Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မရယ်ရရှ် ရယ်ရသည်

$
0
0

တစ်နေ့သဉ် ကျွန်ုပ်မွန်စီယာဆီညော်သည် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၏ မြို့တွင်းဧရိယာ တစ်စိတ်တစ်ဒေသို့ တိုင်းခန်းလှည့်လည်လေ့လာလိုစိတ်ဖြစ်ပေါ်မိသဖြင့် ကျွန်ုပ်ငှားရမ်းနေထိုင်အခြေချရာအိမ်ဆီမှ မော်တော်ကားဂိတ်ဆီသို့ ခြေကျင်လျှောက်ထွက်လာရင်းမှ စဉ်းစားမိသည့်အကြောင်းအချက်ကား ထိုကဲ့သို့လေ့လာသုတေသနပြုသည်ဆိုရာတွင် မော်တော်ကားဖြင့် လှည့်လည်ခြင်းထက် ခြေကျင်လျှောက်လေ့လာခြင်းက လတ်တလောအဖြစ်အပျက်များကို ဒိဋ္ဌဓမ(မ) လက်ငင်းကျကျသိမြင်ရခြင်း၊ မော်တော်ကားစီးသည်ဆိုရာတွင်လည်း အပြင်ပန်းအရောင်အဆင်းသာလှပပြီး ပေးထားသော ယာဉ်လိုင်းနာမည်နှင့်မအပ်စက်လှသည့် အထူးယာဉ်ကြီးများမှာ စီးနင်းလိုက်ပါလာကုန်သော ခရီးသည်များအဖို့ငြိမ်းငြောင်းသာယာမှုမရှိသည့်အပြင်သာမန်မော်တော်ကားများကဲ့သို့ မတ်တတ်ရပ်ခရီးသည်များစွာဖြင့် ခွေးတိုးဝက်ဝင် ကျပ်ညပ်စွာလိုက်ပါရပေသောကြောင့် ကျွန်ုပ်လေ့လာလိုသောပတ်ဝန်းကျင်အနေအထားကို လေ့လာမရနိုင်ခြင်းစသည့် ခြင်းပေါင်းများစွာတို့ကို တွေးတောစဉ်းစားမိပေသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြည့်စုံပြီး လေကောင်းလေသန့်ကိုပါရှူရှိုက်ရနိုင်သည့်လမ်းလျှောက်ခြင်းသည်သာလျှင် မှန်ကန်မွန်မြတ်ပေသည်ဟုတွက်ဆသုံးသပ်မိပြီးသကာလ

ကျွန်ုပ်၏ဘယ်ညာခြေလှမ်းတို့ကို သတိကြီးစွာ ထားရင်း တိုင်းခန်းလှည့်လည်လေ့လာသုတေသနပြုမှု အစီအစဉ်ကိုခြွင်းချက်မရှိစတင်ခဲ့ချေတော့သည် တမုံ့တကား။

         ကျွန်ုပ်သည် ဘယ်ညာခြေလှမ်းတို့ကို သတိကြီးစွာထားရသည်ဟူသည့် အချက်ကို ကှ်နေရာမှနေရှ်တခုတ်တရ ရှင်းလင်းတင်ပြချင်ပါပေ၏။ကျွန်ုပ်တို့ရန်ကန်ုတိုင်းဒေသကြီး၏တချို့သောကတ(တ)ရာလမ်း၊တချို့သော ကွန်ကရစ်လမ်းမများပေါ်တွင်သွားလာမောင်းနှင်နေကြကုန်သောအနှေးယာဉ်များ၊မော်တော်ဆိုင်ကယ်များ၊လျှပ်စစ်စက်ဘီးများနှင့်မော်တော်ကားများစွာတို့သည်၎င်းတို့၏ခရီးကိုသွားလာရာတွင်လမ်းနံဘေးမှလျှောက်နေသူများ အားရှိသည် ဟု ပင်မထင်မှတ်မမူဘဲ စည်းကမ်းမဲ့ရမ်းကားစွာမောင်းနှင်နေကြလေသဖြင့်“သတိတမံဥာဏ်မြေကတုတ်”ဆိုရိုးစကား အတိုင်းသတိကြီးစွာထားခြင်းသည် အန(တ)ရယ်ကိုကြိုတင်ကာကွယ်တားဆီးရှောင်ရှားရာရောက်လေသည် ဖြစ်သည့်အတွက်ကြောင့်ပေတည်း။

