----------------- ???????
နိုင်ငံ အသီးသီးသို့ ရောက်နေသော ဒို့ မြန်မာ လူမျိုးများကို ကြားနေ မြင်နေရသော အသိရယ်
ပြည်တွင်းရှိ မဖြစ်တန်ရာသော ဒုက္ခများကို ကြုံနေကြရသော မြန်မာပြည်ဖွား ညီနောင်များကို မြင်တွေ့မိလိုက်ရသော အသိရယ်
ဆိုကြပါစို့ဗျာ---------
ရှင်းရှင်းပြောရရင် နေမကောင်းလို့ ဆေးရုံသွားတော့ ဆေးရုံမှာ လူနာအတွက် ဆေးမရှိတဲ့ အဖြစ်တွေမျိုး
ကလေးငယ်ငယ် ကျောင်းနေအရွယ်မှာ ကျောင်းစာသင်ခ (ကျူရှင်ခ ) မပေးနိုင်လို့ ကျောင်းမတက်ရတဲ့ အဖြစ်တွေမျိုး
ခြံမြေတွေ သိမ်းယူလိုက်လို့ မိသားစုတွေ ဘ၀ပျက်ပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်တော့ အရွယ်မရောက်တဲ့ ကလေးတွေ မိဘကို ၀ိုင်းကူလို့ လမ်းနဘေးမှာ ပလာပ်စတေ့ ကောက်နေသော ကလေးတွေရဲ့ အဖြစ်တွေမျိုး
အဲဒါလေးတွေ စတာကို မြင်ရင်း ကြားရင်းဖြစ်
ကျွန်ုပ်အရင်ထဲ ဖြစ်လာသော ခံစားချက်လေး တစ်ခုက -------- လမင်း ဘယ်တော့ သာမှာလဲ -တဲ့ -----
လမင်းဘယ်တော့ သာမှာလဲ ----
လမင်းဘယ်တော့ သာမှာလဲဗျာ -- ???????????????????
လမိုက်ညဟာ-----------
ကျွန်ုပ်တို့တစ်တွေကို ခြောက်လန့်လှပါပြီ ----------
ဆွေတွေ အမျိုးတွေ မိဘတွေရယ်
ညီတွေ အစ်ကိုတွေ မောင်နှမများရယ်
ပေါင်းသင်း သူငယ်ချင်း အချင်းချင်းရယ်နဲ့
ရေတွေ မြေတွေ နယ်မြေတွေကို
အားလုံးကို ခွဲခွါမှုကြောင့်
မျက်နှာမှာလဲ မျက်ရည်ရွှဲလို့
တစ်ဖက်မှာလည်း ကလေးကိုဆွဲပြီး
တစ်ဖက်ကလည်း မီးထုပ် ကိုင်လျှက်
အမှောင်ကင်းသည့် အလင်းရောင်
ဟိုဟိုဒီဒီ လိုက်ရှာရင်း-----------
အိမ်ခြံအပြင် တစိမ်းနယ်ရောက်တော့
မဆုံချင်စရာ အမျိုးဘာသာခြားများကို
အမှီပြုလို့ ခစား အလုပ် လုပ်ခဲ့ရသည်
ဒါကြောင့် ----
ဒို့ -တိုင်းပြည် ဒို့ -နိုင်ငံ
ဒို့ -မြန်မာ မြေပြင်ရဲ့ အထက်ကောင်းကင်ဝေယံမှာ
လမင်းဘယ်တော့ သာမှာလဲ --
လမင်းဘယ်တော့ သာမှာလဲဗျာ -- ?????????????????????