တခါက သူဋ္ဌေးဖြစ်နည်းစာအုပ်မျိုးပေါင်း (၁၀၀)ကျော်ကိုရေးသည့် စာရေးဆရာ တစ်ယောက်ရှိလေသည်။
တနေ့သောအခါ သူ့စာဖတ်ပရိတ်သတ်တစ်ဦးက ခွက်ကလေးတစ်လုံးနှင့် လမ်းဘေးတွင် တောင်းစားနေသော
ထိုစာရေးဆရာအား တွေ့ လိုက်လေသည်။ သူက တအံ့တသြ ဖြင့်ထိုစာရေးဆရာအား မေးမြန်းရာ . . .
ဆရာ ဆရာကိုယ်တိုင် သူဋ္ဌေးဖြစ်နည်းစာအုပ်ကိုရေးသားပြီး ဘာဖြစ်လို့ ဆရာကိုယ်တိုင်
ဒီလိုခွက်လေးတစ်လုံးနဲ့ သူတောင်းစားလို လုပ်နေရလဲဆရာ . . .အေး
ငါရေးတဲ့သူဋ္ဌေးဖြစ်နည်း ပေါင်းတစ်ရာကျော်မှာ ဒီတောင်းစားတဲ့ နည်းကအလွယ်ကူဆုံးလေကွာဆိုပြီးပြော လိုက်သတဲ့...
ပြောချင်တာ ယနေ့ ဒို့နိုင်ငံမှာ ကိုယ့်ကိုယ်ကို အားကိုးပြီး အလုပ်လုပ်ချင်တဲ့လူတွေ သိပ်နည်းနေပြီ သူများပေးတဲ့ အကူအညီစောင့်မျှော်နေတာတို့၊ ကိုယ်ကိုယ်တိုင်မသိမမြင်ရတဲ့ အရာကို သိတယောင်ယောင် ဟန်ဆောင်ပြီး လူတွေကို လိမ်နေတဲ့လူတန်းစားတွေကို အကြွင်းမဲ့ယုံကြည်တာတို့၊ လက်တွေ့မကျတဲ့ စိတ်ကူးအတွေးတွေဟာ(ထီချဲလောင်းကစားကံစမ်းမဲ)စသည်တွေဟာ သူတောင်းစား ဖြစ်ဖို့ အလားအလာ တွေဘဲ. . .ဒါတွေကို ဒို့လူငယ်တွေ စိစစ်ဝေဖန် ပိုင်းခြားပြီး Learning ချည်းချည်းသက်သက်မဟုတ်ဘဲ Education ပြုလုပ်နိုင်မှ ဖြစ်မယ်နော
We learn dog and we educate man. ယခု လိုပညာခေတ်ကြီးမှာ Educate လုပ်နိုင်မှ ဒို့နောက်မကျမှာ . . . အခုတော့သူများဘာပြောပြော ဟုတ်ကဲ့ ဟုတ်ကဲ့ လို့ဘဲလွယ်လွယ်နဲ့ခေါင်းငြိမ့်နေကြတော့ . . . လွယ်လွယ်နဲ့ ခေါင်းငြိမ့် တဲ့လူဟာ ကြာလာရင် ကိုယ့်အခန်း ကဏ္ဍပျောက်သွားမယ် လို့ လူငယ်တွေကို အသိပေးလိုက်ပါရစေ.. .