         ထိုသည့်အပြင် “ပညာသတိမရှိသသူ အပြစ်ထူ၏”ဟူသောမာဃဒေ၀လင်္ကာကျမ်းလာ ဆုံးမစာနှင့်အညီ၊ အပြစ်ထူသည့်လူ့ပေါက်ပန်းအဖြစ်ကို မရောက်ရှိလိုခြင်းကလည်း အကြောင်းရင်းတစ်ချက်ဖြစ်ပါပေသေး၏။ ယင်းသို့ဖြင့် ကျွန်ုပ်မွန်စီယာဆီညော်သည် ပလက်ဖောင်းမရှိရှာသော လမ်းမကြီး၏နံဘေးမှနေရှ် မော်တော်ကားလမ်းကို မျက်နှာချင်းဆိုင်ပြီး တစ်မျိုး၊ကျောခိုင်းရှ်တစ်ဖုံဖြင့် လျှောက်လှမ်းလာခဲ့ချေလေရာ“၀ီးခနဲ  ၀ီးခနဲ” မောင်းနှင်နေကြကန်ုသော မော်တော်ကားအမျိုးအစားစုံတို့ကို ရှောင်ရှားကြည့်ရှုရင်း ကျွန်ုပ်သိလိုသော အချက်အလက်များ များကိုလည်း မမေ့မလျော့ စူးစမ်းမှတ်တမ်းပြုစုနေရပေတော့၏။

         ကျွန်ုပ်မွန်စီယာဆီညော်သည် အစကနဦးလေ့လာသမှုကား၊ လူကုံထံဟုဆိုရဖွယ်ရှိသော ခပ်ဖိုင့်ဖိုင့်ပုတ်ဂို

ခပ်ဖိုင့်ဖိုင့်ပုတ်ဂိုတစ်ဦး သည် ၄င်း၏သိန်းရာကျော်တန်ဖိုးရှိသည့် နိုင်ငံခြားမှ လောလောလတ်လတ် တင်သွင်းလာသည်ဟု ယူရမည့် မော်တော်ကားကြီးတစ်စီးအား လူအများသွားလာအသုံးပြုနေသော လမ်းနံဘေးတစ်နေရာ၏အရိပ်ရှိရာနေရာတွင် ရပ်တန့်ထားပြီးသကာလ မော်တော်တပ်ဆင်ထားသည့် ရေပိုက်ဖြင့် ရေဆေးသန့်ရှင်းမှုကို ပယ်ပယ်နယ်နယ် ပြုလုပ်နေလေချေရာ၎င်း၏လုပ်ရပ်မှ ထွက်ပေါ်လာသည့် အကျိုးရလဒ်ကား ကျွန်ုပ်တို့ သောက်နေကျ လက်ဖက်ရည် ကဲ့သို့ အဆင်းသဏ္ဍာန်ရှိ ဗွက်ရေများပင်ဖြစ်ပေသတည်း။ ကျွန်ုပ်နှင့်အခြားသော အများပြည်သူတို့သည် ယင်းဗွက်ရေ များကို သတိဖြင့် ရှောင်ရှားနင်းဖြတ်ရင်းသာ မိမိတို့၏ခရီးစဉ်ကို ရှေးရှုရချေတော့၏။ ကျွန်ုပ်၏စိတ်ထဲဉ် အနှီ၎င်း လူသည် လူကုံထံဟုစာလုံးပေါင်းဖို့မသင့်မူဘဲလူစိတ်ကုန်နေပြီး စိတ်ဓာတ်ကြမ်းတမ်းခက်ထန် မာကျောသည့်အတွက်“လူကုန်ထံ” ဟုပင်စာလုံးပေါင်းရပေမည်ဟု တွေးဖြစ်မိပေတော့၏။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့နေ ပြည်သူလူထုအတွက် ရေချိုပိုမိုရရှိရေး ဆောင်ရွက်နေသည့်အခါသမယကာလတွင် ယခုကဲ့သို့ရေချိုများကိုတန်ဖိုးမသိဘဲ၎င်း၏ကားကိုဆေးကြောနေခြင်းဖြင့်ဖြုန်းတီးပစ်နေတတ်သည့်အထက်ပါ “လူကုန်ထန်”ကို လူစားမျိုးကားကျွန်ုပ်တို့ရန်ကုန်တိုင်းဒေသကြီးအနှံ့အပြားတွင် ရိုက်သတ်ရှ်ပင် မကုန်နိုင်ချေဟု တစ်လက်စတည်း စဉ်းစားသုံးသပ်မိချေတော့၏။

