ငါ့ဘ၀ကဘာလို့များ ပျော်ရွင်မှုတွေပျောက်ဆုံးနေရတာလဲ
မျှော်လင့်မှုတွေဟာ ငါ့အတွက်ဘာလို့ ထပ်ကာ ထပ်ကာပျက်သုံးနေရတာလဲ
ငါမတွေးတက်တော့ပါ
ပျော်ရွင်မှုဆိုတာဘယ်လို ခံစားမှုမျိုးလည်းဆိုတာကို
ဖော်ဆောင်ပေးမဲ့သူ ဆိုတာ ဘယ်မှာရှာရမှာလဲ
ဘယ်မှာရောက် နေတာလဲ
လမ်းများ ပျောက်နေရော့လား
တကယ်ပဲမရှိတာလား ဆိုတဲ့အတွေးတွေက
ငါ့ဦးနှောက်နဲ့အသိဥာဏ်တွေထဲမှာ ပြည့်နှက်နေတာ
ဘယ်သူ လာလို့ဖြေသိမ့်ပေးမယ်ဆိုတာ
လောကကြီးထဲရှာဖွေရသိပ်ခက်ပါတယ်
တစ်သက်စာမဟုတ်ရင်တောင် ခဏတာ ဖြစ်ဖြစ်
နွေးထွေးတဲ့ရင်ခွင်တစ်ခုက ထွေးပွေ့ပေးပါ
မင်းကိုဆုံးရှုံး လိုက်ရတဲ့ နှလုံးသားကတောင်းဆိုမှုနဲ့
ငါ့မျက်ရည်တွေကမရပ်တန်း ကျဆင်းနေတဲ့အခါ
မင်းရဲ့နွေးထွေးတဲ့ လက်တစ်စုံနဲ့ငါ့ပါးပြင်ပေါ်က မျက်ရည်တွေကို
တစက်မကျန်သန့်စင်ပေးပါလား
ရှေ့ဆက်မယ့်လမ်းမှာ မင်းမပါတော့ဘူးဆိုရင်
လမ်းတ၀က်နဲ့ လှည့်ပြန်လိုက်မယ်
ငါမက်မယ့် အိပ်မက်မှာမင်းမပါတော့ ဘူးဆိုရင်
အိပ်မက်ထဲ ကနေနိုးထလိုက်မယ်
ငါနားခို မယ့်အရပ်မှာ.မင်းရှိမနေဘူးဆိုရင်
ကျောခိုင်းထွက်သွား လိုက်မယ်
ကုန်ကုန်ပြောရရင်.ငါတွေးနေတဲ့စိတ်ကူးထဲ.မင်းအကြောင်းမပါတော့ဘူးဆိုရင်
ငါ့ကိုယ်ငါ အတွေးတွေကိုရပ်တန့်လိုက်မယ်
ဝေးကွာမှုကြောင့်မင်းရဲ့ ချစ်ခြင်း သွေးအေးစွာနဲ့ ပျက်ပြယ်ခဲ့ တာလား
ထားရစ်ခဲ့လို့ကျန်ခဲ့ရမယ်ဆိုရင်တောင်
ငါ့ရဲ့ငိုသံတွေကမင်းအတွက်နှုတ်ဆိတ်နေမှာပါ
မင်းကမ်းမယ့်လက်တစ်စုံက အခြားတစ်ယောက်အတွက်
ဖြစ်သွားခဲ့ရင်တော့လဲငါ့ရင်မှာ နာကျင်စွာ
ပြုံးနေမိမှာပါ ထာဝရအတွက်ပေါ့
↧
ထာဝရအတွက်ပေါ့
↧
_Battalion-Royal_Canadian_Regiment_of_Infantry.jpg)










