Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မဟာဗုဒ္ဓဝင် ပဌမတွဲ (ပဌမပိုင်း) ပါရမီတော်ခဏ်း

$
0
0

ဤအတူ.....
ဓမ္မပဒအဋ္ဌကထာ ဆယ်ခုမြောက် ဒဏ္ဍဝဂ် ဆယ့်တစ်ခုမြောက်ဖြစ်သော သုခသာမဏေဝတ္ထုတွင် သုခသာမဏေအလောင်းသည် သူဆင်းရဲဖြစ်စဉ်အခါ ဂန္ဓသူဌေးကြီး၏ မွန်မြတ်လှစွာသော ထမင်းတနပ်စာကို စားလိုသည့်အတွက် သုံးနှစ်တိုင်တိုင် အခစားလုပ်မှ ကျွေးနိုင်မည်ဟု ဂန္ဓသူဌေးကြီး ပြောသဖြင့် သုံးနှစ်တိုင်တိုင် အခစားလုပ်၍ ထမင်းတနပ်စာကို ရရှိကာ စားတော့မည့်ဆဲဆဲတွင် ပစ္စေကဗုဒ္ဓါအရှင်မြတ် ကြွလာတော်မူသဖြင့် အလွန်တရာ စားချင်လှ၍ သုံးနှစ်တိုင်တိုင် စွန့်စွန့်စားစား အားထုတ်လုပ်ကိုင်မှ ရသော ထမင်းတနပ်စာကို မတွန့်မတို လှူဒါန်းလိုက်ခြင်းသည်၎င်း၊ (ဝတ္ထုအကျယ်ကို ဓမ္မပဒ၌ ကြည့်ရှုရာ၏။)

ပဏ္ဏာသနိပါတ် ဥမ္မာဒန္တီဇာတ်တွင် ဥမ္မာဒန္တီအလောင်း သူဆင်းရဲမကလေးသည် သုံးနှစ်အခစားလုပ်မှ ရရှိသည့် ဝတ်ပန်းဆိုးသော အဝတ်ကို ဝမ်းသာအားရ ဝတ်တော့မည့်ဆဲဆဲတွင် လူဆိုးများ သင်္ကန်းကို အလုခံရသော ကဿပမြတ်စွာ
ဘုရား၏ တပည့်ရဟန်းနှင့်တွေ့ကာ မိမိအလွန်တရာ ဝတ်ချင်လှစွာသော အဝတ်ကို မဝတ်ပဲ ရဟန်းအား လှူဒါန်းလိုက်ခြင်းများသည်၎င်း ဒုက္ကရဒါနပင် ဖြစ်သည်။

အကြီးအကျယ် အံ့သြလောက်အောင် လှူဒါန်းခြင်းဒါနသည်ကား မဟာဒါန မည်၏။ သီရိဓမ္မာသောကမင်းကြီး၏ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်အား ပူဇော်လှူဒါန်းပွဲကြီးသည် အလွန်တရာကြီးကျယ်သော မဟာဒါနကြီးပင် ဖြစ်၏၊ ထို့ကြောင့်ပင်-

“ဤ ဘုရားသာသနာတော်မှာ ပစ္စည်းအများအပြား လှူဒါန်းရာတွင် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာပင် အသင်မင်းကြီးနှင့်တူသော ပစ္စည်းလေးပါး ဒါယကာမရှိ၊ အသင်မင်းကြီး၏ အလှူဒါနသည်သာ အကြီးကျယ်ဆုံး ဖြစ်သည်” ဟု အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် မိန့်ကြားတော်မူခဲ့ပေသည်။

ဤ သီရိဓမ္မာသောကမင်းကြီး၏ အလှူမှာ ပစ္စည်းလှူသော ဒါယကာတို့တွင် အသာဆုံး အကြီးကျယ်ဆုံးဟု အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်
ဟောတော်မူအပ်သော်လည်း မည်သူနှင့်မျှ အရှုံးအနိုင် ယှဉ်ပြိုင်ရသည်မဟုတ်၊ မိမိအလိုအတိုင်း ပြုလုပ်ခြင်းသာဖြစ်၍ သဒိသ, အသဒိသ သဘောကို ထုတ်ဖော်ပြောဆိုရန် မလို။ ရှေး၌ ပြခဲ့ပြီးသော ပသေနဒီကောသလမင်းကြီး၏ အလှူမှာ ပြည်သူလူထုနှင့် ယှဉ်ပြိုင်တုပ ပြုလုပ်ကြသော အရာဖြစ်၍ အသဒိသဟူသော အမည်ကို ရရှိသည်ဟု မှတ်ယူအပ်၏။