         ကျွန်ုပ်မွန်စီယာဆီညော်သည် ကျှ်သို့ဖြင့် ဆက်လက်သုတေသနပြုချေပြန်ရာ တစ်နေရာအရောက်တွင် လူအများစုဝေးတန်းစီနေကြသည့် မြင်ကွင်းကို တွေ့ရပြန်သဖြင့်ဘာလဲဘယ်လဲဟု စနည်းနာပြန်ရတော့၏။ အဖြေကား မထင်မှတ်စဖွယ်ပင်။ထိုသို့လူအများစုဝေးနေကြသည်ကား လျှပ်စစ်မီတာဆောင်ကြရန် ဖြစ်ပေသတည်း။ အံ့သြစဖွယ် ဟု ကျွန်ုပ်မှတ်ချက်ချမိ၏။ အဘယ်အကြောင်းကြောင့်ဟူမူကား နိုင်ငံတော်အစိုးရက လျှပ်စစ်မီတာခများကို ယခု 2012ခုနှစ်၊ နှစ်စရက်စမှအစပြုပြီးသကာလ တိုးမြှင့်ကောက်ခံလိုက်ချေရာ၊ ပြည်သူလူထုကျောမွဲလူတန်းစားတို့မှာ မိမိတို့ဥာဏ၊ကာယ တို့ဖြင့်ရှာဖွေရရှိလာသောငွေကြေးများထဲမှ အစားခြိုးခြံ၊ အ၀တ်ခြိုးခြံရင်းအစိုးရကို မလွန်ဆန်သာသ ဖြင့် အခွန်ပေးဆောင်ကြရခြင်းကြောင့် ပေတည်း။ဥာဏသမားဟုဆိုရာတွင် အနည်းလေး အခြေခံပညာ 10တန်းအောင်မြင်ပြီး ကွန်ပျူတာစာစီစာရိုက်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရသူမှ အစပြုရှ် အစိုးရ၀န်ထမ်းဖြစ်စေ၊ပုဂ(ဂ)လိက ၀န်ထမ်းဖြစ်စေ စသည်တို့အကျုံးဝင်ချေလေရာ တစ်လမှ မြန်မာနိုင်ငံသုံး ကျပ်ငွေ လေးသောင်းမှခြောက်သောင်းသာသာရရှိပြီး ယင်းသည့်လစာငွေထဲမှ ခရီးစရိတ်နှင့် အခြားဗာဟီရစရိတ်တို့ကို နှုတ်ပယ်လိုက်သည်ရှိချေသော် အစိုးရမင်းများထံသို့ ဆက်သပေးသွင်းရပါသော အခွန်အခငွေနှင့်ဆိုလျှင် ကျွန်ုပ်တို့၏မိဘပြည်သူ သို့တည်းမဟုတ် လုပ်သားပြည်သူတို့ခမျာ အစား၊အ၀တ်၊အနေတို့ကို မတရားခြိုးခြံချွေတာရပေ သဖြင့် လူစဉ်မီ၊ဥာဏ်စဉ်မီစေရန် စားသောက်ရမည့် အာဟာရဓာတ်တို့မပြည့်ဝကြောင်း ကျွန်ုပ်တွေးဆသုံးသပ်မိပေ၏။

