အထူးသတင်း(၁)
ပြိုင်ပွဲတစ်ခုတွင် ကွန်နက်ရှင်၊ လိပ်နှင့် ပက်ကျိတို့ အပြေးပြိုင်ကျရာ နောက်ဆုံး၌ ကွန်နက်ရှင်မှာ နှေးကွေးလွန်း၍ ဘိတ်ဆုံး၌ ကျန်ရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။
အထူးသတင်း(၂)
ကွန်နက်ရှင်ကြောင့် ချစ်သူချင်း ပြောင်လှောင်(chat)တယ်ဆိုပြီး အထင်လွဲကြရာ ပြတ်စဲကုန်သည်အထိ ဖြစ်ကုန်ကြပါသည်။ ယခုအခါ ထိုအကြောင်းရင်းကြောင့် အရက်ဆိုင်၌ အသည်းကွဲမောင်မောင်တို့ ပေါများနေပါကြောင်း သတင်းရရှိသည်။
အထူးသတင်း(၃)
လတိုင်း ရပ်ဝေး၌ ပိုက်ဆံပို့သောအချိန်၌ ဗိုက်ကြီးသည် တစ်ယောက် အင်တာနက်ဆိုင်သို့ ဖုန်းနားထောင်ရန်သွားရာ ကွန်ကျနေသောကြောင့် စောင့်ဆိုင်းပါသော်လည်း ပိုက်ဆံကားမရ။ ဤအင်တာနက်ဆိုင်တွင်ပင် ကလေးမွေးခဲ့သည်သာ အဖတ်တင်ခဲ့ကြောင်း သတင်းရရှိသည်။
အထူးသတင်း(၄)
ဘိုးဘိုးကြီးတို့မှာ လူမမြင်၍ ကြူ၍ကောင်းသော ဂျီတော့(ပ်)လောက၌ ကျင်လည်ခဲ့သည်မှာ ကြာပါပြီ။ သို့ပါသော်လည်း ယခုအခါ ကွန်မကောင်းသောကြောင့် အသက်ရှည်ဆေးများဖြင့် စကားမပြောဖြစ်ကျရာ စိတ်ကျရောဂါများရ၍ သေကြောင်းကြံသည်အထိ ဖြစ်ကုန်ကြပါကြောင်း သတင်းရရှိသည်။
အထူးသတင်း(၅)
ရုပ်ဆိုးသူများမှာ အင်တာနက်ထဲတွင် ဓာတ်ပုံများကို ကြည့်၍ကောင်းအောင် ပုံပြင်၍ နည်းပညာ အထူးပြုချက်များဖြင့် မော်ဒယ်ထိုင်ကြသည်မှာ ရှေးအင်တာနက်ပေါ်တည်းကပင်။ သို့သော် ယခုအခါ ကွန်ကကျနေပါသောကြောင့် ဖုန်းဆက်ပါလျှင်လည်း လူချင်းပဲတွေ့ကြမည်ဟု (သူတို့ကို ချောသည်ဟုထင်ပြီး) ချစ်တဲ့သူများက ဆိုကြရာ ရုပ်ဆိုးသူများမှာ စိတ်ညစ်လျှက် အိပ်ဆေးအသောက်လွန်ကာ ရှောဘရားသားဖြစ်သွားကုန်ပါကြောင်း သတင်းရရှိသည်။
အထူးသတင်း(၆)
ဒီနေ့မှာ လူအများကို စိတ်ညစ်အောင် လုပ်နေသော ကွန်နက်ရှင်မှ ဖြေရှင်းစကား ပြောလာပါသည်။ သူ့အဆိုအရ လူများက သူတက်လာပြီဆိုပါက အတင်းဝိုင်းလုကြရာ သူမှာ ဟိုရောက် ဒီရောက်နဲ့ လွန်ဆွဲပွဲ၌ ကြိုးတစ်ချောင်းလို ပြတ်တောက်သွားရပါကြောင်း ဆိုပါသည်။ သူက အားလုံးကို နှစ်သိမ့်စကားပြောကြားသည်မှာ နောက်နှစ် တစ်သောင်းရောက်ပါက ကွန်နက်ရှင်မှာ သံမဏိကြိုးထက် ခိုင်မြဲပြီး မပြတ်တောက်နိုင်တော့ကြောင်း သတင်းရရှိပါသည်။
အထူးသတင်း(၇)
ထိုဖြေရှင်းချက်ကို ကြားပါသော်လည်း လူထုမှာ အားလိုအားမရဖြစ်ကာ စုပေါင်းလူထုဖြင့် ဆန္ဒပြစိန်ခေါ်၍ ကွန်နက်ရှင်အား ထွက်လာခိုင်းပါသည်။ သို့ပါသော်လည်း ကွန်နက်ရှင်မှာ ဗန္ဓုလ၀င်စားသူပီပီ ကြောက်ချီးပါကာ လူတို့မမြင်အောင် ချောင်တစ်ချောင်၌ ပုန်းနေပါကြောင်း နောက်ဆုံး သတင်းအဖြစ် ရရှိခဲ့သည်။
သတင်းထောက်
စေပိုင်ထွဋ်(ပုသိမ်)
(ဒီနေ့ ကွန်ကျလို့ ညစ်လွန်းအားကြီးလို့ ရေးလိုက်မိပါသည်)