိုသို့ ပြောဆိုလျှင် ဒေသခံ ရွာသားများဆိုလျှင် သဘောပေါက်ပါတယ်၊
သို့သော် ယခုဒကာသည် နယ်အဝေးမှ ရောက်လာသူ ဒကာ ဖြစ်ရကား ထိုဒေသ၏ အစဉ်အလာ ယဉ်ကျေးမှုကို မသိရှိသည့်အတွက်….
ပြန်ပြောလိုက်သော စကားကား……………..
မှန်ပါ့ … တပည့်တော် မရွံတတ်ပါဘုရား………. တဲ့။
ကဲ……. ကောင်းကြသေးရဲ့လား…………
ကြိုးစားပါဦးမည်
ဧပရယ်စံ