         ကျွန်ုပ်တို့၏အမိမြန်မာနိုင်ငံတော်ကြီးသည်ကား နယ်ချဲ့ကိုလိုနီခေတ် လက်အောက်မှအစပြုရှ်။ ယနေ့ကိုယ့်မင်း ကိုယ့်ချင်း သမ(မ)တနိုင်ငံအဖြစ်သို့ ရောက်ရှိသည်အထိပင် သုံးရှ်မကုန် ဖြုန်းရှ်မကုန်သောမြေပေါ်မြေအောက် သယံဇာတို့ ပေါများကြွယ်ဝပါသော်ငြား ယင်း၎င်း သယံဇာတတို့သည် ကျွန်ုပ်တို့၏မိဘပြည်သူများနှင့် လားလားမျှ မသက်ဆိုင်ရမူဘဲ Elephant တန်ဆာကို Dog မျှော်ရသလောက်ပင် နီးစပ်မှုမရှိသည်ကိုလည်း ကျွန်ုပ်၏စဉ်းစားဥာဏ်က တွေးဆမိပြန်ပါပေ၏။

         ကျွန်ုပ်မွန်စီယာဆီညော်သည် တွေးရင်းစဉ်းစားရင်းဖြင့် မူးဝေနောက်ကျိလာပေသောကြောင့် သုတေသနပြုမှုကို ခေါက်သိမ်းကာ မလှမ်းမကမ်းတွင်ရှိသည့် လက်ဖက်ရည်ဆိုင်ကလေးအတွင်းသို့  ၀င်ရောက်နားခိုလိုက်ရချေပြီး ကျွန်ုပ်သောက်နေကျ ပုံမှန်နည်းနည်းကျ တစ်ခွက်ကို မှာယူရင်း ခေတ(တ)ခဏဖင်ထိုင်ချလိုက်ပေတော့၏။ တစ်ဆက်တည်းမှာပင် ကျွန်ုပ်၏မှတ်စုစာအုပ်ထဲဉ်လည်း အောက်ပါ စာတချို့ကို ကှုသို့ ကှုျနှယ် စာရေးလိုက်ရ ပေတော့ ၏တကား။

သယံဇာတများ

ပေါကြွယ်လေငြား အို……လူသား

ကံကရှောင်ကွင်းသွား…..။

-ဥာဏ်ကရှိလေလည်း

ကံကချို့နည်း အို…လူမွဲ

ဒုံရင်း ဒုံရင်းပဲ။

-ကိုယ့်အားသာကိုယ်ကိုး

အခွန်ဆတိုး ထမ်းရှ်ပိုး

ကံတွေကောင်းလိမ့်နိုး။

-ဘူးသီးသီးတော့မည်

အရီးပီပီခေါ်သံစီ

ကြားလူနှုတ်ပလီ။

-နိုင်ငံ့ကျောမွဲများ

ရှေးဆုတောင်းမှား လူဖြစ်ငြား

သွားရည်ကျရုံဗျား ။   ။

ps....fount  အခက်အခဲကြောင့် စာလုံးပေါင်းသတ်ပုံများကို သည်းခံဖတ်ရှုပေးပါရန် တောင်းဆိုအပ်ပါသည်။

ယခုတစ်ပတ်  True News Journal တွင်စိစစ်ရေးမှ ဖြုတ် ထားသောစာများကို အပြည့်အ၀ဖတ်ရှုနိုင်ရန် တင်ပြခြင်းဖြစ်ပါတယ်

မွန်စီယာဆီညော်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>