မေ သိပ်ချစ်ရတဲ့ နေရာလေးတစ်ခု လက်ညှိုးထိုးပြပါဆိုရင် မဆိုင်မတွ မေ လက်ညှိုးထိုးပြမိမှာကတော့
ချစ်သူမြို့တော် ရွှေမြို့တော် ဆိုတဲ့ နေရာလေးပါပဲ....................။
တစ်ရက်တာ ကုန်ဆုံးခဲ့တဲ့ ၂၄ နာရီဆိုတဲ့ နေ့ တစ်နေ့တာ အချိန်တွေမှာ ချစ်သူမြို့တော် မြေလေးကို မေ ခြေချနင်းထားတဲ့ အချိန်က နေ့ တစ်နေ့ ရဲ့  သုံးပုံနှစ်ပုံနီးပါး အချိန်တွေလောက်ရှိပါတယ်............။
လူတစ်ဦးတစ်ယောက်မှာ သူ ပျော်ရွှင်ရာ နေရာလေးကိုယ်စီတော့ ရှိကြမှာပဲ.............။
သူတန်ဖိုးထားရာ နေရာလေး တစ်နေရာတော့ ရှိကြမှာပါပဲ.............။
ဘာကြောင့်လဲ....................။
ထိုနေရာလေးတွေဟာ သူ့ ကို စိတ်အပမ်းပြေစေလို့  ၊ သူ့ ကို ပျော်ရွှင်စေလို့  ၊ သူ့ရဲ့  ဝေဒနာတွေ ကုစားပေးလို့၊ အကြောင်းပြချက်တွေများစွာနဲ့ သူတို့ စိတ်ခံစားချက်တွေကို ဖွင့်ဆိုပြပါလိမ့်မယ်...............။
မေကရော..မေဘာလို့  ဒီနယ်မြေလေးထဲမှာပျော်လဲလို့  မေးရင် မေ ရိုးသားစွာပဲ ဖြေပါလိမ့်မယ်..............။
ဒီနယ်မြေလေးက မေ့ရဲ့  ရင်ဖွင့်ရာနေရာ............။
ဒီနယ်မြေလေးက မေ့အတွက်အားဆေး.............။
ဒီနယ်မြေလေးမှာ မေ့ရဲ့  အိပ်ပျက်ညတွေကို ကုန်ဆုံးစေခဲ့တယ်............။
ဒီနယ်မြေလေးထဲမှာ မေ့ရဲ့  စိတ်ဖိစီးမှုတွေ ဖြေဖျောက်ခဲ့တယ်.............။
ဒီနယ်မြေလေးထဲမှာ ဘယ်သူမှ မသိတဲ့ မေ့ရဲ့  တိတ်တဆိတ် အားငယ်စိတ်တွေကို လွတ်မြောက်ခွင့်ပေးခဲ့တယ်.........။
ဒီနယ်မြေလေးထဲက အထီးကျန်ဆန်စွာနေတတ်တဲ့ မေ့ကို သူငယ်ချင်းတွေ များစွာပေးခဲ့တယ်..........။
မေ အနှစ်သက်ဆုံးကတော့
ဒီနယ်မြေလေးထဲမှာ မောင်နှမရင်းတွေလိုချစ်ကြတဲ့ တစ်မိသားစုချင်းစီးက ပေါက်ဖွားတဲ့ သွေးချင်းတွေရှိတယ်........။
အက်မင် မန်ဘာ လက်တွဲညီလို့  နှလုံးသားတွေ ထပ်တူကျနေကြတယ်...........။
ဒီနယ်မြေလေးထဲမှာ ဝန်တိုခြင်းတွေ မရှိဘူး..............။
ဒီနယ်မြေလေးထဲမှာ ရန်လိုခြင်းတွေမရှိဘူး................။
ဒီနယ်မြေလေးထဲမှာ အထင်သေးခြင်းတွေမရှိဘူး.........။
ဒီနယ်မြေလေးထဲမှာ မာန်မာနတွေမရှိဘူး...................။
မတစ်ထောင်ဖွားတွေ ဖြစနေပါလျှက် ချစ်ခင်ရင်းနှီးမှု့ က စာဖွဲ့ မကုန်ပါဘူး...............။
ဘယ်နေရာ ဘယ်ဒေသမှာမှ ရှာလို့ မရတဲ့ ငြိမ်းချမ်းမှုနဲ့  ပြည်စုံတဲ့ နယ်မြေလေးပါ...။
အနည်းငယ်သော အတိုက်အခံတွေ ရှိနေပေမဲ့ စာမဖွဲ့ လောက်တဲ့ အနည်ဒအကျည်းလေးပါ...။
ဒီနယ်မြေမှာ ရှိတဲ့ အက်မင်တွေအချင်းချင်းလဲ စည်းလုံးကြတယ်............။
မန်ဘာတွေ အချင်းချင်းလဲ ချစ်ခင်ကြတယ်................။
အက်မင်နှင့် မန်ဘာကြားလဲ နွေးထွေးကြတယ်............။
တစ်သွေးထဲ တစ်သားထဲကျစည်းလုံးချစ်ခင်မှူက လေးစားစရာပါ......။
ကာလတို တစ်ခုအတွင်းမှာ ချစ်သူမြို့ တော်ရယ်လို့ လူသိများတိုးတက်လာရခြင်းဟာ ဒီမြို့ ထဲမှာ နေထိုင်ကြတဲ့ မန်ဘာတွေအားလုံးရဲ့  စည်းလုံးမှုကြောင့်ပါ...........။
ဘယ်သူနဲ့ မှ မတူတဲ့ စည်းလုံးခြင်းတွေ များစွာနဲ့  အုတ်မြစ်ချထားတဲ့ ချစ်သူမြို့ တော်လေးမှာ ပျော်ရွှင်ခြင်းများစွာနဲ့  မန်ဘာအပေါင်း ဆက်လက်ချီတက်နိုင်ပါစေ............။
သူငယ်ချင်းရေ..............
တို့ များရဲ့လက် တွဲကာယှက်ရင်း
ရှေ့ ချီတက်မယ်
ဟော ..ဟိုမှာ
ရောင်နီတွေသန်းလို့ 
အာရုံဦးရဲ့ နက်ဖြန်
တစ်ရက်ပြီးတရက်
တစ်နေဝင် တစ်နေထွက်ကို
ကျော်ဖြတ်နိုင်ဖို့ ....
အခက်ခဲဆိုတဲ့
မှောင်နံရံကို ထိုးဖောက်ဖို့ ရာ
တို့ များအင်အား
စည်းလုံးခြင်းကို ပြကြစို့ လားကွယ်............။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်