ပြုလုပ်ရန် ခဲယဉ်းသည်လည်းမဟုတ်၊ ကြီးကျယ်များပြားလှသည်ဟု ပြောဆို
ဖွယ်ရာလည်း မရှိသောအလှူဟူသမျှသည် သာမညဒါနချည်းသာ ဖြစ်၏။

ထိုမှတပါးလည်း ဝိနယ ပရိဝါရပါဠိတော်နှင့် ထိုအဋ္ဌကထာ
(ဧကုတ္တရိကနယ အဖွင့်) တွင့်.....
(၁) သံဃာတော်အား လှူဒါန်းမည်ဟု နှုတ်မြွက်ညွှတ်ကိုင်းထားပြီးသော ပစ္စည်းကို ညွှတ်ကိုင်းရင်း သံဃာတော်အားသာ လှူဒါန်းခြင်း၊
(၂) စေတီတော်အား လှူဒါန်းမည်ဟု နှုတ်မြွက်ညွှတ်ကိုင်းထားပြီးသော ပစ္စည်းကို ညွှတ်ကိုင်းရင်း စေတီတော်အားသာ လှူဒါန်းခြင်း၊
(၃) ပုဂ္ဂိုလ်တပါးပါးအား လှူဒါန်းမည်ဟု နှုတ်မြွက်ညွှတ်ကိုင်းထားပြီးသော ပစ္စည်းကို ညွှတ်ကိုင်းရင်း ပုဂ္ဂိုလ်အားသာ လှူဒါန်းခြင်း-----

ဟူ၍ ဓမ္မိကဒါန သုံးပါးရှိကြောင်း ဟောပြဖွင့်ဆိုထားသည်။
(တရားသဖြင့် လှူဒါန်းအပ်သောဒါန၊ သို့မဟုတ် တရားနှင့် ညီညွတ်သင့်လျော်သော ဒါနဟု ဆိုလိုသည်။)

(ဤ ဓမ္မိကဒါနသုံးပါးအကြောင်းကို နောက်မှ အဓမ္မိကဒါန ကိုးပါးနှင့်တွဲစပ်၍ ပြဆိုမည်။)

သုံးပါးတွဲ ဒါနစု ပြီး၏။


Viewing all articles
Browse latest Browse all 9878

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


"ပါမောက္ခဦးဖေမောင်တင် ဟောကြားခဲ့သော ဗုဒ္ဓ ဓမ္မ"


ဘုရင်နောင်မှ ဟံသာဝတီကို အပြီးအပြတ်သိမ်းခြင်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သိကြားရှိခိုးခံ သူများ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


တာချီလိတ်မြို့ ဝှေလေလန်ကျေးရွာ၌ ဆေးဝါးအခမဲ့ ကုသပေးခြင်း နှင့်...


ရှမ်းပြည်နယ်အရှေ့ ပိုင်း ဖွံ့ ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ...


မင်းတုန်းမင်းလက်ထက် နန်းတွင်းဓလေ့


ဦးဇင်း ကျော်ဟိန်းနှင့် သူ့ဘ၀၊ သူ့အမြင်၊ သူ့လုပ်ဆောင်ချက်


စနေမင်း နှင့် တနင်္ဂနွေမင်း


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


ဘတ်စ်ကားပေါ်က ထောက်လှမ်းရေးများ || မိမိသန့် ||


Burmese to English Dictionary (Unicode)


သီတဂူဆရာတော်နှင့် အစ္စရေးဝန်ကြီးချုပ်တွေ့ဆုံ


တာချီလိတ်လူငယ်ပရဟိတဂေဟာသို့ ခရိုင်ပညာရေးကော်မတီမှ ထောက်ပံ့


ကျားဖြူပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တာချီလိတ်ခရိုင်အတွင်း (၁၀)ဦး...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဗျားတွေပြောတဲ့ စစ်ခွေး ၉/၁၁ မှာ အသက်ပေးသွားပြီ


ဗိုလ်ဇော်မျိုးထက်နှင့် တပ်မတော်သားအချို့ အကြမ်းဖက်သတ်ဖြတ်ခံရမှု ကေအိုင်အေထံ...

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>